《Zawgyi》
"ရှစ်..ရှစ်စွမ်း..ဟိုလေ ကျွန်တော် ရှစ်စွမ်းကို တစ်ခါမှ တောက်အဖော်အဖြစ်မစဉ်းစားဖူးဘူး...ရှစ်စွမ်းက ကျွန်တော့်အတွက်တော့ တစ်ဦးတည်းသောမိသားစုဝင်ပါ ကျွန်တော့်ဆရာလည်းဖြစ်သလို ကျွန်တော့မိတ်ဆွေကောင်းလည်းဖြစ်တယ်..ဒါပေမဲ့ တောက်အဖော်အနေနဲ့ကတော့ ကျွန်တော့်မှ ရွေးချယ်ထားတဲ့သူ ရှိနှင့်ပြီးနေပြီ"
"အန်းဟယ်တော့ မဟုတ်ဘူးမလား"
"အာ..သူတော့မဟုတ်ပါဘူး"
"ဒါဖြင့် ဘယ်သူလဲဆိုတာ ဒီဆရာသိခွင့်ရှိမလား?"
"ရတာပေါ့ ရှစ်စွမ်းကလည်း..အဟမ်း ကျွန်တော် သူ့ကိုအဖြေတော့ ပြန်မပေးရသေးဘူး..ရှစ်စွမ်းကို ကျွန်တော်အဖေလို သဘောထားလို့ပြောပြတာနော်"
"ရှောင်ပိုင် ငါ့ကို ဒီလိုမျိုးယုံကြည်ပေးလို့ ဒီဆရာပျော်မိပါတယ်"
"အဟမ်း..သူကလေ ကျွန်တော်တို့ရဲ့ ဂိုဏ်းချုပ်စုန့်ဝူရှင်း"
"အဟွတ်!"
ကျူလင်တစ်ယောက် သောက်နေတဲ့ ရေနွေးကြမ်းသီးသွားလေသည်။
"ရှောင်ပိုင်!!! မင်းဘယ်သူ့ကိုဘဲ ရွေးရွေးဆရာမတားပါဘူး ဒါပေမဲ့ ငါတို့ရဲ့ ဂိုဏ်းချုပ်က အပြင်ပိုင်းမှာသာ ဖော်ရွေတာ သူ့အတွင်းစိတ်က အေးစက်လွန်းတယ်..ရှောင်ပိုင် မင်းသူ့ကို တစ်ဖက်သတ်ချစ်မိရင် မင်းဘဲ နာကျင်ရလိမ့်မယ်"
"အာ..တစ်ဖက်သတ်မဟုတ်ပါဘူး ရှစ်စွမ်းရ..သူလည်း ဒီနေ့ဘဲ ကျွန်တော့်ကို လက်ထပ်ခွင့်တောင်းထားတာ"
"ဂိုဏ်းချုပ်အကိုကြီးက မင်းကိုလက်ထပ်ခွင့်တောင်းတယ်တဲ့လား..ကောင်းပါပြီ မင်းပျော်နေသ၍ ရှစ်စွမ်းကျေနပ်ပါတယ်..ဒီနေ့ ရှစ်စွမ်းပြောခဲ့တာတွေကို စိတ်ထဲမထားပါနဲ့..ရှစ်စွမ်းတို့ အရင်လိုဘဲ ဆက်နေကြရအောင်"
"ဟုတ်ကဲ့ ရှစ်စွမ်း..စိတ်ချပါ ရှစ်စွမ်းက ကျွန်တော့်အတွက်တော့ ကမ္ဘာ့အကောင်းဆုံးဆရာပါ"
"အင်း သွားနားတော့"
ကျူလင် ပိုင်ချင်းကို ခေါင်းလေး ပုတ်ပေးပြီးပြောလိုက်သည်။
ESTÁS LEYENDO
Mischievous Girl In A Roleplaying Game(Own Creation)
Fantasíaအမြဲတိုင်း transmigration story တွေကို ကြိုက်တတ်တဲ့ စိတ်ကူးယဉ်ဆန်တဲ့ မိန်းကလေး တစ်ယောက် roleplay system တစ်ခုနဲ့ ချိတ်ဆက်မိသွားတဲ့ အခါ.... ဒီ story ကတော့ ရသစုံမှာပါ Yaoi ရော Yuri ရော Straight ရော အကုန်ပါမှာပါ...ဖတ်ကြည့်ပေးကြပါဦး Cover design by @...