Episode36

32.4K 1.4K 62
                                    

"နိုး ​ဖေ​ဖေ...အဲ့လိုကြီးမကြိုက်ပါဘူးဆို..အီး ဟီး"

"အတူတူပဲ​လေ..သားရယ်၊​ဖေ​ဖေက သားစားရတာလွယ်​အောင် ​ခြွေထည့်​ပေးတာ​လေ"

"သားက အမြဲတစ်ခုလုံးကိုင်စားတာပါဆို၊အဲ့လိုကြီးမကြိုက်ပါဘူးဆို..ပါပါးက မမှာခဲ့ဘူးလား
အီး..ဟီး..ပါပါး​ရေပြန်လာ​တေးဝူးလား"

​ပြောရင်းဆိုရင်း​ ​အော်ငိုပြန်တဲ့ ​ကျေးဇူးရှင်​ကြောင့် လူက​သွေးတိုးရပြန်တယ်။
လူ​လေးက ၃နှစ်​ကျော်ပဲရှိ​သေး
အ​မွှေလယ်ဗယ်၊အရစ်လယ်ဗယ်က အသက်ထက် ၁၀ဆ​လောက်သာ​​နေပြီ။
တစ်ချိန်လုံးလက်ပွန်းတတီး​နေတဲ့ သူ့ပါပါး​တောင် တစ်ခါတစ်​လေ သူရစ်ရင်၊ဂျီတိုက်ရင် ​ခေါင်းကိုက်ရတာ၊ကျ​နော်လို အလုပ်သွား​နေရတဲ့ လူက ပိုဆိုးတာ​ပေါ့။
ဒီ​နေ့လည်း သူ့ပါပါးက clientနဲ့ meetingရှိလို့
အပြင်သွားရင်း ပြခန်းဝင်ပြီး သူ့မိတ်​ဆွေ​တွေနဲ့ သွား​တွေ့လို့ ကျ​နော်က သားကိုထိန်း​​ပေးရင်း အိမ်မှာ​​နေခဲ့တာပါ။
သူ့ပါပါးအပြင်သွားတိုင်း လိုက်ချင်​တဲ့​ကောင်​လေးက အလုပ်ကိစ္စဆို​တော့ သူလိုက်လို့မရတာ သိ​နေ​တော့ သူ့ပါပါးကို အထွန့်မတက်၊အီလည်လည်နဲ့ ကျန်ခဲ့တာ။
သူမလိုက်ရလို့ မ​ကျေနပ်သမျှကို ကျ​နော့်​​ကိုရစ်ရင်း အချိန်ကုန်မယ်များ ​တွေးထားသလားမသိ။

အခုဖြစ်​နေတဲ့ပြသနာကလည်း သူ့ပါပါး​ပြုတ်​ပေးခဲ့တဲ့ ​ပြောင်းဖူးကို ကျ​နော်က ​စေတနာပိုပြီး အ​​​စေ့​​​ခြွေပေးရာက​နေစတာ။
​​အလုပ်ခန်းထဲမှာ သူ့အတွက်ထည့်​ပေးထားတဲ့ က​လေးစားပွဲနဲ့ခုံ​ပေါ်မှာ ရုပ်ပြစာအုပ်ကြီး ကိုင်ပြီး မိန့်မိန့်ကြီးထိုင်​နေတဲ့ သူ့ဆီကို ​ပြောင်းဖူး​​​​ခြွေထည့်ထားတဲ့ ပန်းကန်ချ​ပေးလိုက်တာမယ် လူကြီး​ယောင်​ဆောင်​နေတဲ့ ကိုပန်းသီးလုံးတို့ တဗြဲဗြဲ​အော်ငို​တော့တာပဲ။

သူက ​ပြောင်းဖူးဆို အဖူးလိုက်ပဲ ကိုက်စားရတာကြိုက်ပြီး အ​စေ့​​​ခြွေထားရင် လုံးဝမစားပါဘူးတဲ့။အရင်က ငယ်​ပြောပြဖူး​ပေမယ့် ကျ​နော်ကလည်း ရုတ်တရက်ဆို​တော့ ​သတိမထားမိ။
မိန့်မိန့်ကြီးစာဖတ်​နေတဲ့ လူကြီး​ပေါက်စအရစ်တုံး ဒီတိုင်း​လေး ဇွန်း​လေးနဲ့​ကော်စားပါ​စေဆိုပြီး
​​စေတနာပိုပြီး လက်နဲ့​သေချာ​ခြွေပြီး ဆီစမ်း၊ဆားပါဖြူး​ပေးလိုက်တာ။
အခု​တော့ သွားတာမကြာ​သေးတဲ့ သူ့ပါပါးတပြီး တဗြဲဗြဲငိုပြ​နေ​တာ။​ကော်ဖီဆိုင်မှာ နို့​တွေ​ပေပွ​နေတဲ့ရုပ်ကြီးနဲ့ ​ကောင်မ​လေး​တွေကို အထာ​ပေးခဲ့တဲ့​ ကိုတည်ငြိမ်​မဟုတ်​တော့ဘူး။
၃နှစ်သား အာဗြဲစိန်ပြန်ဖြစ်သွားပြီ။

Unexpected Love(Completed)Where stories live. Discover now