မနက်ခင်းပိုင်း ဆွမ်းကျွေး၊တရားနာပြီးလို့ မိဘမဲ့ဂေဟာက ကလေးတွေကို ပစ္စည်းတွေသွားလှူရင်း နေ့လည်စာ တာဝန်ယူကျွေးမွေးဖြစ်တယ်။
ကိုယ့်ကိုယ်ကို အိပ်မက်မက်နေသလားတောင် ထင်မိလောက်အောင် ကျနော်က နေ့ချင်းညချင်း
တစ်ခြားယောက်ျားတစ်ယောက်ရဲ့ အိမ်ထောင်ဖက်ဖြစ်ခဲ့ရပြီပဲ။ကျနော်နဲ့ ကိုနေဇယံကလည်း မတွေ့တော့လည်း အကြောင်းအမျိုးမျိုးနဲ့ မတွေ့ခဲ့ကြဘူး
တွေ့မယ့်တွေ့တော့လည်း နှစ်ယောက်အတူတူ နေရမယ့်အထိ ဖြစ်ရတယ်လို့
ဘယ်လိုရေစက်တွေပါလဲနော်လို့သာ ရေရွတ်မိတယ်။အန်တီမေကတော့ ကိုယံနဲ့ သူ့သူငယ်ချင်းတွေကို အပေါင်းအသင်းဆက်မလုပ်ဖို့ ပြောနေသံကြားရတယ်။
ကျနော်လည်း မပေါင်းစေချင်ပါဘူး
ဒီလိုလူတွေက နောက်တစ်ခေါက်ထပ်ပြီး ချောက်မတွန်းဘူးလို့ မပြောနိုင်ဘူး။
တစ်ဖက်လူကို အပြစ်မတင်တတ်တဲ့ ကိုယံကတော့ မဆင်မခြင်စိတ်အလိုလိုက်မိတဲ့ သူ့အပြစ်ပါလို့ ပြောရင်း ကျနော့်ကို တောင်းပန်သလို ကြည့်လာတယ်။
ပြီးခဲ့တာတွေ ပြီးပြီမို့ ကိုယံ့ကို အပြစ်သားလိုစိတ်ကြီးနဲ့တော့ မရှင်သန်စေချင်ဘူး
ကျနော် သူ့အပေါ်မှာ ဘာအပြစ်တင်လိုစိတ်မှ မရှိတော့တာကိုတော့ တဖြည်းဖြည်းနဲ့ သူနားလည်လာမှာပါ။အစတည်းက သားလေးလိုချစ်တာမို့ သူတို့အတွက် ဘာမှထူးပြီးပြောင်းလဲမသွားကြောင်း
ဘယ်လိုဝန်ထုပ်ဝန်ပိုးမျိုးကိုမှ မခံစားစေလိုကြောင်း၊စိတ်ဒဏ်ရာဖြစ်ရတာမျိုးရှိရင်လည်း
နှစ်ယောက်တိုင်ပင် အဖြေရှာဖို့ဆိုတာတွေကိုတော့ ကျနော်တို့ အင်္ဂလန်မသွားခင် ကန်တော့တဲ့ညမှာ အန်တီမေနဲ့အန်ကယ်က ပြောခဲ့တယ်။ခွင့်ရက်ပြည့်ဖို့ တစ်ပါတ်လိုသေးပေမယ့် နေရာသစ်မှာ ကျနော်အဆင်ပြေဖို့ အချိန်လိုတယ်ဆိုတဲ့ ကိုယံ့ကြောင့် ကျနော့်ရဲ့ အိမ်ထောင်သည်ဘဝစမယ့် အင်္ဂလန်ကို ထွက်ခဲ့ရတယ်။
"ညီ အိပ်ချင်အိပ်နော်၊အိပ်ရအဆင်မပြေရင် ကိုယ့်ပုခုံးပေါ်မှီအိပ်လိုက်နော်
မူးတာဘာညာရှိရင်လည်း ပြောနော်၊ဒီတိုင်ကြီး မနေနဲ့"
YOU ARE READING
Unexpected Love(Completed)
Romanceကျေးဇူးပြုပြီး အဆုံးထိစီးမျောပေးပါ လူသားဆန်မှု၊တစ်ဦးအပေါ်တစ်ဦး လေးစားမှု၊နားလည်မှု၊ချစ်ခြင်းတရားတွေနဲ့ ဝန်းရံထားတဲ့ မိသားစုဘဝကို သဘောကျနှစ်သက်မိပါလိမ့်မယ်။