Life-4.4 : Meow

2.2K 327 45
                                    

《Zawgyi》

ထိုနေ့မှစ၍ ပိုင်ချင်းအား ကျူလင် ချုံးလင်တောင် အပြင်ထွက်ခွင့်မပြုတော့..ပိုင်ချင်းကိုယ်တိုင်လည်း ထို ရုပ်ချောချော နှာဘူးကြီးအား ကြောက်သဖြင့် ကျူလင်ရဲ့ အခန်းပြင်တောင် မထွက်ဖြစ်။ ဤသို့နှင့် ၆လခန့်ကြာသော် ကျူလင်တစ်ယောက် ပိုင်ချင်းအတွက် အသွင်ပြောင်းဆေးဖော်ရန် လိုအပ်သော ရှားပါးဆေးပင်များရှာရန် အပြင်ထွက်ဖို့ ဖြစ်လာတော့သည်။ ကျူလင် သူ့အား စိတ်မချစွာဖြင့် တတွတ်တွတ်မှာနေလေသည်။

"ကလေး..ကစားမက်ပြီး အစားမစားဘဲ မနေနဲ့နော် အချိန်မှန်မှန်စား"

"မြောင်"

"ရေလည်း အခြားတပည့်လေးတွေ ချိုးပေးရင် ငြိမ်ငြိမ်နေပေးနော် လိမ္မာတယ်"

"မြောင့်"

"အပြင်လည်း သိပ်မထွက်နဲ့ဦး...ပြီးတော့ ဂိုဏ်းချုပ်အဆောင်ဘက် မသွားနဲ့"

"မြောင်း"

"ဆရာ ဒီတစ်ခါ ဆေးပင်ရှာတာ ၁လလောက်တော့ ကြာလိမ့်မယ်...ဒီအတောအတွင်း မင်းကို အန်းဟယ်က စောင့်ရှောက်လိမ့်မယ်"


'WTH...မရဘူးလေး..ဖီဖီ..ကျနော် ဇာတ်လိုက် samaနဲ့ အတူမနေနိုင်ဘူး...အူးဝါး'

"ဝူး...ဝူးး"

သူ့လက်ကို ဖက်ကာ မျက်လုံးရွဲကြီးတွေနဲ့ ငိုလုမတတ်ကြည့်နေတဲ့ ပိုင်ချင်းကို ကျူလင်သနားပေမယ့် ဆေးပင်ရှာတဲ့ ခရီးက ကြမ်းတမ်းတာမို့ ခေါင်းလေးပုတ်ကာ "လိမ္မာတယ်" လို့ဘဲ ပြောပြီး ထားခဲ့ရသည်။

&&&&&&&&&&&

ပိုင်ချင်း စိတ်ပူနေတဲ့ ဇာတ်လိုက် samaကတော့ ညနေထိအောင် မပေါ်လာပါ...ပိုင်ချင်း အနှီလူ မရောက်လာ၍ ပျော်နေချိန်မှ ထိုသူက ပေါ်လာလေသည်။

"သွေ့ပုချီ..ကျားပေါက်..ငါအလုပ်ရှုပ်နေလို့ မနက်က မရောက်လာဖြစ်ဘူး"

"ဟွန့်"

'တစ်တသက်လုံး မပေါ်လာလဲ အေးတယ်'

"လာ ရှစ်စွမ်း မှာထားတဲ့အတိုင်း မင်းကိုရေချိုးပေးမယ်"

Mischievous Girl In A Roleplaying Game(Own Creation)Where stories live. Discover now