တစ်ခါတစ်လေ ကျနော်တို့ ကြိုမမြင်ရတဲ့ ကံတရားက ကျနော်တို့ဘဝတွေကို ပြောင်းလဲစေတဲ့အထိ ဖြစ်တတ်ပါတယ်။
ကံတရားရဲ့ လှည့်ကွက်မှာ အလူးအလဲခံရတာက ပါပါးနဲ့မာမားရဲ့ ကားအက်ဆီးဒန့်ဆိုရင်
တစ်သက်လုံး မစဥ်းစားကြည့်ဖူးတဲ့ အိမ်ထောင်ရေးတစ်ခု၊အဲ့အိမ်ထောင်ရေးမှာမှ ကိုယ့်တွဲဖက်ပါတနာက ကိုယ်နဲ့မျိုးတူ ယောက်ျားတစ်ယောက်ဆိုတာကတော့ ကံတရားက ကျနော့်ကို ကျီစယ်လွန်းသွားပြီထင်တယ်။မရင်းနှီးတဲ့ စူးရှရှအနံ့အသက်တွေ၊လက်ဖျံသွေးကြောဆီက စူးခနဲနာကျင်မှု
တောင်းပန်သံတစ်ချို့တစ်ဝက်၊ငိုနေတဲ့ အမျိုးသမီးတစ်ယောက်အသံ
ခန္ဓာကိုယ်ဆီက ရလာတဲ့ ဆိုးဆိုးရွားရွားနာကျင်မှု
ဖြစ်နိုင်ရင် မျက်လုံးတွေ မဖွင့်ချင်တော့ဘူး
တစ်ဖက်က အသိစိတ်မဲ့နေလို့ ကျုးလွန်ခဲ့တယ်ဆိုရင်...အသိစိတ်ရှိနေခဲ့တဲ့ ကျနော်ကရော
အသိစိတ်ရှိနေခဲ့ပေမယ့် နေမကောင်းဖြစ်နေတဲ့
ခန္ဓာကိုယ်ကိုပဲ အပြစ်တင်ရမလား
ဘာကိုမှ ရင်မဆိုင်ချင်လို့ မျက်လုံးတွေ ထာဝရပိတ်သွားတာမျိုးပဲ လိုချင်မိတယ်။မှိတ်ထားတဲ့ မျက်လုံးထဲမှာ မနေ့ကအဖြစ်အပျက်တွေက အစီအရီပြန်ပေါ်လာတယ်။
>>>>Flashback<<<<
သူငယ်ချင်းတွေနဲ့ တွေ့ဖို့ တက်တက်ကြွကြွပဲ ထွက်သွားတဲ့ ကိုနေဇယံကို အလွန်အကျွံတွေ မသောက်ဖို့ မှာနေတဲ့ အန်တီမေ့ကို ထိုင်ကြည့်ရင်း မာမားကိုတောင် သတိရမိသေးတယ်။"သားယံ သူငယ်ချင်းတွေက သိပ်ဆိုးကြတာ အငယ်လေးရယ်၊မိန်းမကိစ္စ စိတ်မဝင်စားတဲ့ သားငယ်ကို သူတို့လို အိမ်ထောင်ရှင်ဖြစ်စေချင်ကြတာလည်း အရမ်းပါပဲ
အန်တီမေက လူငယ်တွေကိစ္စ၊သားကိုယ်တိုင်ကလည်း သူ့သဘောနဲ့သူ လုပ်ခွင့်အပြည့်ရှိတာမို့
သူတို့တွေ ခင်မင်ပေါင်းသင်းကြတာကို ဝင်မစွက်ဖက်ပါဘူး။ဒါပေမယ့် သူငယ်ချင်းအချင်းချင်း သားငယ်မသောက်နိုင်တဲ့ အရက်ပြင်းပြင်းတွေထဲကို ဆေးခတ်ပြီး သားငယ်ကို ကြိုက်နေတဲ့ ကောင်မလေးနဲ့ ထည့်လွှတ်ဖို့ လုပ်တာထိတော့ အန်တီတို့ သဘောမကျဘူးလေ
အဲ့တုန်းက သားငယ်က သူတို့ကြံစည်တာတွေ သိသွားပြီး ကြိုရှောင်နိုင်ခဲ့လို့၊ဘာမှမဖြစ်ကုန်တာ
အပေါင်းအသင်းမက်တဲ့ ကိုယံကလေ၊သူ့သူငယ်ချင်းတွေကို အပြစ်မမြင်ဘူး။သူရှောင်နိုင်ပါတယ်ပဲ အမြဲပြောတာ
အခုလည်း အန်တီမေ့မယ် ဘုရားတနေရတယ်၊ဘာသံတွေကြားရဦးမလဲ ဆိုပြီးလေ"

YOU ARE READING
Unexpected Love(Completed)
Romanceကျေးဇူးပြုပြီး အဆုံးထိစီးမျောပေးပါ လူသားဆန်မှု၊တစ်ဦးအပေါ်တစ်ဦး လေးစားမှု၊နားလည်မှု၊ချစ်ခြင်းတရားတွေနဲ့ ဝန်းရံထားတဲ့ မိသားစုဘဝကို သဘောကျနှစ်သက်မိပါလိမ့်မယ်။