《Zawgyi》
ကျိုးယွမ်...ချန်မင်အိုက် အပေါ်ထားသော သူရဲ့ ခံစားချက်ကို ပြန်စဉ်းစားနေမိလေသည်။ကျန်တပည့် အားလုံးက ၄/၅နှစ် အရွယ် ကလေးဘဝထဲက သူ့ဆီမှာ ပညာသင်လာချင်း ဖြစ်သည်။ပိုင်ဟွားကို သူမိုးထဲမှာအနှီးထုပ်အရွယ် ၁ယောက်ထဲ စွန့်ပစ်ခံထားရတာတွေ့လို့ ခေါ်လာခြင်း ဖြစ်ပြီး...မင်ရှုက သူ့ဆရာတူအကိုရဲ့တပည့် လက်ရှိ ထျန်းခုန်းဂိုဏ်းချုပ်ရဲ့ သမီး ဖြစ်သဖြင့် လက်ခံခဲ့ခြင်းဖြစ်သည်။ကျင်းယွီကတော့..သူ့ရဲ့ ဆရာတူအမရဲ့ သားဖြစ်ပြီး သူမ မသေချင် သူ့ထံ အပ်နှံသွားခြင်း ဖြစ်သည်။
ချန်မင်အိုက် တစ်ယောက်တည်းသာ ၁၅နှစ်အရွယ်မှ ဂိုဏ်း၏ နယ်လှည့် လူရွေးပွဲမှနေ ရောက်လာခြင်းဖြစ်သည်။အစက ဂိုဏ်းချုပ်ရဲ့ တပည့်ဖြစ်ရန် ဖြစ်သော်လည်း...သူမလေးက လူရွေးပွဲလာကြည့်သောမိမိ ဝတ်ရုံစကို အတင်းဆွဲကာ...
"အမတကိုကို...မင်အိုက်ကို သိုင်းသင်ပေးပါ"
ဆိုပြီး...တတွတ်တွတ်ပြောနေသော...သူမလေးကို မလွန်ဆန်နိုင်ခဲ့ပါ။သို့နှင့် တပည့် လက်မခံတော့ဘူး စဉ်းစားထားရာမှ သူမလေးကို လက်ခံဖြစ်ခဲ့လေသည်။
ကျိုးယွမ် အတွေးလွန်နေစဉ်..မင်အိုက်နိုးလာလေသည်။
"မင်းနိုးပြီလား...အဲ့တာဆို ငါမင်းအတွက် အမူးပြေဆေး သွားကြိုလိုက်ဦးမယ်"
¥¥¥¥¥¥¥¥¥¥¥
Luna ကြောင်တောင်တောင်လေး နိုးလာပြီးတော့ ပတ်ဝန်းကျင်ကို လေ့လာလိုက်သည်။ထို့နောက် system ကို ခေါ်လိုက်သည်။
<System?>
<ဟွန့်>
<အယ်..ဘာဖြစ်တာလဲ>
<သူဘဲ ဆေးခပ်ခိုင်းတယ်...စွတ်ပြုတ်အိုးထဲ ခပ်လိုက်ကြောင်း တောင် မပြောရသေးဘဲ အစားသွားငမ်းတာ..ဟွန့်...ပိန်းဥတွေနဲ့ စကားကို မပြောချင်တာ>
သူမပြောဆိုရင်း line out သွားတဲ့ systemကြောင့် ဆွံ့အနေရင်းနဲ့သာ ငုတ်တုတ်ထိုင်နေလေသည်။
'မနေ့က နစ်နာသူက ငါပါဟ'
Luna သေချာပြန်ပြီး ညက ပြုလုပ်ခဲ့သည်များကို တွေးမိသောအခါ မျက်နှာပူလာတော့သည်။ အဲ့တာကြောင့်မို့လို့ ရူးချင်ယောင်ဆောင်ရန်သာ သူမဆုံးဖြတ်လိုက်တော့သည်။
YOU ARE READING
Mischievous Girl In A Roleplaying Game(Own Creation)
Fantasyအမြဲတိုင်း transmigration story တွေကို ကြိုက်တတ်တဲ့ စိတ်ကူးယဉ်ဆန်တဲ့ မိန်းကလေး တစ်ယောက် roleplay system တစ်ခုနဲ့ ချိတ်ဆက်မိသွားတဲ့ အခါ.... ဒီ story ကတော့ ရသစုံမှာပါ Yaoi ရော Yuri ရော Straight ရော အကုန်ပါမှာပါ...ဖတ်ကြည့်ပေးကြပါဦး Cover design by @...