ပူခြစ်ခြစ်အထိအတွေ့ကြောင့် လန့်နိုးလာတော့ မနက်၅နာရီ
လူကိုဖက်ထားရင်း တဟင်းဟင်းညည်းညူနေတဲ့ကောင်လေးဟာ သေချာပေါက်ကိုဖျားနေပါပြီ။
မနေ့ည အရမ်းအေးနေတဲ့အချိန် မြေအောက်ဘူတာမှာ ဘာအခင်းမှမပါဘဲ ၂နာရီနီးပါးထိုင်နေခဲ့တာရယ်၊ပြန်လာတော့ ရေချိုးခန်းထဲမှာ အချိန်တွေကြာကုန်တာရယ်၊hangoverဖြစ်တာရယ် အကုန်စုံပြီး ဖျားတဲ့အဆင့်ကိုရောက်သွားပြီထင်ပ။"ငယ် အရမ်းချမ်းနေတာလား...ခဏထလိုက်ဦးနော်၊ကိုယ်ဆေးတိုက်မယ်
ငယ် ဖျားနေပြီ""ဟုတ်..ကျနော် အရမ်းချမ်းနေတယ် ကိုး"
"အင်းအင်း..ဆေးသောက်လိုက်ရင် သက်သာသွားမှာပါ...ဘာမှမဖြစ်ဘူးနော်၊ဒီတိုင်းအအေးမိသွားတာ"
မျက်လုံးမဖွင့်နိုင်တဲ့ ကောင်လေးကို ဆွဲထူလို့ဆေးတိုက်ပြီး ပြန်သိပ်ရတယ်။
တဘက်ကိုရေစိမ်လို့ နဖူးပေါ်တင်ပေးပြီး တစ်ကိုယ်လုံးကို ရေပတ်တိုက်၊အပူကျတော့ ဝတ်စုံအသစ်လဲပေးပြီးတော့ ယုန်ဖြူလေးက ပြန်အိပ်မောကျသွားတယ်။
အိပ်မပျော်တော့တဲ့အတူတူ အောက်ထပ်ဆင်းပြီး ကြက်ပေါင်းလုပ်၊ဆန်ပြုတ်ပြုတ်ဖို့ ပြင်ရတယ်။ဒီပုံစံအတိုင်းဆို ဒီည ငယ့်ကိုတစ်ယောက်တည်း အိမ်မှာထားခဲ့လို့ အဆင်မပြေနိုင်။
ဆေးရုံကိုခေါ်သွားပြီး ကိုယ့်အခန်းထဲမှာပဲ လိုက်အိပ်ဖို့ပြောရမယ်။လီယိုကို့တော့ ဆေးရုံခေါ်လို့အဆင်မပြေတာမို့ အခန်းတံခါးတွေဖွင့်ပေးပြီး ထားခဲ့ရမယ်။ကျနော်တို့ အလုပ်သွားတိုင်း သူတစ်ကောင်ထဲ နေနေကျမို့ သိပ်တော့ပြသနာမရှိ။
ပြီးတော့ ဘယ်လိုပဲပြတင်းတံခါးတွေ ဖွင့်ခဲ့ပါစေဦး၊အပြင်ကိုထွက်မသွားတာလည်း အိမ်ပြေးကြောင်ဖြစ်ခဲ့တဲ့ လီယို့ဆီကရတဲ့ အံ့အားသင့်ဖွယ်အပြုအမူပဲ။အပေါ်ပြန်တက်လာတော့ နိုးနေပြီဖြစ်တဲ့ငယ်
သူ့ရင်ခွင်ထဲဝင်ထိုင်နေတဲ့ လီယို့ကိုပွတ်သပ်ပေးနေရင်း ကျနော့်မြင်တော့ ဖန်မျက်လုံးအိမ်တွေကို သနားစဖွယ်လုပ်ရင်း ကြည့်နေတယ်။ဆူပူချင်တဲ့ စိတ်တွေလည်း ကြက်ပျောက်ငှက်ပျောက်ပါပဲ။
ဒါပေမယ့် မဖြစ်သေးဘူး၊နည်းနည်းတော့ ဆူရမယ်၊ဒါမျိုးက အရမ်းအန္တရာယ်များတဲ့ ကိစ္စ
မကောင်းတဲ့လူတွေနဲ့တွေ့ရင် ဒုက္ခများမှာ။
YOU ARE READING
Unexpected Love(Completed)
Romanceကျေးဇူးပြုပြီး အဆုံးထိစီးမျောပေးပါ လူသားဆန်မှု၊တစ်ဦးအပေါ်တစ်ဦး လေးစားမှု၊နားလည်မှု၊ချစ်ခြင်းတရားတွေနဲ့ ဝန်းရံထားတဲ့ မိသားစုဘဝကို သဘောကျနှစ်သက်မိပါလိမ့်မယ်။