Life-3.3 : Sweet But Psycho

2.6K 335 26
                                    

《Zawgyi》

Luna ပြန်လှည့်သွားဖို့ ပြင်လိုက်စဉ်မှာဘဲ Hyacinth ရောက်ရာလေသည်။ သူမက ဟင်းချိုပူပူ ထည့်ထားတဲ့ ပန်းကန်လုံးလေး၂လုံးကို လင်ဗန်းနဲ့ ကိုင်လာလေသည်။ သူမ lunaကိုလည်းတွေ့ရော.....

"မမ Irithiel!!!"

သူမအသည်းအသန်ပြေးလာလေသည်။ အမြန်ပြေးလာသဖြင့် သူမခလုတ်တိုက်ကာ လဲမလို ဖြစ်သွားလေသည်။ လဲမသွားသော်လည်း ဟင်းချို အချို့တော့ ဖိတ်သွားသည်။ ဘယ်သူမှ မတွေ့လိုက်ပေမဲ့ lunaကတော့ သူမလက်တစ်ဖက်က မသိမသာလေး ပန်းကန်လုံးကို luna ဘက်စောင်းလိုက်သည်ကို တွေ့လိုက်သည်။ နဂို Irithielဆို ရှောင်လိုက်လောက်ပေမဲ့ lunaကတော့ တမင်အပူခံလိုက်သည်။

"မမ Irithiel...Hyacinth တောင်းပန်ပါတယ်...ကျွန်မတကယ်မရည်ရွယ်ပါဘူး...မမပူကုန်ပြီ ဘယ်လို လုပ်မလဲ"

Hyacinth ပြောရင်းနဲ့ မျက်ရည်များပင် ဝဲလာလေသည်။ သို့သော်လည်း ကြာပန်းဖြူယောင်ဆောင်ရတာနှစ်သက်တဲ့ luna ကတော့ ဒါဟာအိုက်တင်ထုတ်နေမှန်း မြွေမြွေချင်းခြေမြင်လေသည်။ အခြား ကြာပန်းဖြူများနှင့် luna မတူတာက အခြားသူများက တစ်ပါးသူကို အကောက်ကြံဖို့ နူးညံ့ဟန်ဆောင်ခြင်း ဖြစ်သည်...luna ကတော့ ရန်သူတွေ ပြိုင်ဖက်တွေ မိမိကို လျော့တွက်မိစေရန် အားကြီးသူတွေရဲ့ အကာကွယ်ရရန် အားနည်းငည့် ကြာပန်းဖြူယောင်ဆောင်ခြင်းဖြစ်သည်။

'နင်က သိပ်ချစ်ကြတဲ့ ညီအမ ဇာတ်လမ်းခင်းနေမှတော့လည်း ငါလေးက အတူ ဇာတ်လိုက်ကပေးရတာပေါ့'

"Lady Hyacinth...ဘာဖြစ်သွားသေးလဲ...my lady...ကျွန်မအပြစ်ပါ ladyကို ကောင်းကောင်း မကာကွယ်နိုင်လို့...လာကြစမ်း ဆေးယူခဲ့...ladyကို ဆေးထည့်ပေးရအောင်"

Luna သူမ မျက်နှာကို စိတ်မကောင်းတဲ့ အသွင် အပြစ်ရှိတယ်လို့ ခံစားနေရတယ့် အသွင်ကို ဖန်တီးထားလိုက်သည်။ထိုစဉ် Hatheral နဲ့ Estelar အခန်းထဲမှ ထွက်လာလေသည်။Luna ဘဲ စိတ်ထင်နေတာလား မသိ...သူမလက်မှ အပူလောင်ရာကို တွေ့သောအခါ Estelar မျက်ဝန်းထဲတွင် လူသတ်ရိပ်များဖြတ်ပြေးသွားသည်ဟု တွေးမိသည်။

'သူကရော rebirthများလား'

"ဘာတွေဖြစ်နေတာလဲ"

Mischievous Girl In A Roleplaying Game(Own Creation)Where stories live. Discover now