Edit: သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးကို ဒီတိုင်းပဲထားလိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်
အားလုံးလက်ခံပေးခဲ့တဲ့ ဒီကာရိုက်တာနှစ်ခုကို ပြောင်းပစ်ဖို့ ကိုယ်တိုင်လည်း နှမြောမိပါတယ်
Cmtရေး၊အကြံပေးခဲ့ကြလို့လည်း ကျေးဇူးပါ။
နောက်ထပ်စာဖတ်မဲ့သူတွေလည်း အမြင်မလွဲရအောင် ဒီအပိုင်းကို မဖြတ်ဘဲ ဒီတိုင်းပဲထားခဲ့ပါမယ်။ဟဲလို...
ရေချယ်ပါရေချယ်ရေးခဲ့တဲ့ မြတ်သော်က,ကာရိုက်တာနဲ့ ပက်သက်ပြီး နည်းနည်းလောက် ရှင်းပြရင်း စာဖတ်သူတွေရဲ့အမြင်ကိုလည်း သိချင်ပါတယ်။
မြတ်သော်ကသည် အားလုံးအမြင်မှာ အနေအေး၊လူကြောက်တတ်တဲ့ ကောင်လေးတစ်ယောက်၊သူ့အတွင်းစိတ်မှာတော့ သူ့အတွက်သူထက် မိသားစုကို ပိုကြည့်၊ပိုစဥ်းစားပေးတဲ့ ကောင်လေးတစ်ယောက်အဖြစ် ဖန်တီးခဲ့ပါတယ်။
သူ့အတွက် မထင်မှတ်ဘဲဖြစ်ခဲ့တဲ့ အခြေအနေဆိုးကြီးမှာတောင် သူ့အစ်မမိသားစုမပြိုကွဲရေးကို ဦးစားပေးခဲ့တဲ့ သူမျိုးပါ။အဲ့နေရာမှာ သူ့ရဲ့စိတ်နေစိတ်ထားကို အပြင်မှာသိခဲ့ရတဲ့ အစ်ကိုတစ်ယောက်ဆီကနေ inspireယူခဲ့ပါတယ်။အရာရာတိုင်းထက် မိသားစုကို ပိုတွေးတဲ့သူတစ်ယောက်အဖြစ် ဖန်တီးခဲ့ပါတယ်။
ရေချယ်ရေးခဲ့တုန်းက အတွေးဟာ ရိုးရှင်းခဲ့ပါတယ်။ဒီလိုတွေဖြစ်လည်း စိတ်ဓါတ်မာကြောရမယ်၊ကိုယ်ဟာ အပြစ်ရှိသူမဟုတ်လို့ ကိုယ့်ကိုယ်ကို သိမ်ငယ်နေစရာမလိုဘူး၊ကိုယ့်ဘဝကို ရဲရဲဝံ့ဝံ့ ဖြတ်သန်းရဲရမယ်။ဘာအပြစ်မှာ မလုပ်ထားလို့ ကိုယ့်ကိုယ်ကို နစ်နာသူလို့ တွေးပြီး သိမ်ငယ်စိတ်နဲ့ ရှင်သန်နေစရာမလိုဘူးပေါ့။သူ့မှာ strongဖြစ်တဲ့ စိတ်မျိုး၊အတွေးမျိုးရှိတာမျိူးပေါ့။
ဒီနေရာမှာ ထပ်ပြောရရင် ဒေါက်တာနေဇယံဆို သူ့ကိုယ်သူ အပြစ်တင်တဲ့စိတ်နဲ့ ရှင်သန်နေခဲ့တာ၊တစ်ခုခုဆို သူဟာ ဒီကောင်လေးအပေါ် အမှားကျူးလွန်မိတဲ့အတွက် အားနာပြီး သူ့ကိုယ်သူ အပြစ်တင်နေခဲ့တာ၊ပြီးတော့ ဒီကောင်လေးတက်လမ်းမှန်သမျှကို သူ ပါဝင်ပြီး ပါရမီဖြည့်ပေးခဲ့တာတွေ၊ တစ်ခုခုဆို သူ့ကိုယ်သူအပြစ်တင်လို့ မြတ်သော်က,က သူတို့က တစ်ခြားလူတွေရဲ့ ပယောဂကြောင့် ခံရသူတွေ၊အပြစ်သားတွေမဟုတ်ဘူးလို့ ပြန်နှစ်သိမ့်ပေးခဲ့ရတာမျိုးဆိုတာ ရေချယ်ထည့်ရေးခဲ့ပါတယ်။သူ့အမှားသူသိပြီး တစ်ဘဝလုံးစာ တာဝန်ယူရဲသလို၊တစ်ဘဝလုံဲးစာလည်း မြတ်သော်ကအပေါ် အားနာစိတ် ရှိနေသွားမယ့်သူမျိုးအဖြစ် ရေးခဲ့ပါတယ်။
YOU ARE READING
Unexpected Love(Completed)
Romanceကျေးဇူးပြုပြီး အဆုံးထိစီးမျောပေးပါ လူသားဆန်မှု၊တစ်ဦးအပေါ်တစ်ဦး လေးစားမှု၊နားလည်မှု၊ချစ်ခြင်းတရားတွေနဲ့ ဝန်းရံထားတဲ့ မိသားစုဘဝကို သဘောကျနှစ်သက်မိပါလိမ့်မယ်။