《Zawgyi》
ခြောက်ကပ်၍ မနှစ်မြို့ဖွယ်အပြည့် ပတ်ဝန်းကျင်ရှိ စစ်ဘေးသင့် စွန့်ပစ်တောင်ကြီးရှေ့ဝယ် စုန့်ဝူရှင်းသည် ကျင့်ကြံသူတစ်အုပ်ခြံရံလျက် ရောက်လာပြီးလျှင် မိုင်ထောက်ချီအသံလွှင့်အစီရင်ကို အသုံးပြုလျက် ကြေငြာလိုက်လေသည်။
"မိစ္ဆာအန်းဟယ် အခုချက်ချင်းထွက်လာပြီး ငါ့ဇနီးကို ပြန်အပ်ရင် အပ်၊ မဟုတ်လို့ကတော့ ငါတို့မင်းကို အသေအကြေတိုက်ရလိမ့်မယ်!!!"
"ဟား...ဟား...ဟား...ဟား!!! အဖိုးကြီး ခင်ဗျားမှာ အစွမ်းအစရှိရင်လေကျယ်မနေဘဲ လာတိုက်လှည့်...ကျုပ်၊အန်းဟယ် ဒီမှာ ရှိနေတယ်!!! မနိုင်လို့ကတော့ ခင်ဗျားဇနီးကို ပြန်ရဖို့ရာ အိပ်မက်တောင် မက်မနေနဲ့တော့!!!"
"ငရဲကိုသွားလိုက်!!!"
ဤသို့ဖြင့်တိုက်ကြရာဝယ် တစ်ဖက်က ဇာတ်လိုက်ရောင်ဝါနှင့်သူ၊ တစ်ဖက်ကလည်း နှစ်ထောင်နဲ့ချီ ဂိုဏ်းချုပ်ဖြစ်လာသည့် နတ်ဝိဇ္ဇာကြီးတို့ နေ့တစ်ဝက်ကြာအောင် တိုက်ခိုက်နေကြရာ သစ်ပင်များအကုန်ခဲကျကုန်ပြီး ကျောက်တုံးကျောက်စိုင်ကြီးများ ကွဲကြေကုန်သည့်အထိကို အနိုင်အရှုံးမပေါ်သေး။ သူမသာ ကိုယ်မသာအခြေအနေတွင် ရှိနေစဉ်တွင် ကျူလင်က တောင်အထဲမှ တပ်ဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ ပြေးထွက်လာလေသည်။
"ဂိုဏ်းချုပ်အကိုကြီး တစ်တောင်လုံးမှာရှိတဲ့ မိစ္ဆာတွေကို ရှင်းပြီးပါပြီ"
"ခင်ဗျားတို့ ပြောတော့သာ ဖြောင့်မတ်တဲ့လမ်းမှန်ကျင့်ကြံသူတွေဆိုပြီး ရှေ့ကနေ အယောင်ပြတိုက်ပြီး နောက်ကနေ အလစ်ဝင်တိုက်တယ်ပေါ့လေ!"
အန်းဟယ်၏ စကားကို စုန့်ဝူရှင်း မဲ့ပြုံးတစ်ခုဖြင့်သာ တုန့်ပြန်လိုက်ပြီး ကျူလက်ကို လှမ်းမေးလိုက်သည်။
"ချင်းအာရော?"
"ပိုင်ချင်းရဲ့ အနံ့အသက်ရှိနေတဲ့ အခန်းတစ်ခုကိုတွေ့ခဲ့ပေမဲ့ သူ့ရဲ့အရိပ်အယောင်တောင် မတွေ့ခဲ့ရဘူး...ကျွန်တော် တစ်တောင်လုံးနှံ့အောင်ရှာပြီးပြီ...ပိုင်ချင်းဒီမှာ မရှိဘူး ဂိုဏ်းချုပ်အကိုကြီး"
YOU ARE READING
Mischievous Girl In A Roleplaying Game(Own Creation)
Fantasyအမြဲတိုင်း transmigration story တွေကို ကြိုက်တတ်တဲ့ စိတ်ကူးယဉ်ဆန်တဲ့ မိန်းကလေး တစ်ယောက် roleplay system တစ်ခုနဲ့ ချိတ်ဆက်မိသွားတဲ့ အခါ.... ဒီ story ကတော့ ရသစုံမှာပါ Yaoi ရော Yuri ရော Straight ရော အကုန်ပါမှာပါ...ဖတ်ကြည့်ပေးကြပါဦး Cover design by @...