Life-2.3 : Young Daoist

3.3K 477 12
                                    

《Zawgyi》

"အဟွတ်....အဟွတ်...ဆရာ...ဒီတပည့်..အဟွတ် အသုံးမကျလို့ ဆရာ့ကို..အဟွတ်...အရှက်ရစေမိပြီ"

Luna တမင် အဆူခံလွတ်အောင်လို့ ချောင်းတွေဆိုးပြလိုက်သည်။

"အမှားသိရင်ပြီးတာဘဲ...ရှောင်ဟွား မင့်ညီမ အခြေနေ ဘယ်လိုနေသေးလဲ"

"ဟုတ်ကဲ့ဆရာ...ညီမလေးက ဒဏ်ရာက မဆိုစလောက် ပျင်းပေမဲ့ အတွင်းဒဏ်ရာတော့ မရသွားပါဘူး.
.ကျွန်တော် ခဏနေရင် နတ်တောင်မှာ ဆေးမြစ်သွားတူးပြီ ကျိုတိုက်လိုက်ပါမယ်"

"ကောင်းပြီလေ...ငါမင်းရဲ့ ဆေးပညာကို ယုံတယ်...မင်း ညီမကို သေချာ ဂရုစိုက်လိုက်...သက်သာသွားရင် ဂူပိတ်လေ့ကျင့်ရမယ်"

ဆရာက အထွက် ဇာတ်လိုက်ရောက်လာလေသည်။

"ဆရာ့ကို ဂါဝရပြုပါတယ်"

"အင်း"

ဆရာ ဂါဝရပြုတာကို အသိအမှတ်ပြုပြီး ဆက်ထွက်သွားလေသည်။

"ဆရာတူ ညီမငယ်လေး အဆင်ပြေရဲ့လား"

"ဟုတ်...ဆရာတူအမရော??"

"ဆရာတူ အမက မြေခွေးမိစ္ဆာနောက် ဆက်လိုက်သွားတယ်...ငါက မင်း အဆင်ပြေရဲ့လား လာကြည့်တာ"

"အဆင်ပြေပါတယ်...ဒါနဲ့ အကို၃ အားလား"

"ဘာလို လို့လဲ ညီမလေး"

"ဟို အကို၃ အားရင်လေ ခဏနေ အကိုကြီး ဆေးမြစ်တွေ သွားခူးရင် အကူညီလိုက်ပေး ပေးပါလား...နတ်တောင်က သားရဲပေါတယ် ပြီးတော့ အကိုကြီးကလည်း ကုသမှု အထူးပြုဆိုတော့ အတိုက်အခိုက်က အားနည်းတယ်လေ....တော်ကြာ..."

"ကောင်းပြီလေ...အကို လိုက်သွားပေးလိုက်မယ်"

"ကျေးဇူတင်ပါတယ် အကို၃"

"အကိုတို့က ဆရာတူ မောင်နှမတွေ ဘဲဟာ...အားမနာပါနဲ့ ပြီးတော့ မင့် အကိုကြီးက ငါ့ အတွက်လည်း အကိုကြီးဘဲလေ"

"ဘာတွေပြောနေကြတာလဲ?ဩော် ညီ၃ ပြန်ရောက်နေပြီလား"

"အကိုကြီး ဆေးမြစ်ခူးရင် ကျနော်လိုက်ခဲ့မယ်"

"ဘာလိုက်လုပ်မှာလဲ?"

"အကို့ကို ကူညီချင်လို့"

Mischievous Girl In A Roleplaying Game(Own Creation)Hikayelerin yaşadığı yer. Şimdi keşfedin