Life-1.5 : Try to be an Empress

4.3K 559 18
                                    

《Zawgyi》

Luna တစ်ယောက် ဧကရီနှင့် ရန်ဖက် မဖြစ်ချင်တာကြောင့် ငြိမ်ခံနေဖို့ စဉ်းစားထားပေမဲ့ အခြေအနေက မျက်နှာသာ မပေးခဲ့ပေ။

အားရုံ မမလေးက ငြိမ်နေတာမို့ မနေနိုင်ဘဲ အရဲစွန့်ပြီး ပြန်ပြောလိုက်တော့သည်။

"ဧကရီကြီး...ကျွန်မတို့ မယ်မယ်မှာ ဘာအပြစ်ရှိလို့လဲ"

"ရိုင်းစိုင်းလိုက်တာ မင်းလို အစေခံကများ...လာကြစမ်း သူမကို မသေမချင်း ရိုက်ကြစမ်း"

Lunaလို မိမိဖက်က လူများကို(မိမိ ဘက်တော်သားများ)ကို ကာကွယ်ပေးတတ်သူအနေနဲ့ ရပ်ကြည့်မနေနိုင်တော့....

"ခဏနေပါဦး...ဧကရီ...ရှင်ဒီကြင်ယာတော်ကို အစထဲက သဘောမကျမှန်းသိပါတယ်...ရှင်မှာ အနောက်နန်းဆောင်ကို အပြစ်ပေးပိုင်ခွင့်ရှိတာမှန်တယ်...ဒါပေမဲ့ ဒီကြင်ယာတော်က အပြစ်ပေးခံရအောင် ဘာပြစ်မှုများ ကျူးလွန်မိပါလိမ့်"

"ကြင်ယာတော်...ကိုယ်လုပ်တော်တိုင်းက မနက်တိုင်း ဧကရီမိဖုရားကြီးကို ဂါဝရလာပြုရတယ်...မင်းက ဒီမနက်...ဂါဝရလာပြုခြင်းမရှိဘူး...ဒါဟာ ငါမိဖုရားကြီးကို အာခံတာမဟုတ်ဘူးလား...နန်းတွင်းစည်းကမ်းအရ မင်းကို အပြစ်ပေးသင့်တယ်"

"ဒီကြင်ယာတော်က မနေ့ ညနေကမှ နန်းတွင်းစဝင်တာပါ နန်းတွင်းစည်းကမ်းတွေကို ဘယ်သိပါ့မလဲ"

"အာ့တာကတော့ မင်းကို သတိမပေးတဲ့ မင်းရဲ့ အစေခံကိုဘဲ အပြစ်တင်သင့်တယ်"

"ဧကရီရှင့်....ဒီကြင်ယာတော်ရဲ့ အပါးတော်မြဲ အားရုံက မနေ့ကမှ ကျွန်မနဲ့ အတူ နန်းတွင်းဝင်တာပါ...သူမလည်း စည်းကမ်းတွေကို သိနိုင်ပါ့မလား...ဒါပေမဲ့ ထူးဆန်းတာက...ကွေ့ဖေးနန်းဆောင်က အခြားအပျိုတော်တွေနဲ့ အစေခံတွေကရော နန်းတွင်းထဲမှာ အရင်ထဲက ရှိနေကြပြီး ဘာကြောင့်များ ကျွန်မကို သတိမပေးတာပါလိမ့်...မဟုတ်မှလွဲရော...တယောက်ယောက်ကများ မပြောဖို့ မှာထားလို့လား...."

"မင်း လျှောက်မပြောနဲ့ ငါလို ဧကရီက မင်းလို မိန်းကလေးကို ဒုက္ခပေးဖို့ အစေခံတွေကို မှာစရာလား"

Mischievous Girl In A Roleplaying Game(Own Creation)Where stories live. Discover now