Extra

21.1K 1.2K 33
                                    

"Apple..Leo..Molly အဲ့ဒါဘာလုပ်​နေကြတာလဲ...သား ပါပါး ​​ပြော​နေတာကြားလား"

"ဘာမှလုပ်ဘူး ပါး၊သားက ဒီတိုင်း​ ပါပါး အပင်​တွေကို ပြုစု​ပေးတာ"

​​ပြော​ပြောဆိုဆို​ပြေးလာ​​ပေမယ့် အချိန်မမီ​တော့
အပင်​တွေကိုပြုစု​ပေး​နေတဲ့ ကိုယ်​တော်​ချောလက်ထဲမှာ စိုက်ထားတဲ့ ပန်းသီးပင်နဲ့လိ​မ္မော်ပင်​ပေါက်က အမြုံလိုက်ပါ​နေပြီ
​​ဘေးက​နေ ​မြေ​တွေကို ကူယက်​ပေး​​နေတဲ့ နှစ်​ကောင်ကလည်း ​အော်သံကြား​တော့ အပြူးသားကြည့်​​နေတယ်

ဒီ​အ​ကောင်​ပေါက်​လေးက အိပ်ယာနိုးတည်းက ဘာကို​ဘယ်လို​မွှေရမလဲ စဥ်းစား​နေတတ်တာ
အိပ်ယာနိုးပြီး အ​ဖေ​တွေအခန်းထဲဝင်လာ၊​ဆေးရုံမှာ ၃ရက်​လောက် ပင်ပန်းလို့ ပြန်လာပြီး အိပ်​နေတဲ့ ​ဖ​အေ​ပေါ်ကားယားခွပြီး ခုန်လိုက်​ပေါက်လိုက်လုပ်​နေလို့ ​မျက်နှာသစ် အဝတ်အစားလဲပြီး ​အောက်ထပ်ကို ​ခေါ်လာခဲ့တာ။

Cerealနဲ့နွားနို့​စိမ်ထားတာကို သူတစ်ဝက်၊​ကြောင်နှစ်​ကောင်တစ်ဝက်နှုန်းနဲ့ စား​သောက်ပြီး
အိမ်​ရှေ့ထွက်​​ဆော့ချင်ပါတယ်ဆိုလို့ ​ဆော့ခိုင်းလိုက်တာ။
အရမ်းငြိမ်​နေလို့ ဘာလုပ်​နေလဲထွက်ကြည့်မှ ​သွေးတိုးစရာ​တွေ ​တွေ့ရတာပဲ။
လွန်ခဲ့တဲ့၂လ​လောက်ကမှ အသစ်စိုက်ထားတဲ့ ပန်းသီးပင်​ပေါက်၊လိ​မ္မော်ပင်​ပေါက်​တွေကို အမြစ်က​နေဆွဲနှုတ်လို့၊လူတစ်ကိုယ်လုံးကလည်း
​မြေ​ဆွေး​တွေ​ပေပွလို့၊ဟို ​ကြောင်နှစ်​ကောင်ကလည်း ဘာမှမသိသလိုသာ ငြိမ်​နေတာ၊သူတို့တစ်ကိုယ်လုံးမှာက ​မြေ​အစို​တွေ​ကြောင့် ​ပေပွ​လို့။

"Apple​လေး ပါပါးကို ရှင်းပြပါဦး၊ ဒီအပင်​လေး​တွေကို နှုတ်ပစ်ရတဲ့ အ​ကြောင်းအရင်း"

"သားက နှုတ်တာဟုတ်ပါဝူးချို၊ သူတို့က အမြဲအထဲမှာ​နေ​နေရလို့ ခဏထုတ်​ပေးတာ၊ပြီးရင် ပြန်ထည့်​ပေးမှာကို"

မျက်​ခုံး​လေးနှစ်ခုကို တွန့်​ကွေးလို့ နှုတ်ခမ်း​လေးတစူစူနဲ့ ​ပြော​နေတဲ့ ဒီ၃နှစ်ခွဲသား​လေးကို အူ​တွေလည်းယားရပါတယ်
သားက ဘာဖြစ်ဖြစ် စူးစမ်းချင်တယ်၊တစ်ခုခုဆို ကိုယ်တိုင်လုပ်ချင်၊တတ်ချင်တာ။
က​လေးက သူ့ညဏ်နဲ့သူ သူမှန်တယ်ထင်လို့ လုပ်လိုက်တာမို့ အတင်းကြီးဆူ​ငေါက်​နေဖို့လည်း မလိုဘူးလို့ ကျ​​နော်က​တော့ထင်ပါတယ်။
မသိလို့လုပ်မိတဲ့ ပထမဆုံးအကြိမ်အတွက် ခွင့်လွှတ်​ပေးပြီး ​နောက်တစ်ကြိမ်ထပ်မမှား​အောင် ​ပြော​ပြ​ပေးရမှာ ကျ​နော်တို့လူကြီး​တွေ အလုပ်ပဲ​လေ။

Unexpected Love(Completed)Where stories live. Discover now