"ငယ် တစ်ခုခုဆိုရင်.."
"ဘာမှမဖြစ်အောင်လည်း နေမယ်၊တစ်ခုခုဆိုလည်း ကိုယံ့ကို ဖုန်းဆက်မယ်
ဘေးအိမ်က အဘိုးတို့ကိုလည်း ပြောပြီး အကူအညီတောင်းမယ်
အခန်းထဲမှာ အလုပ်လုပ်ရင်း ငြိမ်ငြိမ်လေးနေမှာမို့ စိတ်ချလက်ချနဲ့သာ အလုပ်သွားပါတော့ ဒေါက်တာကြီးခင်ဗျ"ကျနော်မှာထားတဲ့ စကားတွေကို အတိအကျပြန်ရွတ်ပြနေတဲ့ ငယ့်ကို ချစ်စနိုးနဲ့ ဆံပင်တွေဆွဲဖွရင်း ရှက်ရယ်,ရယ်ရတယ်။
"လူဆိုးလေး အကြီးက စိတ်ပူလို့ပြောတာကို
လာနောက်နေတယ် ဟုတ်လား""မနက်တည်းက ပြောနေတော့ အလွတ်ရနေပြီလေ ကိုယံရဲ့
ကလေးအမေကြီးလိုပဲ မှာနေတာ မပြီးတော့ဘူး""မရင်းနှီးတဲ့ ပတ်ဝန်းကျင်မှာ ငယ်က တစ်ယောက်ထဲနေခဲ့မှာလေ ငယ်ရဲ့
မိသားစုတွေလည်း မရှိတော့ ကိုယ်စိတ်ပူရတာပေါ့လို့"ဆေးရုံသွားဖို့အတွက် ကျနော်ထုတ်ပေးထားတဲ့
Checked shirtအပြာကွက်နဲ့ style pant
ကာကီရောင်ဖျော့ဖျော့ကို စတိုင်လ်ကျကျဝတ်နေရင်း တတွတ်တွတ်မှာနေတဲ့ ကိုယံ့ကြောင့် သူပြောထားတာတွေကို အတိအကျပြန်ပြောရင်း လိုက်ပြောင်မိနေတာပါ။
ရှက်ရယ်ရယ်ရင်း ဆွဲဖွသွားတဲ့ ဆံပင်တွေကို
အသာပြန်ပြင်ရင်း တံခါးဆီထွက်သွားတဲ့ ကိုယံ့နောက််လိုက်တော့ လက်ကိုဆုပ်ကိုင်ရင်း စိတ်မချသလိုကြည့်နေတဲ့ ကိုယံ့ကြောင့် လူက ကျွဲမြီးတိုချင်လာရတယ်။
"ကိုယံ ကျနော့်ကို ၅နှစ်အရွယ် မီးငယ်နဲ့ မှားနေတာလား ပြော"စူဆောင့်ဆောင့်လေသံကြောင့် ရယ်ရင်း ပြန်စမိတယ်
"ထင်စရာလားကွာ၊ငယ်က မီးငယ်ထက် ၃နှစ်လောက် ပိုငယ်တာကို ဟားဟား"
ပြောရင်းဆိုရင်း ဆင်းပြေးတဲ့ကျနော်ရယ်
မိရင်မလွယ်ဘူးဆိုပြီး လှေကားတွေကို တဒုန်းဒုန်း နင်းဖြတ်ရင်း အမီလိုက်ပြေးတဲ့ ငယ်ရယ်၊နှစ်ယောက်ရဲ့ရယ်သံတွေရယ်နဲ့ လန်ဒန်မြို့တစ်နေရာက အိမ်လေးထဲမှာ ရယ်သံတွေအတိ ဖုံးလွှမ်းနေခဲ့ပါတယ်။
YOU ARE READING
Unexpected Love(Completed)
Romanceကျေးဇူးပြုပြီး အဆုံးထိစီးမျောပေးပါ လူသားဆန်မှု၊တစ်ဦးအပေါ်တစ်ဦး လေးစားမှု၊နားလည်မှု၊ချစ်ခြင်းတရားတွေနဲ့ ဝန်းရံထားတဲ့ မိသားစုဘဝကို သဘောကျနှစ်သက်မိပါလိမ့်မယ်။