Life-1.7 : Try to be an Empress

4.1K 523 4
                                    

《Zawgyi》

လင်းဖန်ကို ဘုရင်မင်းမြတ်က အမိန့်စာလွှာပို့လာတာမို့ ကြောင်သွားလေသည်။စာထဲမှာက ရှန်ကွေ့ဖေးနဲ့ လင်းဖန်က ငယ်သူငယ်ချင်းတွေဖြစ်တာကြောင့် သူမရဲ့ ကိုယ်ရံတော်အနေနဲ့ ချင်တိုင်းပြည်ကို လိုက်သွားပြီး ကာကွယ်ရန်ဖြစ်သည်။ညနေ စပြီး ချီနိုင်ငံက ထွက်ခွာဖို့လည်း ရေးထားသေးသည်။ ရုတ်တရက်ဆန်တာမို့ လင်းဖန်ချက်ချင်းဘဲ ရှန်ယွဲ့ဆီ အပြေးသွားလိုက်သည်။

အမောတကော နန်းတော်ထဲမှာ ပြေးလွှားနေတာမို့ မာကြောကြော နံရံကြီးကို ဝင်တိုက်မိတော့သည်။

ဘုတ်...အင့်...

လင်းဖန် နံရံကြီးကို ကြည့်လိုက်ရာ မာကြောကြော နံရံမဟုတ်ဘဲ ခပ်တောင့်တောင့် လူတစ်ယောက်ဖြစ်နေသည်။ နတ်ဘုရား တစ်ပါးလို ခန့်ညားလွန်းတဲ့ သူကြောင့် စကားပင်မဆိုနိုင် ကြောင်ပြီး ငေးကြည့်နေမိလေသည်။

¥¥¥¥¥¥¥¥¥¥

ကျန်းရီ သံတမန်တော် အဖြစ် ချီနိုင်ငံကို ရောက်လာခြင်းဖြစ်သည်။ အရှင့် အမိန့်အတိုင်း ဒီနေ့ညနေချက်ချင်း ရှန်ကွေ့ဖေးကို လာခေါ်ခြင်းဖြစ်သည်။

ပြောရရင် ကျန်းရီက နဲနဲတော့မောက်မာသည်။ ပြောရရင် သူက ချင်ဘုရင်နဲ့ ဆရာတူအကိုတော်တာမို့ ချင်တိုင်းပြည်မှာ သူက ဘုရင်ကလွဲ၍ ဘယ်သူမှ အမိန့်မပေးနိုင်။ အခု သံတမန်အဖြစ်လာတာမို့ ချီဘုရင်ကတောင်မှ သူ့ကိုလေးလေးစားစား ဆက်ဆံရသည်။

အခုသူ့ကို ဝင်တိုက်သူကို အေးစက်စွာလှမ်းကြည့်လိုက်သည်။ သို့သော် ဝင်တိုက်သူရဲ့ မျက်နှာလေးကို မြင်လိုက်ချိန်တွင်တော့ အေးစက်မှုများ ကွယ်ပျောက်သွားတော့သည်။

'လက်စသတ်တော့ မင်းလေးကို..အကောင်ပေါက်လေး ကိုယ်မင်းကို လိုက်ရှာနေတာ'

&&&&&&&&

လွန်ခဲ့သော ခြောက်လခန့်က ဖြစ်သည်....

လင်းဖန်တစ်ယောက် အပျော်တမ်း ခရီး ခြေဦးတည့်ရာ လျှောက်သွားနေစဉ် ဖြစ်သည်။

ကျန်းရီတစ်ယောက် ဆရာတူညီလေး နန်းတက်ခါစ တိုင်းပြည် အာဏာ မတည်မြဲသေးသောကြောင့် သူတောင်းစားဟန် ရုပ်ဖျက်ခါ သစ္စာဖောက်များကို စုံစမ်းနေချိန်တွင် လူငယ်လေး တစ်ယောက်အသံ ကြားလိုက်ရသည်။

Mischievous Girl In A Roleplaying Game(Own Creation)Where stories live. Discover now