Life-4.8 : Meow

1.7K 260 14
                                    

《Zawgyi》



ပိုင်ချင်း ခေါင်းမူးလာသလိုခံစားရကာ အလွန်ပူလောင်လာပြီး ရီဝေဝေဖြစ်လာလေသည်။ နောက်ဖက်မှ အကြည့်စူးစူးကို ခံစားလိုက်ရသဖြင့် လှည့်ကြည့်လိုက်အာ မတ်တပ်ရပ်ကာ သူ့အားစိုက်ကြည့်နေသော အန်းဟယ်ကို တွေ့လိုက်သည်။ မိစ္ဆာသွေးနိုးထလာပြီဖြစ်သေကြောင့် ရဲရဲနီနေသောမျက်ဝန်းများက ရီဝေကာ သူ့အားစိုက်ကြည့်နေလေသည်။

"ရှစ်ရှုန်း..ဘာဖြစ်လို့လဲ...နေမကောင်း...အာ့"

ပိုင်ချင်း စကားပင် ဆုံးအောင်မပြောလိုက်ရဘဲ မြေပြင်ပေါ်သို့ တွန်းလှဲခံလိုက်ရလေသည်။

'ကယ်ကြပါဦး...ဇာတ်လိုက်ရူးသွားပြီထင်တယ်..ငါလေးက သူ့ပြိုင်ဘက်ဗီလိန်လေ...အဲ့တာကို သူက ဘာလုပ်မလို့လဲ...ဝေ့...ငါက နင့်လင်မဟုတ်ဘူးနော်'

အန်းဟယ် ပိုင်ချင်းအပေါ်တက်ဖိကာ လက်နှစ်ဖက်ကို မြေပြင်ပေါ်တွင် ဖိကပ်၍ချုပ်ထားလေသည်။ ကျန်လက်တစ်ဖက်နှင့် ပိုင်ချင်း၏ ခါးစည်းကြိုးကို ဆွဲဖြည်လိုက်သည်။ ထို့နောက် အင်္ကျီကိုပါ ဆွဲချွတ်ရန်ကြိုးစားရာ...ကြိုးများဖြင့် ဖြည်ရခက်နေသဖြင့် ဆွဲဖြဲလိုက်လေသည်။ ပိုင်ချင်း၏ နို့နှစ်ရောင်ပခုံးသားလေးပေါ်လာကာ အန်းဟယ်က စိတ်ကျေနပ်သည့်အသွင်ဖြင့် ပိုပြီးသွက်လက်လာလေသည်။ ပိုင်ချင်းခမျာ မော့ယောင်နှင့်ရော မြေခွေးမိစ္ဆာနှင့်ပါ တိုက်ထားရသဖြင့် ယခုမှ မိစ္ဆာသွေးနိုးထကာ စွမ်းအားပြည့်နေသော အန်းဟယ်ကို မခုခံနိုင်တော့ပေ။

'ကယ်ကြပါ...ဇာတ်လိုက်ရဲ့ အစားခံရပါတော့မယ်!'

နှစ်ယောက်သား ဝင်သက်ထွက်သက်တို့ ရိုက်ခတ်နေပြီး နှုတ်ခမ်းသား၂စုံ ထိတွေ့လုဆဲဆဲတွင် ခရမ်းရောင် ပုံရိပ်တစ်ခုပေါ်လာပြီး အပေါ်မှတက်ဖိထားသော အန်းဟယ်ကို ကန်ထုတ်လိုက်သည်။ ပိုင်ချင်းတစ်ယောက်လည်း ထိုခရမ်းရောင်အရိပ်လေးကို မြင်လိုက်သည့်အခါမှ မသိစိတ်က စိတ်အေးသွားကာ အသိလွတ်ပြီး မေ့မြောသွားလေသည်။

စုန့်ဝူရှင်းတို့ အကြီးအကဲတစ်စု သစ်တောအပြင်ဘက်မှစောင့်နေစဉ် မော့ချီဓာတ်ကို ခံစားမိလိုက်သဖြင့် တပည့်များကို ကာကွယ်ရန် တောတွင်းသို့ ဝင်လာကြခြင်း ဖြစ်သည်။ စုန့်ဝူရှင်း သူရင်းနှီးနေတဲ့ အမွှေးနံ့လေးကို ခြေရာခံရင်း တောအနက်ဆုံးပိုင်းသို့ရောက်သော အရာ မြင်လိုက်ရသော ပုံရိပ်ကြောင့် ဒေါသထောင်း ခနဲထွက်သွားလေသည်။ ထို့ကြောင့် အန်းဟယ်ကို ကန်ထုတ်ကာ သူ့ရဲ့ ဓားကို ထုတ်လိုက်လေသည်။

Mischievous Girl In A Roleplaying Game(Own Creation)Where stories live. Discover now