ကျနော်တို့နှစ်ယောက်က ကိုယ်ပိုင်အသိုက်အမြုံလေးတစ်ခုမှာ စိတ်ချမ်းသာစွာ ရှိနေပေမယ့် အမြဲတမ်း ပျော်နေတာကို မကြည့်နိုင်ပုံရတဲ့ ကံကြမ္မာကလည်း စိတ်အနှောင့်အယှက်ပေးဖို့ စောင့်နေပုံပါပဲ။
ဘယ်ကစလဲဆိုရင် ကျနော်တို့နှစ်ပတ်လည်နေ့က အမှတ်တရပုံတွေရယ်၊ရိုက်ထားတဲ့ videoတွေရယ်ကို သေချာeditလုပ်ပြီး ဝတ်မှုံတစ်ယောက် လိုင်းပေါ်တင်တာက စတယ်ဆိုရမယ်။
ကျနော်တို့နှစ်ယောက်က social networkမှာ low profileနဲ့ နေကြသူတွေဖြစ်သလို၊သိပ်လည်း သုံးလေ့ရှိသူမဟုတ်ပါဘူး။
နှစ်ယောက်ရဲ့ ig accမှာလည်း ခရီးသွားတုန်းက ရိုက်ထားတဲ့ ရှုခင်းပုံတွေလောက်ပဲတင်လေ့ရှိပြီး
ဒါကလည်း ခင်မင်ရင်းနှီးသူတစ်ချို့လောက်သာ
မြင်ကြရတာမျိုးပါ။
ဝတ်မှုံကလည်း ကျနော်တို့နှစ်ယောက်ကို tagပြီး အမှတ်တရတင်တယ်ဆိုပေမယ့် publicနဲ့တင်ခဲ့တာတော့ မဟုတ်ပါဘူး။
ဒါပေမယ့် သူ့accထဲမှာရှိတဲ့ ငယ်တို့အတန်းက ကောင်မလေးတစ်ယောက်က ငယ့်ပုံကို မြင်သွားရာကနေ အစပြုတယ်။အနုပညာကျောင်းရဲ့ နာမည်ကြီးစာရင်းထဲပါခဲ့တဲ့ ငယ့်ကို ဘယ်ရောက်လို့ဘာတွေလုပ်နေလဲလို့ စိတ်ဝင်စားကြတဲ့လူတွေက အများသားမဟုတ်လား။ဝတ်မှုံတင်တဲ့ ပုံတွေ၊videoတွေကို သူတို့ကျောင်းသားဟောင်း groupတွေထဲ ပြန်တင်ပြီး သတင်းပို့ကြရာကနေ ဒီဂယက်က စလာတယ်။
အဲ့groupထဲမရှိတဲ့ ငယ်က ဘာမှမသိပေမယ့် ငယ့်အရင်းနှီးဆုံး သူငယ်ချင်းလည်းဖြစ်၊ငယ်လက်ထပ်တာကိုလည်း သိတဲ့ ငယ့်သူငယ်ချင်း မြတ်သူက အကြောင်းစုံကို သိလို့ ပြောပြလာမှပဲ ကျနော်တို့က သိကြရတယ်။တစ်ချို့cmtတွေက ထင်မထားဘူး၊လိုက်ဖက်ပါတယ်၊မယုံနိုင်ဘူး စသဖြင့် အပြုသဘောဆောင်တဲ့ဖက် ရောက်ပေမယ့်၊ဆိုရှယ်မီဒီယာကို တလွဲအသုံးချရင်း၊ကိုယ့် အငုံ့စိတ်ကို တစ်ခြားသူတစ်ဦးဦးအပေါ်ကို bullyလုပ်ရင်း စိတ်ဖြေကြတဲ့ လူတွေကတော့ ဆိုးဆိုးရွားရွားကို ရေးကြပါတယ်။
'သူက $ခြောက်မို့ ကျောင်းထဲက ကောင်မလေးတွေကို မကြိုက်တာလား'
YOU ARE READING
Unexpected Love(Completed)
Romanceကျေးဇူးပြုပြီး အဆုံးထိစီးမျောပေးပါ လူသားဆန်မှု၊တစ်ဦးအပေါ်တစ်ဦး လေးစားမှု၊နားလည်မှု၊ချစ်ခြင်းတရားတွေနဲ့ ဝန်းရံထားတဲ့ မိသားစုဘဝကို သဘောကျနှစ်သက်မိပါလိမ့်မယ်။