ရှည်လျားလှတဲ့နေ့တံတွေနဲ့ ရက်တွေက ခွင့်ရက်ပြည့်ဖို့နီးလေ ပိုတိုလာလေလို့ ခံစားရပါတယ်။
တစ်ပါတ်လုံးဟာ ပစ္စည်းတွေကို နေရာတကျဖြစ်အောင် ပြုပြင်ရင်း၊ငယ့်ကို လန်ဒန်တံတား၊လန်ဒန်မျက်လုံးတွေစီလိုက်ပို့ရင်း၊မြို့လယ်ခေါင်မှာ ဆက်တိုက်ဆိုသလိုရှိနေတဲ့ ပန်းခြံကျယ်ကြီး၃ခုကို စိတ်ဝင်တစားလေ့လာနေတဲ့ ငယ့်ကို သိသလောက် ရှင်းပြရင်းပေါ့။လန်ဒန်ရဲ့ နာမည်ကြီး Borough marketဆီရောက်တော့ လူတိုးရတာမကြိုက်တဲ့ ရေခဲတုံံးလေးဟာ ရှုံ့မဲ့မဲ့နဲ့ပေါ့
ဒါပေမယ့် အဲ့လိုဆိုတိုင်း မသွားဘဲ လက်လျှော့လိုက်လို့မဖြစ်သေးဘူးလေ
အနည်းဆုံးတော့ လူအုပ်ရဲ့ဒဏ်ကို ငယ့်ကို ကျင့်သားရစေချင်တယ်
ကျနော်က နောက်ဆုံးအချိန်ထိ ဘေးမှာရှိနေပေးဖို့ ဆန္ဒရှိတာက တစ်ပိုင်း
ညီ့ကို အရာရာမှာ မကြောက်မရွံ့ ဦးဆောင်နိုင်စေချင်တာက တစ်ပိုင်းပါ။လူဦးရေထူထပ်လှတဲ့ ဒီလိုနိုင်ငံမှာ တစ်ခြားလူတွေနဲ့ တန်းတူ ရင်ဘောင်တန်းပြီး နေရဲစေချင်တာက ကျနော့်ရဲ့ အဖြူရောင်အတ္တပါ
ငယ့်ကို အောင်မြင်စေချင်တယ်၊ကြောက်စိတ်ကင်းပြီး လူကြားသူကြားမှာ ရဲရဲဝံ့ဝံ့ ရှိနေစေချင်တယ်အခုတော့ လူအုပ်ကြီးကြား တိုးဝှေ့ရမှာကို ရှုံ့မဲ့မဲ့ဖြစ်နေတဲ့ ကောင်လေးကို လက်ကိုတင်းတင်းဆုပ်လို့ ခေါ်လာလိုက်တယ်။
"လူရှပ်ရှုပ်ကြား အမြဲနေဖို့ မလိုပေမယ့်
တစ်ခါတစ်လေတော့လည်း လူတွေကြားထဲ တိုးဝှေ့ရင်း ပျော်စရာရှာဖို့လိုတယ် ငယ်ရဲ့
လူငယ်ဘဝဆိုတာ အစုံလုပ်ဖူးမှ အဓိပ္ပါယ်ရှိတာ"လူရှုပ်ရှုပ်ကြား လက်ဆွဲခေါ်ရင်း ပြောပြနေတဲ့ စကားတွေကြားမှာ အစုံလုပ်ဖူးမှဆိုတဲ့ စကားကိုတော့ ကျနော် တွေးနေမိတယ်
ဒီဆရာဝန်လူကြီးဟာ ဘယ်လိုအရာတွေကိုရော
လက်တည့်စမ်းဖူးလဲဆိုတာ နောက်များကြုံရင်တော့ မေးကြည့်ရဦးမှာပေါ့ခရီးသွားတွေနဲ့ ပြည့်နေတဲ့ စျေးကြီးထဲမှာ
အစောပိုင်းတော့ စိတ်မသက်မသာ ဖြစ်ပေမယ့်
ကိုယ့်လက်ကို ဆွဲခေါ်ပေးတဲ့လက်အစုံနောက်ကို လိုက်ရင်းပဲ ဟိုငေးဒီငေးနဲ့ အဆင်ပြေခဲ့ပါတယ်။

CZYTASZ
Unexpected Love(Completed)
Romansကျေးဇူးပြုပြီး အဆုံးထိစီးမျောပေးပါ လူသားဆန်မှု၊တစ်ဦးအပေါ်တစ်ဦး လေးစားမှု၊နားလည်မှု၊ချစ်ခြင်းတရားတွေနဲ့ ဝန်းရံထားတဲ့ မိသားစုဘဝကို သဘောကျနှစ်သက်မိပါလိမ့်မယ်။