《Zawgyi》
Luna တစ်ယောက် ခရီးထွက်ရန် ပေါ့ပေါ့ပါးပါးလေး ဝတ်စားဆင်ယင်ထားလေသည်။ သူမဝယ်ထားသော ကျောက်စိမ်းနုရောင် ဂါဝန်လေးကို ဝတ်ပြီး ဆံပင်တဝက်ကို ထုံးပြီး ကျောက်စိမ်းဆံထိုးလေး ထိုးထားသည်။ကျန်တစ်ဝက်ကို သဘာဝအတိုင်း ဖြန့်ချထားလိုက်သည်။
ပြီးနောက်အပြင်မထွက်ခင် မိမိကိုယ်မိမိ မှန်ရှေ့ တစ်ပတ်လှည့်ကြည့်လိုက်သေးသည်။
'အိုက်ယား...ငါလေး အရမ်းချောတာဘဲ..ရာဇဝင်ကားတွေထဲက မင်းသမီးတွေထက်တောင်ချောတယ်...ငါသာယောက်ျားလေးဆို ကိုယ့်ကိုကိုယ်ပြန်ယူမိမှာဘဲ'
&&&&&&&&&&&
ရှန်ယွဲ့ လင်းဖန်နှင့်အတူ ဂိတ်ဝထွက်လာလေသည်။
ကျန်းရီကို မြင်သည်နှင့် လင်းဖန်က ရှန်ယွဲ့နောက်ဝင်ပုန်းလေသည်။
'အယ်...ငါ့သားလေး ပြောတာသူဘဲဖြစ်မယ်...သမက်လေးကို နဲနဲလေ့လာကြည့်မှဘဲ'
ရှန်ယွဲ့ ကျန်းရီကို လှမ်း အကဲခတ်လိုက်သောအခါ အေးစက်စက် သတ်ဖြတ်လိုသော အကြည့်နှင့်တိုးသဖြင့် ကြက်သီးထသွားလေသည်။ နောက်မှ အခြေအနေကို သဘောပေါက်တော့သည်။
'ဩော်...သမက်လောင်းလေးက သားလေးကို ဒီအမေနဲ့ အူတိုနေတာဘဲ စိတ်ချပါ ဒီမေမေက ဟိုလိုအစစ်မ မဟုတ်ပါဘူး စိတ်ချ သားလေးကို မင်းရင်ခွင်ထဲ အရောက်ပို့ပေးမယ်'
$$$$$$$$$$
စထွက်ချိန်~
"အယ် လူ၁၀ယောက်ကို ဘာလို့ မြင်း၉ကောင်ဘဲရှိတာလဲ"
သေချာပေါက် ရှန်မယ်မယ်၏ လက်ချက်ဖြစ်လေသည်။ လင်းဖန်ရဲ့ မြင်းကို ဘယ်သူမှ မသိအောင် လွှတ်ပေးလိုက်ခြင်းဖြစ်သည်။
"လင်းဖန် ခရီးက အဝေးကြီးဘဲ နင့်မြင်း မရှိရင် ဘယ်လိုလုပ်မလဲ"
"အာ...ရှန်ယွဲ့ ငါနင်နဲ့တူတူ ဝေါယာဉ်လိုက်စီးလို့ရမလား"
"ဘယ်ရမလဲ...ငါက အခုချင်နိုင်ငံရဲ့ ပဏာတော်လေ အခြားယောက်ျားတွေနဲ့ နီးနီးကပ်ကပ်မနေသင့်ဘူး ဒီလို လုပ်ပါလား ရဲမက်တွေနဲ့ အတူမြင်းစီးဖို့ကလည်း နင်က အဆင့်အတန်းမြင့်နေတော့...ဒီလိုလုပ်ပါလား သံတမန်ကျန်း သူ့နဲ့ တူတူမြင်းစီးပါလား"
أنت تقرأ
Mischievous Girl In A Roleplaying Game(Own Creation)
خيال (فانتازيا)အမြဲတိုင်း transmigration story တွေကို ကြိုက်တတ်တဲ့ စိတ်ကူးယဉ်ဆန်တဲ့ မိန်းကလေး တစ်ယောက် roleplay system တစ်ခုနဲ့ ချိတ်ဆက်မိသွားတဲ့ အခါ.... ဒီ story ကတော့ ရသစုံမှာပါ Yaoi ရော Yuri ရော Straight ရော အကုန်ပါမှာပါ...ဖတ်ကြည့်ပေးကြပါဦး Cover design by @...