နောက်တစ်နေ့တစ်နေကုန် အိမ်မှာ အချိန်ကုန်ပြီး ရွှေတိဂုံဘုရားဆီရောက်တော့ ည၇နာရီ
နေမဝင်တဝင်အချိန်ရယ်၊ဆည်းလည်းသံတွေနဲ့ တိတ်ဆိတ်နေတဲ့ ရင်ပြင်က စိတ်ကိုငြိမ်းချမ်းမှုအပြည့်ရတယ်။
နှစ်ယောက်အတူလက်တွဲရင်း ဘုရားရင်ပြင်ကို ပတ်တော့ ကောင်မလေးတစ်ချို့က တီးတိုးတီးတိုးသဖန်းပိုး လုပ်နေကြတယ်။
သူတို့ပုံစံကြည့်ရတာ ဟိုတလောက ဂယက်ကြောင့် ကျနော်တို့ကိုသိတဲ့သူတွေပဲ ထင်ပါတယ်။နေ့နံတွေဘာတွေ ကြည့်မနေဘူး၊လူရှင်းတဲ့ ထောင့်တစ်နေရာကနေပဲ နှစ်ယောက်အတူ ဘုရားရှိခိုးလိုက်တယ်။ဘုရားကိုလာရခြင်းရဲ့ ရည်ရွယ်ချက်ကိုက ဘုရားကိုကြည်ညိုစိတ်နဲ့ ဖူးချင်ရုံသက်သက်ပဲလေ။ကောင်းတာလုပ်တဲ့နေရာမှာ
နေ့နံတွေ၊ရက်စွဲတွေမလိုဘူးလို့ပဲ ကျနော်တို့နှစ်ယောက်လုံး တွေးတာကိုး။"အေးချမ်းလိုက်တာဗျာ"
"အွန်းဆို...ကိုကိုကျောင်းတက်တုန်းကဆို တစ်လတစ်ခေါက်တော့ ဘုရားဖူးရင်း ရင်ပြင်မှာလာထိုင်တယ်...ညစ်ညူးနေတဲ့စိတ်တွေရှိရင် လူကိုအေးချမ်းသွားစေတယ်ထင်လို့"
"အင်းနော်..ကျနော်ကတော့ ဒီလို ညဖက်လာရတာကို ပိုကြိုက်တယ်ဗျ..ကိုးရော"
"တူတူပဲ...ဘုရားရဲ့ရွှေဓါတ်ကလည်း ညဆို လူတွေရဲ့ ညစ်ညူးနေတဲ့စိတ်ကို ပိုသက်သာစေတယ်ထင်တယ်
လူတွေမှာ ညစ်ထေးနေတဲ့အရာတွေကို ရွှေဓါတ်က သက်သာစေတယ်လို့ဆိုကြတယ်
ကိုကိုထင်တာတော့ ရွှေတိဂုံဘုရားရဲ့ ရွှေပမာဏက မနည်းဘူးလေ၊အဲ့ဓါတ်တွေကြောင့်ပဲ လူတွေက ဘုရားလာဖူးတဲ့အခါ သောကတွေ သက်သာကြရထင်တယ်၊ယုံကြည်မှု၊ကြည်ညိုကိုးကွယ်မှုကလည်း တစ်ပိုင်းပေါ့""မီတူး..ကျနော်လည်း အဲ့လိုပဲထင်တယ် အဟွန်း"
နှစ်ယောက်အတူရယ်မောရင်း လမ်းလျှောက်နေတုန်း
"ဟာ ယံ..မင်းပြန်ရောက်နေတာလား"
"ဟာ ကိုနိုင်..သူငယ်ချင်း၊ဟုတ်တယ်ကွ..မနေ့ညနေကမှ ရောက်တာပါ"

YOU ARE READING
Unexpected Love(Completed)
Romanceကျေးဇူးပြုပြီး အဆုံးထိစီးမျောပေးပါ လူသားဆန်မှု၊တစ်ဦးအပေါ်တစ်ဦး လေးစားမှု၊နားလည်မှု၊ချစ်ခြင်းတရားတွေနဲ့ ဝန်းရံထားတဲ့ မိသားစုဘဝကို သဘောကျနှစ်သက်မိပါလိမ့်မယ်။