တနင်္ဂနွေနေ့
ရက်သတ္တပါတ်တွေထဲမယ် ကျနော်အကြိုက်ဆုံး နေ့ရက်
ငယ်နဲ့ဆုံစည်းခဲ့တာလည်း ဒီရက်စွဲမှာဖြစ်သလို
ဒီမြေကိုအခြေချပြီး နှစ်ယောက်တစ်ဘဝ စတင်ခဲ့တော့လည်း ဒီရက်စွဲပါပဲ
ပြီးတော့ ဒီနေ့ရက်မှာပဲ နောက်ထပ်ဆုလာဘ်တစ်ခုကို ဘုရားသခင်က ချီးမြှင့်မယ်ဖြစ်ကြောင်း သတင်းစကားအပါးခံရတယ်။ဘယ်ကစလဲဆို ဂေဟာကို လက်ဆောင်ပစ္စည်းတွေ သွားပေးရာက စတယ်ဆိုရမယ်။
ထုံးစံအတိုင်း ဂေဟာရောက်တော့ ငယ်က ကလေးတွေ ဝန်းရံပြီး ပုံဆွဲသင်ပေးနေလေရဲ့။
ကျနော်ကတော့ အဘိုးအဘွားတွေကို ကျန်းမာရေးစစ်ဆေးပေးနေတာပေါ့။
ဝန်ထမ်းကောင်လေးရဲ့ ဂေဟာမှူးက စကားပြောစရာလေးရှိလို့ပါလို့ လာပြောတော့ ကျနော်နဲ့ငယ်လည်း အထူးတဆန်းနဲ့ ဂေဟာမှုးရုံးခန်းဆီသွားရတယ်။
ပုံမှန်ဆို ဂေဟာမှူးက အရေးတကြီးကိစ္စမရှိဘဲ သူ့ရုံးခန်းကို ခေါ်လေ့ရှိသူမှမဟုတ်တာလေ။"လာကြပါ ဒေါက်တာတို့၊ထိုင်ကြပါဦး"
ရုံးခန်းအရောက် တစ်ခြားအမျိုးသမီးတစ်ဦး ရှိနေတာမို့ အားတုံ့အားနာနဲ့ ခြေလှမ်းတွေရပ်သွားတဲ့ ကျနော်တို့နှစ်ယောက်လည်း ဂေဟာမှူးစကားကြောင့် အသာပဲဝင်ထိုင်လိုက်မိတယ်။
နောက်ကျောပဲမြင်ရတဲ့အမျိုးသမီးကို မျက်နှာချင်းဆိုင်ဝင်ထိုင်မိမှ အံ့သြရတာက တစ်ခြားမဟုတ်၊အာရှဖွား၊အာရှာဖွားကိုမှ ကိုယ်နဲ့တစ်နိုင်ငံတည်း ဖြစ်နိုင်ချေရှိတဲ့ ရုပ်လက္ခဏာသွင်ပြင်တွေနဲ့ မိန်းမလှလေးကြောင့်ပါ"ဒေါက်တာယန်းနဲ့ သော်..ဒီက အမျိုးသမီးနာမည်က မြတ်နိုးမေတဲ့၊ဒေါက်တာတို့နဲ့ နိုင်ငံတူမှန်း ပြောစရာမလိုလောက်ပါဘူးနော်"
"ဒါပေါ့ ဂေဟာမှူး"
"မင်္ဂလာပါ ညီမလေး..အစ်ကိုက ကိုနေဇယံပါ၊ဒါက အစ်ကို့အမျိုးသား မြတ်သော်ကပါဗျ"
"ဟုတ်ကဲ့ အစ်ကို၊ဂေဟာမှူးပြောပြလို့ အစ်ကိုတို့ကို ရင်းနှီးနေပါပြီ"

ESTÁS LEYENDO
Unexpected Love(Completed)
Romanceကျေးဇူးပြုပြီး အဆုံးထိစီးမျောပေးပါ လူသားဆန်မှု၊တစ်ဦးအပေါ်တစ်ဦး လေးစားမှု၊နားလည်မှု၊ချစ်ခြင်းတရားတွေနဲ့ ဝန်းရံထားတဲ့ မိသားစုဘဝကို သဘောကျနှစ်သက်မိပါလိမ့်မယ်။