《Zawgyi》
Luna တဖြစ်လည်း ရှန်ယွဲ့တစ်ယောက် စိတ်လေလေနှင့် ကုတင်ပေါ်မှ ထလိုက်သည်။OOC mode မပွင့်မချင်း ရှန်ယွဲ့ကဲ့သို့ စပ်စလူးခါရမယ် ဖြစ်သောကြောင့် အခန်းထဲချည်းအောင်းနေလို့ မဖြစ်သေး အာ့တာကြောင့် ထလာလိုက်သည်။
ပြီးတော့ မှန် တနည်းအားဖြင့် ရှေးခေတ်အခေါ် ကြေးမုံ နားသွားပြီး ကိုယ့်ပုံကိုယ် လေ့လာကြည့်မိသည်။ရုပ်ရည်က အရင်ဘဝက မျက်နှာနဲ့ 85%လောက်တော့တူတယ်။ဒါပေမဲ့ ဒီမျက်နှာက ပိုချောသလိုလို...အရင်ဘဝက မျက်နှာကို မိတ်ကပ်လိမ်းခြယ်ထားသလိုမျိုး ဒါပေမဲ့ ဒီမျက်နှာလေးက သဘာဝအတိုင်းလှနေတာဖြစ်သည်။ခန္ဓာကိုယ်အချိုးအစားက sexy ဆန်ဆန်အကိတ်ကြီးမဟုတ်သလို လေယာဉ်ကွင်းလည်းမဟုတ် သူ့ဘာသာသူ ရှိသင့် သလောက်တော့ရှိသည်။
ခြုံပြောရရင်တော့ လုံးဝ ကြာပန်းဖြူပုံစံလေးဖြစ်သည်။ဒါပေမဲ့ အခြားကြာပန်းဖြူတွေလို သနားစရာ ကလေးရုပ်မျိုးမဟုတ်ဘဲ နူးညံသိမ်မွေ့တဲ့ မိန်းမလှရုပ်မျိုးလေးဖြစ်သည်။
Luna မှတ်ချက်ချလိုက်သည် 'ရုပ်ကလေးကတော့ မဆိုးပါဘူး'
ပြီးနောက်မှာတော့ အတွင်းဝတ်ရုံလေးနဲ့ နေတာ မသင့်တော်တာမို့ ဘီဒို ဆီသွားပြီး ဖွင့်ကြည့်လိုက်ရာ Luna တစ်ယောက် အတော်လေး စိတ်လေသွားသည်။
အဘယ့်ကြောင့်ဆိုသော် ပန်းရောင်များချည်းဖြစ်နေ၍ ပန်းရောင်ဆီဂါဝန်၊ပန်းခရမ်းရောင် ဝတ်ရုံရှည်၊ ပန်းနုရောင် စကတ်....
အချိန်အတော်ကြာမှ Luna တစ်ယောက် ပန်းရောင်များကြားမှ ဆင်စွယ်ရောင်ဂါဝန် တစ်ထည်မနဲရှာပြီး ထုတ်ယူလိုက်သည်။ဒါတောင်မှ ပန်းရောင် ကနုတ်နဲနဲ က ပါဖြစ်အောင် ပါသေးသည်။
အဲ့ဒီ ဝတ်စုံကိုဘဲ ဝတ်ပြီး Luna တစ်ယောက် ဆံပင်ကို ရိုးရိုးရှင်းရှင်းဘဲ ပန်းရောင်ဖဲကြိုးတစ်ခုနဲ့ တစ်ဝက်စီးထားလိုက်သည်။
အကျအနပြင်ဆင်ပြီးကာမှ Luna တစ်ယောက် အခန်းတံခါးဖွင့်ပြီး အပြင်ထွက်လာလိုက်သည်။
"မမလေး နိုးပြီလား"
Luna ရှန်ယွဲ့ရဲ့ မှတ်ဥာဏ်မှ တစ်ဆင့်သိလိုက်သည်...သူမက ရှန်ယွဲ့ရဲ့ သစ္စာရှိ အပါးတော်မြဲ အားရုံ
YOU ARE READING
Mischievous Girl In A Roleplaying Game(Own Creation)
Fantasyအမြဲတိုင်း transmigration story တွေကို ကြိုက်တတ်တဲ့ စိတ်ကူးယဉ်ဆန်တဲ့ မိန်းကလေး တစ်ယောက် roleplay system တစ်ခုနဲ့ ချိတ်ဆက်မိသွားတဲ့ အခါ.... ဒီ story ကတော့ ရသစုံမှာပါ Yaoi ရော Yuri ရော Straight ရော အကုန်ပါမှာပါ...ဖတ်ကြည့်ပေးကြပါဦး Cover design by @...