>>>Time skip>>>>
ကျနော့်ရဲ့ရှင်းပြချက်ကို လက်ခံနားလည်ပေးတဲ့ ငယ်က မင်္ဂလာပွဲကိုအတူတူတက်ဖို့ သဘောတူလိုက်တယ်။
အကြောင်းစုံကိုသိသွားတော့ မေမေက နည်းနည်းတော့ ဆူတာပေါ့၊ဒီသူငယ်ချင်းတွေကိုပဲ ကိုယ့်ကိုချောက်တွန်းတာတောင် တွယ်တာနေရလားဆိုပြီးပေါ့။ငယ်ကတော့ သူကိုယ်တိုင်လိုက်ချင်လို့ အတူသွားဖို့ပြောတာပါဆိုပြီး မေမေမဆူအောင် ကာပေးသေးတာ။တစ်ကယ်ပါ ငယ်က သိပ်ချစ်ဖို့ကောင်းပြီး သိပ်သိတတ်တဲ့ကောင်လေး။နှစ်ယောက်ထဲရှိချိန်မှာ ကျနော့်အပေါ် ဘယ်လောက်ဆိုးဆိုး၊လူကြီးတွေရှေ့ရောက်ရင် ကျနော့်အမှားမဖြစ်ရလေအောင် အမြဲကာပေးတတ်တာ။ငယ်က သူ့ဘေးကလူတွေအပေါ်ဆို နည်းနည်းလေးတောင် အထိအခိုက်မခံချင်တဲ့ စိတ်ထားဖြူစင်တဲ့ ကောင်လေး။မနက်ဖြန်မနက် မင်္ဂလာပွဲသွားပြီးရင် နှစ်ယောက်သား တောင်ကြီးကို သွားကြဖို့ စီစဥ်ထားတယ်။အိမ်ကလူတွေက မပင်ပန်းရအောင် လေယာဥ်စီးပြီးသွားစေချင်တာ၊ဟဲဟိုးလေဆိပ်ကို အကြိုလွှတ်ဖို့ စီစဥ်ပေးချင်တာ။နှစ်ယောက်အတူ ကားမောင်းရင်း သွားချင်တဲ့ ကျနော်တို့နှစ်ယောက်က ကားနဲ့သွားဖို့ပဲ ရွေးလိုက်တာ။နှစ်ယောက်ထဲအတူ ခရီးသွားရတဲ့ အရသာကို ကျနော်ရော၊ငယ်ရော သဘောကျတယ်လေ။
ဒီနေ့ မေမေနဲ့မမြတ်ကလည်း သူ့မိတ်ဆွေအလှူသွား၊မီးငယ်လည်း ကျောင်းသွားတာမို့ ဘယ်မှသွားစရာမရှိတဲ့ ကျနော်တို့နှစ်ယောက်ပဲ အိမ်မယ် ကျန်နေခဲ့ရတယ်။အရင်နေ့တွေကတော့ ငယ်က သူ့သူငယ်ချင်းမြတ်သူနဲ့ သွားတွေ့သေးတယ်။နှစ်ယောက်အတူလည်း ဟိုဟိုဒီဒီသွား၊ငယ်စားချင်နေတဲ့ ကြေးအိုးဆီချက်တို့၊ဝက်သားတုတ်ထိုးတို့လည်း သွားစားဖြစ်ကြသေးတယ်။
အရင်ပြန်လာတဲ့ အချိန်တွေတုန်းကတော့ သူငယ်ချင်းအဖွဲ့နဲ့ အပြင်သွားတာ၊ခရီးထွက်တာတွေ လုပ်လေ့ရှိပြီး၊အိမ်ကပ်ချိန်ရှားပါးပေမယ့် ခုတော့ ပြောင်းပြန်ပေါ့။ကိုနိုင်ပြောလို့ ကျနော်ပြန်ရောက်နေတာ သိသွားကြတဲ့ သူငယ်ချင်းတွေက ကျနော့်ကို ဆက်သွယ်လာကြ၊သောက်ဖို့ပြောကြပေမယ့် ကျနော်ငြင်းလိုက်မိတယ်။
ကျနော့်အမျိုးသားလေး စိတ်မချ၊စိတ်ပူပန်ဖြစ်နေရမယ့် ကိစ္စမျိုးကို ကျနော်မလုပ်နိုင်ဘူးလေ။
YOU ARE READING
Unexpected Love(Completed)
Romanceကျေးဇူးပြုပြီး အဆုံးထိစီးမျောပေးပါ လူသားဆန်မှု၊တစ်ဦးအပေါ်တစ်ဦး လေးစားမှု၊နားလည်မှု၊ချစ်ခြင်းတရားတွေနဲ့ ဝန်းရံထားတဲ့ မိသားစုဘဝကို သဘောကျနှစ်သက်မိပါလိမ့်မယ်။