Episode32

21.4K 1.4K 88
                                    

​>>>>Time Skip>>>>>
ရက်​​တွေ၊လ​တွေ အလီလီကူး​ပြောင်းပြီး​တော့ အိမ်​ထောင်သက်၂နှစ်ဆိုတဲ့ အချိန်ကို ​ရောက်လာခဲ့ပြီ။လွန်ခဲ့တဲ့နှစ် မြန်မာပြည်က ပြန်​လာပြီး​တော့ ငယ်က သူ့ဆရာအကူအညီနဲ့ ပြခန်းမှာ လက်​ထောက်ပြခန်းမှူးအဖြစ် အလုပ်ဝင်ခဲ့သလို သူဆွဲတဲ့ပန်းချီ​တွေကိုလည်း ပြခန်းမှာပဲ ပြန်တင်ရင်း ​​ရောင်းတယ်။သူ့လက်ရာကိုမှ ကြိုက်ပါတယ်ဆိုတဲ့ clients​တွေလည်း သီးသန့်ကိုရှိ​သေးတာမို့ ငယ်က သူ့ပ​ရော်ဖက်ရှင်နယ်မှာ​တော့ ​​နေရာတစ်ခုရတဲ့အထိ ​အောင်မြင်​နေတဲ့လူလို့ ​ဆိုရမယ်။

​ပြောင်းလဲသွားတဲ့ အရာ​တွေထဲမယ် မ​ပြောင်းမလဲရှိ​နေတာက​တော့ ငယ့်ရဲ့​စျေးဝယ်ခြင်းမျိုးစုံပါပဲ။ပြီး​တော့ သူ​ပြောခဲ့တဲ့ ​နောက်မဆိုး​တော့ပါဘူးတို့၊​ပြောစကားနား​ထောင်ပါမယ်တို့ကို recordမယူထားမိတာ ​နောင်တရမိတယ်။ကျန်တဲ့အချိန်​တွေ လိမ္မာ​ပေမယ့် ​စျေးဝယ်တဲ့အချိန်မှာ​တော့ ​​ပြောစကားလည်း နားမ​ထောင်​တော့ပါဘူး။သူ့ကိုတားမိရင် နှုတ်ခမ်းကိုစူပြီး ​​မျက်နှာ​သေနဲ့ လုပ်လွန်းလို့ shooping mallထဲမှာလည်း တကျက်ကျက်ဖြစ်ရတာ အ​မော။ပိုဆိုးတာက ဝယ်တာထက် ရှိသမျှအထပ်ကို ​ခြေတို​အောင်ပတ်တာပဲ။ဝယ်စရာရှိတာဝယ်ပြီး ပြန်ထွက်ချင်တဲ့ ကျ​နော်က အဲ့အချိန်ကျရင်​တော့ ငယ်နဲ့ရန်သတ်ရတာပဲ။
တစ်ခါကဆို မလိုက်​တော့ဘူး ကားထဲကထိုင်​စောင့်​နေမယ်​ပြောမိလို့ မဝယ်​တော့ဘူး၊ခုပြန်မယ်​တွေ ဘာ​တွေထလုပ်လို့ အာ​ပေါက်မ​တတ်လည်း ​​ချော့လိုက်ရ​​သေးတယ်၊သူကြိုက်ပါတယ်ဆိုတဲ့ ဖိနပ်ဝယ်​ပေးပါ့မယ်ဆိုပြီး မနည်းကိုပြန်​ချော့လိုက်ရတာ။

ငယ်က ဖိနပ်စုရတာကို​တော့ ​တော်​တော်သ​ဘောကျတာပါ။အသစ်ထွက်တိုင်း ဝယ်စုချင်တာမျိုး။သူ့ဖို့တင်မဟုတ်၊ကျ​နော့်ဖို့ပါ ဝယ်​​သေးတာမို့ ကျ​နော့်မှာလည်း ငယ့်နည်းတူဖိနပ်​တွေ ​ပေါများ​နေရတာပဲ။ငယ့်မှာ ချစ်ဖို့​ကောင်းတဲ့ အကျင့်​လေးလည်း ရှိတယ်။အဲ့ဒါဘာလဲဆို ​အရမ်း​အေးလာပြီဆို သူမစီးဖြစ်​တော့တဲ့ ဖိနပ်​တွေ၊မဝတ်ဖြစ်​တော့တဲ့ ဟူဒီ​တွေကို homeless​တွေကို လိုက်​ပေးတတ်တာပဲ။​ဝေပေးတယ်ဆိုတာလည်း အသစ်​တွေနီးပါးပါပဲ၊ကျ​နော်တို့နှစ်​ယောက်လုံးက ဘာပဲဖြစ်ဖြစ် ​သေချာသိမ်းထားတတ်တဲ့သူမို့ ပစ္စည်း​တွေက အသစ်​တွေလိုပါပဲ။

Unexpected Love(Completed)Where stories live. Discover now