Life-2.9 : Young Daoist

3K 400 12
                                    

《Zawgyi》

Lunaနိုးလာတော့ ကျိုးယွမ်ရင်ခွင်ထဲရောက်နေလေသည်။တမျိုးတော့ မထင်ပါနှင့် သူမတို့က တကယ့်ကို ရိုးရိုးသားသားလေးဖြစ်သည်။အထူးသဖြင့် ကျိုးယွမ်က တကယ့်ကို စိတ်ထားမွန်မြတ်ပြီး တကယ့်ကို ဖြူစင်ရိုးသားလွန်းသည့် နတ်ဘုရားအလောင်းအလျာလေးဖြစ်လေသည်။luna ဘက်က ဘယ်လောက်မြူစွမ်တိုက်တိုက် သူ့ရဲ့သမာဓိသိက္ခာက အရေမပျော်နိုင်သော ရေခဲတုန်း ကဲ့သိုပင်ဖြစ်သည်။

ညက luna မလေးက ချမ်းတယ်လို့ ဆိုပြီး ကျိုးယွမ်ရဲ့ အိပ်ရာပေါ် အတင်းတက်ကာ...ရင်ခွင်ထဲ အတင်းတိုးဝင်ပြီး...မလွှတ်တမ်းဖတ်ထားတာတောင်မှ..ဘာဆို..ဘာမှမဖြစ်ခဲ့...

'ဟွန့်...ဒီလောက်ထိုးကျွေးနေတာတောင်မှ စားရကောင်းမှန်း မသိတဲ့လူကြီး'

[A/N : ယူတော်တော်ယွ]

သူမ နေရတာ နွေးနွေးလေးနဲ့ ဇိမ်ရှိတာမို့ ပြန်ပြီး အိပ်ချင်ယောင်ဆောင်လိုက်ပေမဲ့...အနှီလူကြီးက မြင်ဖြစ်အောင် မြင်လိုက်လေသည်။

"ရှောင်ချန်...နိုးရင်ထတော့..မိုးလင်းတာကြာပြီ"

"ဆရာ~အိပ်ရေး မဝသေးဘူး"

"လန်းဆန်းသွားအောင် ရေချိုးလိုက်...သွား"

"ချမ်းတယ်"

"ဆရာ ရေနွေးကျိုပေးမယ်"

"ရေတူတူ ချိုးပေးပါလား"

ကျိုးယွမ် ဘာမှမပြောဘဲ ထသွားလေသည်။

'ဟွန့် ကပ်စေးကုပ်ကြီး..ရေလေးတောင် တူတူ မချိုးပေးဘူး'

ထို့နောက်...

"ရှောင်ချန်...ဂျီကျမနေနဲ့...ရေသွားချိုး...ဆရာ မနက်စာ ပြင်လိုက်မယ်"

Luna ဆူပုတ်ပုတ်နှင့် ရေသွားချိုးလိုက်သည်။ရေချိုးခန်းထဲရောက်တော့....

သစ်သားဇလုံထဲမှာ ရေနွေးပူပူလေးထည့်ထားပြီး နှင်းဆီပွင့်ဖတ်နီလေးများ ချွေပြီးကျဲထားလေသည်။ ရေနွေးငွေ့လေးကပင် နှင်းဆီရနံ့ သင်းနေလေသည်။luna ရေအေးသွားသည်အထိ တပျော်ကြီး စိမ်ချိုးလိုက်သည်။

Mischievous Girl In A Roleplaying Game(Own Creation)Where stories live. Discover now