Episode15

28K 2.3K 83
                                    

ဒီရက်ပိုင်း​တွေမှာ ကိုယံ့ကိုကြည့်ရတာ တစ်ခုခုဖြစ်​နေသလို ခံစားမိတယ်။အမြဲတက်ကြွပြီး အမြဲပြုံး​နေတဲ့မျက်နှာနဲ့လူက ဒီ၄၊၅ရက်အတွင်းမှာ
အပြုံးအရယ်မရှိတဲ့မျက်နှာနဲ့။တစ်ခါတစ်​လေ လီယို့​ဘေးနားထိုင်ရင်း ​ထွေ​ထွေကြီး​ငေး​နေတတ်တယ်။​​မေးရင်လည်း ဘာမှမဖြစ်ပါဘူး၊နှလုံးအစားထိုးစရာရှိတဲ့ လူနာ​ကြောင့်ပါနဲ့။

အရင်ကဆို ဒီလို​ နေ့ဂျူတီသွားရတဲ့​နေ့​တွေဆို ပြန်လာရင် ကျ​နော်ဟင်းချက်​နေတဲ့ မီးဖိုခန်းထဲမှာ လာကူ​ပေးရင်း ဟာသ​တွေ​ပြော​လေ့ရှိတယ်။
ခုက​တော့ ပြန်လာရင်လည်း အခန်းထဲကမထွက်ဘူး၊ညစာစာပြီးရင်လည်း ပုံမှန်ဆို စာဖတ်လိုက်၊ကျ​နော် ပန်းချီဆွဲတာ ထိုင်ကြည့်လိုက် လုပ်တတ်တဲ့သူပါ။ဒီရက်ပိုင်း​တော့ ကျ​နော်အိပ်​တော့မယ်ဆိုရင်​တောင် စာဖတ်လို့မပြီး​သေးလို့ အိပ်နှင့်ပါဆိုပြီး မျက်နှာ​သေနဲ့​ပြောလာတယ်။
​အေးစက်လာတဲ့ဆက်ဆံ​ရေးက ကျ​နော့်ကို အ​တွေး​ပေါင်းစုံ​ပေးတယ်။ကိုယံတစ်​ယောက် သူတစ်ကယ်ချစ်ရတဲ့သူများ ​တွေ့​နေပြီလားလို့ ​တွေးမိ​တော့ မျက်လုံး​တွေက ​ဝေဝါးလာတယ်။
အချိန်တစ်ခုထိ​တော့ ကျ​နော်​စောင့်ပါဦးမယ်။ကိုယံ့ဖက်က ရက်စက်တဲ့စကား​တွေထွက်လာခဲ့ရင်လည်း လက်ခံနိုင်​အောင် ပြင်ဆင်ထားရမှာ​ပေါ့။
ကျ​နော်တို့ဆက်ဆံ​ရေးက အစတည်းက ပွင့်လင်းသလိုနဲ့ မပွင့်လင်းခဲ့တာပဲ​လေ။

မနက်ပိုင်း အချိန်ပိုင်းအလုပ်ပြီး​တော့ ​​ကျောင်းသွားချင်စိတ်မရှိလို့ အနီးနားကပန်းခြံဆီ လာထိုင်ရင်း ​တွေးမိ​တွေးရာ​တွေး​နေမိတာပါ။အတန်းလည်းမသွားချင်၊အိမ်လည်းမပြန်ချင်​သေးဘူး။ချစ်မိတဲ့သူက အရာရာရှုံးရတာပဲလား။
အ​တွေး​တွေကလည်း ပူ​လောင်လွန်းလှပါတယ်။

"ဟယ် ​သော်..."

ဒီအရပ်​ဒေသမှာ ကျ​နော့်နာမည်ကို မြန်မာလိုပီပီသသ ချွဲတဲတဲ​​ခေါ်တတ်တာ အနှီအမျိုးသမီးတစ်​ယောက်ပဲ ရှိပါလိမ့်မယ်။
ညဆိုလည်း စာ​တွေပို့၊အ​ကြောင်းအမျိုးမျိုးရှာပြီး  ဖုန်းဆက်၊​အပင်စိုက်တဲ့အ​ကြောင်း ​မေးလို​မေးနဲ့။မင်္ဂလာပွဲ​နေ့ကလည်း Elsa​​ကောင်းမှုနဲ့ သူပါ ပွဲတက်လာ​သေးတယ်။​ရောက်တည်းက ကျ​နော့်ကို စုံစိ​နေ​အောင်​မေးပြီး တ​ယောထိုးတာသင်​ပေးဖို့ပါ တဂျီဂျီလုပ်​သေးတယ်။ကျ​နော့်နဂိုစိတ်ဆို ဘာမှကိုမ​​ပြောဘဲ မသိသလို ငုတ်တုတ်ထိုင်​နေမိမှာ​ပေမယ့် ကိုယံက အားလုံးနဲ့​ဖော်​ရွေတတ်​အောင် ​​နေ​စေချင်တာမို့ အလိုက်သင့်ပဲ ပြန်​ပြောခဲ့ရတယ်။ကျ​နော့်ကိုသာ ​ဖော်​ရွေခိုင်းတယ်၊အဲ့​နေ့က သူကျ​တော့ ဘယ်သူနဲ့မှ​တောင် စကား​သေချာမ​ပြော၊ပြန်လာ​တော့လည်း မျက်နှာတည်ကြီးနဲ့။ကျ​နော်ထင်တာမမှားရင် အဲ့ရက်​နောက်ပိုင်းမှာ ကိုယံက ပို​​အေးစက်သွားသလိုပါပဲ။

Unexpected Love(Completed)Où les histoires vivent. Découvrez maintenant