《Zawgyi》
ကျိုးယွမ် ဂူပိတ်လေ့ကျင့်တဲ့ နေ့မှာဘဲ ကျင်းယွီလည်း ပျောက်သွားလေသည်။ဒါပေမဲ့ ဇာတ်လိုက်ရောင်ဝါရှိနေတဲ့ သူမို့ lunaလည်း သိပ်စိတ်မပူမိချေ။luna အာရုံစိုက် ကျင့်ကြံလိုက်ရာ ၁လအတွင်း Nihility X အဆင့်သို့ ရောက်သွားလေသည်။သို့သော်လည်း နတ်ပြည်မတက်ချင်သေးတာမို့ အခြေခိုင်အောင်ဘဲ ပြန်ကျင့်ကြံနေလိုက်သည်။
တနေ့တွင်...
"ထျန်းခုန်း ဂိုဏ်းကို မိစ္ဆာတွေ ဝင်တိုက်နေပြီ!!!!"
"ငါတို့ ဘယ်လို လုပ်ကြမလဲ မင်အိုက်...နန်ခက်လဲ အခု ပျောက်နေတယ်"
"အမ၂က ဂိုဏ်းရဲ့ သခင်မလေး အနေနဲ့ ဦးဆောင်ပြီး တိုက်လိုက်..ညီမ နန်ခက်ကို ရှာလိုက်မယ်"
"ကောင်းပြီ"
€€€€€€€€€€€€€
"ရပ်လိုက်စမ်း!!!"
"နန်ခက်...ငါ့ရှေ့က ဖယ်စမ်း"
"ကျင်းယွီ...လက်စသတ်တော့ နင်က ရှေးဟောင်းမိစ္ဆာဘုရင်ရဲ့ မျိုးဆက်ကိုး...နင်ဘာလို့ ကိုယ့်ဂိုဏ်းကို မိစ္ဆာတွေ ခေါ်ပြီး လာတိုက်ရတာလဲ"
"ဟက်...ငါ့ဂိုဏ်းဟုတ်လား...ငါက မိစ္ဆာပါ ဘယ်လိုလုပ် နတ်မျိုးနွယ်ဂိုဏ်းသား ဖြစ်ရမှာလဲ...ငါဒီနေ့လာတာ ကျိုးယွမ်နဲ့ ထျန်းခုန်းဂိုဏ်း ကို မီးလောင်တိုက်သွင်းမလို့...ဘေးဖယ်"
"ကျင်းယွီ...နင် ကျေးဇူးမသိတတ်တဲ့ကောင်...တလုပ်စားဖူး သူ့ကျေးဇူးတဲ့...နင်က ငယ်ငယ်ထဲက ထျန်းခုန်း ဂိုဏ်းမှာ ကြီးလာတာပါ"
"အပိုတွေပြောမနေနဲ့...နင့်မိန်းမကြောင့်သာမဟုတ်ရင် ဒီဂိုဏ်းမှာ နင်နေမှာလား..မျိုးနွယ်သစ္စာဖောက်မကများ ငါ့ကို ကျေးဇူးတရားအကြောင်း ပြောနေတယ်..ဖယ်စမ်း"
"ငါသေမှရမယ်"
"ကောင်းပြီလေ...ဒီလောက်သေချင်နေမှတော့ ဆန္ဒဖြည့်ဆည်းပေးလိုက်မယ်"
နန်ခက်နဲ့ ကျင်းယွီ တိုက်ရမှာ နန်ခက်က အားကုန်သုံးတိုက်ပေမဲ့ သူ့ရဲ့ ပြိုင်ဘက်မဟုတ်သေးချေ...နန်ခက်ရဲ့ အမြီးများ တဖြည်းဖြည်း ပျောက်ဆုံးလာလေသည်။(အမြီးက အသက်ပါ အမြီး၁ချောင်းပျောက်တာက တစ်ခါသေတာနဲ့ အတူတူပါဘဲ)
YOU ARE READING
Mischievous Girl In A Roleplaying Game(Own Creation)
Fantasyအမြဲတိုင်း transmigration story တွေကို ကြိုက်တတ်တဲ့ စိတ်ကူးယဉ်ဆန်တဲ့ မိန်းကလေး တစ်ယောက် roleplay system တစ်ခုနဲ့ ချိတ်ဆက်မိသွားတဲ့ အခါ.... ဒီ story ကတော့ ရသစုံမှာပါ Yaoi ရော Yuri ရော Straight ရော အကုန်ပါမှာပါ...ဖတ်ကြည့်ပေးကြပါဦး Cover design by @...