တောင်ကြီးက ရောက်ကတည်းက မီးငယ်လေးကို ပန်းချီဆွဲနည်းသင်ပေးလိုက်၊သူတီးချင်တဲ့ ပီယာနိုတီး သင်ပေးလိုက်၊မမယောက္ခမ အန်တီမေနဲ့ စကားပြောလိုက်၊တစ်ခါတစ်လေ NUACမှာ ခင်ခဲ့တဲ့ သူငယ်ချင်းတွေနဲ့သွားတွေ့ရင်း ပန်းချီပြပွဲလုပ်ဖို့ ဆွေးနွေးလိုက်နဲ့ ရန်ကုန်ရောက်စ နှစ်ပါတ်တာကာလဟာ အဆင်ပြေပြေရှိလှပါတယ်။
လွန်ခဲ့တဲ့၃နှစ်၊ပါပါးနဲ့မာမား အက်ဆီးဒန့်နဲ့ ဆုံးစဥ်တည်းက သားလေးလို သဘောထားပေးပါ့မယ်၊သော်က,လေး ဘာမှအားမငယ်ပါနဲ့ဆိုတဲ့ စကားတွေကို အမြဲတစေ တည်စေခဲ့တဲ့ အန်တီမေနဲ့အန်ကယ်ကျော်ကို ပိုလေးစားရပါတယ်။
အရာရာအဆင်တပြေရှိနေရင်းကပဲ သားကိုကိုပြန်လာတော့မှာ၊သားနဲ့ တစ်ခါမှ မတွေ့ပေးရသေးဘူးဆိုတဲ့ အန်တီမေ့စကားကြောင့် နည်းနည်းတောင် ရှုံ့မဲ့ချင်စိတ်ပေါက်သွားရတယ်။
သူ့အိမ်သူ ပြန်လာမယ့်ကိစ္စကို မင်းက ဘာလို့ စိတ်ညစ်နေရလဲလို့ မေးနိုင်ပါတယ်။
ဟုတ်ပါတယ်၊သူပိုင်တဲ့အိမ်ပဲဟာ သူပြန်လာလို့ရတာပေါ့လေ။ပြသနာက တစ်ခါမှမသိတဲ့လူတွေနဲ့ဆို ဘယ်လိုပေါင်းသင်းဆက်ဆံရမလဲ မသိတဲ့ ကျနော့်ရဲ့စိတ်ပါပဲ။အရင်က အိမ်ကိုဧည့်သည်လာမယ်ဆိုရင်တောင် စတော်ဘယ်ရီစိုက်ခင်းရှိတဲ့ ခြံထဲမှာ ပန်းချီဆွဲမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သွားရှောင်နေတတ်တဲ့အထိ လူမှုရေးကောင်းလွန်းလှတဲ့ ကျနော်က သူများအိမ်မှာနေပြီး အခန်းထဲတင်အမြဲအောင်းနေလို့လည်း မရ။အသက်ပဲ ၂၄နှစ်ဖြစ်နေပြီ၊ဒီလိုကြီးဖြစ်နေတာတော့ ကိုယ့်ကိုယ်ကိုလည်း သိပ်မကြိုက်လှပါဘူး။ဘာပဲပြောပြော ပါရဂူဘွဲ့တောင်ယူထားတဲ့ ဆရာဝန်ဆိုတော့လည်း ကိုယ့်ထက်တောင် ပိုအေးဆေးတည်ငြိမ်နေဦးမှာပါပဲ။
"လေးငယ်ရေ..လေးငယ်၊ဘာတွေတွေးနေတာလဲ၊မီးခေါ်တာတောင် မကြားဘူး"
ဆူအောင့်အောင့်အသံနဲ့ လက်ကို ခပ်ကြမ်းကြမ်းဆွဲအလှုပ်ခံရမှပဲ လူက တွေးနေရာကနေ သတိဝင်တော့တယ်

KAMU SEDANG MEMBACA
Unexpected Love(Completed)
Romansaကျေးဇူးပြုပြီး အဆုံးထိစီးမျောပေးပါ လူသားဆန်မှု၊တစ်ဦးအပေါ်တစ်ဦး လေးစားမှု၊နားလည်မှု၊ချစ်ခြင်းတရားတွေနဲ့ ဝန်းရံထားတဲ့ မိသားစုဘဝကို သဘောကျနှစ်သက်မိပါလိမ့်မယ်။