Life-4.13 : Meow

828 91 3
                                    

《Zawgyi》

"တာ့ရှစ်ရှုန်း!!!"

"အွန်း..ရှစ်တိ မင်းကိုယ့်ကို သတိမရဘူးလား"

'အိမ်း... ဇာတ်လိုက်ကို သတိမရဘူးပြောရင် ငါဒီနေရာမှာတင် ဂန့်သွားလောက်မယ်ထင်တယ်..ဟုတ်လောက်တယ်'

"ဒါပေါ့ သတိရတာပေါ့ ရှစ်ရှုန်းရ"

အန်းဟယ် ဝမ်းသာအားရဖြင့် ပိုင်ချင်းကို ရင်ခွက်ထဲဆွဲဖက်ကာ ပြောလာလေသည်။


"ကိုယ်သိတယ်..ရှောင်ပိုင်က ကိုယ့်ကို မေ့ပစ်မှာ မဟုတ်ဘူးဆိုတာ ကိုယ်သိနေတယ်"

'အန် နဲနဲတော့ တစ်နေရာရာမှာ လွဲနေသလိုဘဲနော်?'

"စိတ်မပူပါနဲ့ ကိုယ်မင်းကို ဟိုဂိုဏ်းချုပ်အဖိုးကြီး မတရားအတင်းလက်ထပ်ဖို့ လုပ်တာကနေ ကယ်ထုတ်ပေးမယ်"

"!!!"

'အများကြီးလွဲနေပြီနော်!!! ငါ့ဘာသာငါ ငါ့ချစ်သူနဲ့ လက်ထပ်မလို့လေ!!! ဘာကို မတရားတာတုန်း!!!'

"ခွင့်ပြုပါ ရှစ်တိ"

"မဟုတ်ဘူးလေ..."

ပိုင်ချင်းခမျာ ပြန်တောင်မရှင်းပြရသေးခင် လက်စောင်းခုတ်၍ သတိလစ်အောင် အလုပ်ခံလိုက်ရရှာသည်။


&&&&&&&&

ထို့နေ့တွင်ဘဲ ရှန်းဟော်ဂိုဏ်းကို မိစ္ဆာတွေ အမြောက်အများဝင်စီးခံရကာ ဂိုဏ်းသား အတော်များများ ဆုံးရှုံးလိုက်ရလေသည်။ ပို၍ထူးဆန်းသည်က ပူပူနွေးနွေးလက်ထက်ပြီးခါစ ဂိုဏ်းချုပ်ကတော်ပါ ပျောက်ဆုံးသွားခြင်းဖြစ်သည်။ ယူဆရသည်ကတော့ မိစ္ဆာများ ပြန်ပေးဆွဲသွားခြင်းဟု ယူဆရသည်။ ထိုနေ့တွင် ဂိုဏ်းချုပ်တစ်ယောက် ဒေါသအလွန်ထွက်လာသဖြင့် ပတ်ဝန်းကျင်တစ်ခွင် အပူချိန်များကျဆင်းသွားပြီး နှင်းများပင်ကျလာကာ ခြေနင်းကြမ်းပြားများ အကုန် အေးခဲအက်ကွဲကုန်လေသည်။


ဂိုဏ်းချုပ်ကတော်၏ ဆရာဖြစ်သူ ကျူလင်ကလည်း ရှားပါးအဆင့်မြင့် နတ်ဘုရားအဆင့် စွမ်းအင်မြှင့်ဆေးလုံးအလုံး၁၀၀ကို မိမိတပည့်အား ပြန်ရှာပေးနိုင်သူ မည်သူကိုမဆို ချီးမြှင့်မည်ဟု ကြေငြာလေသည်။ ဤမက်လောက်ဖွယ်ကမ်းလှမ်းချက်ကြောင့် သိုင်းလောကသားကျင့်ကြံသူအများအပြားက လောကတစ်ခွင် မြေလှန်ရှာကြကာ လူအများပါးစပ်ထဲ အပြောအများဆုံး သီတင်းတစ်ပုဒ် ဖြစ်လာတော့သည်။


Mischievous Girl In A Roleplaying Game(Own Creation)Où les histoires vivent. Découvrez maintenant