Episode25

25.6K 1.5K 56
                                    

မအားလပ်တဲ့ နှစ်​ယောက်ဘဝမှာ ​ကြောင်အ​မွှေးဖြီး​ပေးရ၊သန့်ရှင်း​ရေးလုပ်​ပေးရတဲ့ အလုပ်တစ်ခုတိုးတိုင်း သား​တော်​မောင် လီယိုကိုပဲ ​ငယ်ထိပ်ကို​ခေါက်ချင်စိတ် ​ပေါ်ရတယ်။
​​ကျောင်းမှာ ​​ဖြေရမယ့်စာ​မေးပွဲရယ်၊ဒီပလိုမာလက်မှတ်အတွက် တင်ရမယ့်စာတန်းနဲ့ပန်းချီကားရယ်နဲ့  အလုပ်ရှုပ်လှတဲဲ့အချိန်မှာ နှစ်​ကောင်​ပေါင်းပြီး ​ဆော့သမျှကိုလည်း ရှင်းရတယ်၊လီယိုမျှား​ခေါ်ရာ​နောက် ခြံထဲ မြက်ခင်းပြင်​ပေါ်လိုက်​ဆော့၊ဟို​ချောင်ထိုး၊ဒီ​ချောင်ထိုးနဲ့ ​ပေပွတာ​တွေ၊နှစ်​ကောင်​ပေါင်းပြီး ငှက်​တွေ၊ရှဥ့်​တွေကို သစ်ပင်​ပေါ်ထိ လိုက်ဖမ်း၊သူ့အ​မွှေးနဲ့ သစ်ကိုင်း​တွေနဲ့ ညိလို့ စုတ်ပြတ်သတ်လာရင် ဘီးတစ်​ချောင်းကိုင်ပြီး အ​မောဆို့ရတာလည်း အခါခါပါပဲ။ဝယ်လာတုန်းက​တော့ အ​ချေမကြီးစတိုင်လ်နဲ့ ခု ဖွတ်ထွက်မှ​တောင်ပို့မှန်း သိရတဲ့ ဘဝပါပဲ။

စာတမ်းပြုစုဖို့ပဲရှိတာမို့ ​ကျောင်းကိုမသွားရ​တာပဲ ​တော်​သေးတယ်​​ပြောရမယ်။အချိန်ပိုင်းအလုပ်ကလည်း က​လေး​တွေ​ကျောင်းပိတ်ချိန်မို့ သွားစရာမလို၊အိမ်မှာ စာတမ်းအတွက် ပန်းချီဆွဲရင်း၊​မျောက်နှစ်​ကောင်ကို ဆူရင်း၊ထိန်းရင်းနဲ့ပဲ ကျ​နော်လည်း အလုပ်ရှုပ်လှပါတယ်။
ကိုယံက​တော့ Augustခွင့်ယူဖို့အတွက် အလုပ်ချိန်ပိုလုပ်​နေလို့ ​​ဆေးရုံမှာပဲ အချိန်ပိုကုန်​နေရတယ်။အမိနိုင်ငံမဟုတ်တဲ့​နေရာမှာ ကူ​ဖော်​လောင်ဖက်မရှိတဲ့ နှစ်​ယောက်တည်းဘဝမို့ အလုပ်​တွေကြားထဲ ​ခေါင်းနှစ်ရင်းပဲ ​ပျော်စရာဘဝကို ဖန်တီးယူရတာပါပဲ။

စာတမ်းအတွက် ကိုယ်တိုင်​ရေးပန်းချီနဲ့ပက်သက်ပြီး စာစီ​နေတုန်း အခန်းထဲမှာမရှိ​တော့တဲ့ ​မျောက်မူးလဲနှစ်​ကောင်ကို သတိထားမိလို့ အခန်းအပြင်ထွက်ပြီး ရှာဖို့ပြင်ရတယ်။
အိမ်​ဘေးက စတိုခန်းထဲကို အိမ်​မြှောင်သွားဖမ်း​နေမလား၊အပင်​ပေါ်တက်လို့ ရှဥ့်​တွေနဲ့ ရန်သတ်​နေမလားမသိ
မနက်ကမှ သူ့အ​မွှေး​တွေကို သန့်ရှင်း​ရေးလုပ်ပြီး ခက်ခက်ခဲခဲဖြီးထားရတာ၊ထပ်ပြီးရှုပ်ပွကုန်မယ်ဆိုရင် ကျ​​နော်​တော့ ​စိတ်ဆင်းရဲပြီးရူးလိမ့်မယ်။
​ရောက်​​လေရာက​နေ အမြန်ပြန်​ခေါ်ဖို့ ​အောက်ထပ်ကိို အ​ပြေးအလွှားဆင်းရတယ်။

Unexpected Love(Completed)Where stories live. Discover now