Snow..snow..go away..little Apple wanna play..snow snow go away🎵
မှန်တံခါးချပ်ကြီးပေါ်မှာ ထူထဲစွာပုံကျနေတဲ့ နှင်းတွေကို မှန်ပြင်မှာမျက်နှာပူးကပ်လို့ ကြည့်ရင်း ဟန်ပါပါနဲ့ဆိုနေတဲ့ ဆရာကြီးApple
မြန်မာပြည်အလည်ပြန်ဖို့ ရက်ပိုင်းပဲလိုတော့တာမို့ နေမကောင်းဖြစ်မှာစိုးတာကြောင့် သူ့ကို အပြင်ထွက်ပြီး မဆော့ခိုင်းလေတော့ Rain go away သီချင်းကို ဗားရှင်းပြောင်းဆိုပြီး ကိုပန်းသီးလုံးတို့ ဒရာမာခင်းနေတာပန်းချီဆွဲနေတဲ့အခန်းထဲလာပြီး လူကိုထိုင်ကြည့်လိုက်၊လီယိုနဲ့မိုလီကို ကလိလိုက်၊သက်ပြင်းချပြီး မှန်တံခါးကို မျက်နှာအပ်လိုက်နဲ့ အမူအရာတွေက အော်စကာဆုရသင့်တယ်
သားက အအေးကြိုက်သလို၊နှင်းတောထဲဆော့ရတာလည်း သိပ်ကြိုက်တာ။ခု သူမဆော့ရလေတော့ ကြေကွဲနေပုံပါပဲ။"ပါပါး ပန်းသီးလုံးလေးက စပိုက်ဒါမန်းလေး ဖြစ်နေပါပြီကွာ..မှန်နံရံကိုတောင် တွယ်တက်နိုင်နေပြီ"
ပုံကိုလက်စသတ်ရင်း သူ့ကိုလှမ်းစတော့ လူကို နှာခေါင်းရှုံ့၊မျက်မှောင်တွန့်ပြီး လှည့်ကြည့်တယ်။
"စပိုက်ဒါမန်းဖြစ်ရင်လည်း ကောင်းမှာပဲ ပါပါးရယ်၊အဲ့ဒါဆို Appleလေးက နေမကောင်းမဖြစ်တော့ဘဲ နှင်းတောထဲကို အမျှင်တွေသွယ်ပြီး သွားလို့ရမှာ"
အံမယ်၊ဒါက လူကို စကားတွေခေါ်နေတာ၊dramaခင်းပြနေတာ
"Come here baby" လို့ လက်ဆန့်ပေးရင်း ခေါ်တော့ ပြေးလို့ ရင်ခွင်ထဲဝင်လာတယ်
ပေါင်ပေါ်ကို ဆွဲပွေ့တင်လို့ ကြီးလာတာနဲ့အမျှ ငွေရောင်ဖက်နွှယ်လာတဲ့ ဆံရှည်ပျော့လိမ်လေးတွေကို အသာသပ်ပေးရင်း သွေးရောင်တွေလွှမ်းလို့ ရဲနေတဲ့ ပါးဖောင်းဖောင်းအိအိတွေကို နှာခေါင်းတွေနစ်ဝင်အောင် နမ်းတော့ သဘောတကျရယ်တယ်။"ပါပါး အိစိတုံလေးက နှင်းတွေထဲဆော့ချင်နေတာလား...နှင်းတောထဲမသွားရလို့ စိတ်မကောင်းဖြစ်နေတာပေါ့ ဟုတ်လား"
"ယဲ့စ် ပါး"ဆိုပြီး လူကိုတဖျတ်ဖျတ်လိုက်နမ်းနေသေးတာ
"ပါပါးက ခရီးသွားခါနီး သား နေမကောင်းဖြစ်မှာစိုးလို့ပါ...ဒါပေမယ့် ပါး သားလေး ဒီလိုစိတ်ညစ်နေတော့ ပါပါးက ဘယ်စိတ်ကောင်းပါ့မလဲ..ဆိုတော့ မနက်ဖြန်ဘာနေ့လဲ ပါပါးကို မှန်အောင်ဖြေပေး၊အဲ့ဒါဆိုရင် ပါပါးက ဆော့ဖို့ စဥ်းစားပေးမယ်"
YOU ARE READING
Unexpected Love(Completed)
Romanceကျေးဇူးပြုပြီး အဆုံးထိစီးမျောပေးပါ လူသားဆန်မှု၊တစ်ဦးအပေါ်တစ်ဦး လေးစားမှု၊နားလည်မှု၊ချစ်ခြင်းတရားတွေနဲ့ ဝန်းရံထားတဲ့ မိသားစုဘဝကို သဘောကျနှစ်သက်မိပါလိမ့်မယ်။