ဟဲလို...ရေချယ်ပါ
ဘာလိုလိုနဲ့ ကိုးနဲ့ငယ်ကို ဇာတ်သိမ်းထိ ရေးနိုင်ခဲ့ပါပြီ။
သူတို့အပေါ်မှာရော၊ဒီအတောအတွင်း ရခဲ့တဲ့ ချစ်ရခင်ရသူတွေအပေါ်မှာရော ကျနော် သံယောဇဥ်တွေ အများကြီး ထားမိခဲ့ပုံပါပဲ
ပြီးသွားပြီဆိုတော့ စိတ်ထဲမကောင်းဖြစ်လို့၊ဒီစာရေးနေတော့ မျက်ရည်ကျမိတယ်။
ကျနော်က စာဖတ်ရတာကြိုက်ပေမယ့် စာအရှည်ဆို စာစီစာကုံးတောင် ရေးရတာကြိုက်တဲ့သူမဟုတ်ပါဘူး။
ဒါပေမယ့် ဘယ်လိုစိတ်တွေနဲ့ ဒီအထိရေးနိုင်ခဲ့လဲ မသိတော့ပါဘူး။သေချာတာတော့ ကျနော့်ရဲ့ မကောင်းမကမ်းအရေးအသားကို Ongoingလိုက်ပြီး အားပေးခဲ့ကြ၊cmtတွေရေးပေးခဲ့ကြတဲ့ ချစ်ရသူတွေကြောင့်ပါပဲ။
ပြီးတော့ မကြီးSandiMoemyint29
Viewer0ကို 1ဖြစ်အောင် အမြဲပြောင်းပေးခဲ့၊အားတွေပေးခဲ့တာ Sixteen ficထဲကပါပဲ။
ဒီficရေးမယ်ဆိုတော့လည်း ရှေ့ဆုံးကနေ အားပေးခဲ့တာ။သိပ်ကိုကျေးဇူးတင်ရပါတယ်။
ဒီficကိုရေးဖြစ်တာက ဒီနိုင်ငံ၊ဒီအခြေအနေတွေကနေ လွတ်မြောက်ချင်တဲ့ အတွေးတွေကနေ စခဲ့တာပါ။စိတ်ကို healingလုပ်တဲ့အနေနဲ့ ကိုယ်မလွတ်မြောက်နိုင်သေးတဲ့ နေရာကနေ ကိုယ့်ကာရိုက်တာနှစ်ယောက်ကို လွတ်မြောက်ပေးလိုက်တယ်။ကိုယ်နေချင်တဲ့ အရပ်ဒေသမှာ သူတို့နေနိုင်တဲ့အခါ ကျနော် ပျော်ရတယ်။ကျနော့်ရဲ့ စိတ်ကုစားနည်းပေါ့။
ဒီficကို စျေးဗန်းတွေခင်း၊reviewရေးတဲ့အစ်မတွေကို အကူအညီတောင်းရင်း တစ်ချို့တစ်လေ သိလာကြတဲ့အခါ လောဘက ပိုတက်လာရပြန်တယ်။1kဖြစ်တဲ့အခါ 2kဖြစ်ချင်လာတယ်..တစ်ဆင့်တစ်ဆင့်တက်လာတဲ့ ၉၉၉ကိုမှော်အစွမ်းလောဘတွေပေါ့။
ဒီလိုနဲ့ တစ်ယောက်ထဲ အားငယ်၊စိတ်ဓါတ်ကျရတာတွေလည်း အကြိမ်ကြိမ်၊ဆက်မရေးဖို့ တွေးတာလည်း အကြိမိကြိမ်ပါပဲ။
ဒါပေမယ့် လက်ရှိ စာဖတ်သူတွေအတွက် အဆုံးသတ်ပေးချင်လို့ ဒီအထိရောက်အောင် အားတင်းခဲ့ပါတယ်။
တစ်ကယ်ပါ၊ခုချိန်ထိ ဖတ်ပေးကြတဲ့၊cmtပေးကြတဲ့ တစ်ယောက်ချင်းစီကို အမြဲ ကျေးဇူးတင်အမှတ်ရနေမှာပါ။ကျနော်ပျော်ခဲ့ရပါတယ်။
ပြီးတော့ gpတွေမှာ ficတောင်းတဲ့အခါ ဒီficလေးကို ပြပေးတဲ့ တစ်ချို့အစ်မတွေ၊ညီမတွေ
ကျနော့်ficလေးကို အရေးတယူညွှန်းပေးလို့ ကျေးဇူးတင်ရ၊ချစ်ရပါတယ်။
ကျနော် အသစ်တွေ ဆက်ရေးဖြစ်မလား၊မဖြစ်မလားတော့ ကိုယ်တိုင်လည်း မသိသေးပါဘူး။
ဒါပေမယ့် အားလုံးကို လက်ဆောင်ပေးချင်လို့ ဒီမိသားစု၃ယောက်ပုံလေးကို artistဆီမှာ အပ်ထားပါတယ်။နောက်နှစ်ပါတ်လောက်ကြာလို့ ပုံလေးရတဲ့အခါ လာပြပေးပါ့မယ်။
ကိုးနဲ့ငယ်ရယ်၊Appleလေးရယ်ကို တိုက်ဆိုင်မှုတွေ ရှိတိုင်း အမှတ်ရနေပေးပါ။
Nikeကshoeလှလှတွေတွေ့တဲ့အခါ၊နို့မှုန့်ဘူးတွေမြင်တဲ့အခါ၊ပြောင်းဖူးတွေမြင်တဲ့အခါမျိုးမှာ ချစ်စဖွယ်လူသား၃ယောက်ကို အမှတ်ရပေးကြပါ။ပြီးတော့ supporting roleကလူတွေကိုရောပေါ့။ဆိုင်သူရှိတဲ့အခါ၊ချစ်ခြင်းတွေကခိုင်မြဲမှန်းသိတဲ့အခါ ၅၂၈အသွင်ပြောင်းပေးတဲ့ ဝတ်မှုံဆိုတဲ့ အမျိုးသမီးလေးကို သတိရပေးပါ။
သူငယ်ချင်းကောင်းတွေ၊နွေးထွေးတဲ့မိသားစုဝင်တွေအကြောင်း တွေးမိတဲ့အခါ ဒီထဲက ချစ်စဖွယ်လူသားတွေကို သတိရပေးပါ။
ပျော်စေခဲ့လို့ ကျေးဇူးအများကြီးတင်၊အများကြီးချစ်ရပါတယ်။
YOU ARE READING
Unexpected Love(Completed)
Romanceကျေးဇူးပြုပြီး အဆုံးထိစီးမျောပေးပါ လူသားဆန်မှု၊တစ်ဦးအပေါ်တစ်ဦး လေးစားမှု၊နားလည်မှု၊ချစ်ခြင်းတရားတွေနဲ့ ဝန်းရံထားတဲ့ မိသားစုဘဝကို သဘောကျနှစ်သက်မိပါလိမ့်မယ်။