Capmpingကအပြန်တည်းက operationတွေ တန်းစီနေတဲ့ ကိုယံက ဧပရယ်လကုန်အထိ scheduleတွေ ပြည့်နေခဲ့တယ်။
မအားတဲ့ကြားကတောင် ကျနော့်မွေးနေ့ဖြစ်တဲ့ ဧပရယ်၄ရက်မှာတော့ ကျနော်နဲ့အတူရှိပေးဖို့ ကြိုးစားခဲ့သေးတာ။ဘာမှ အမှတ်တရမစီစဥ်ပေရနိုင်လို့ တောင်းပန်စကားတဖွဖွဆိုသူကို အတူရှိတဲ့နေ့ရက်တိုင်းက အမှတ်တရတွေပါဆိုတာကို အခါခါပြောရင်း နှစ်သိမ့်ပေးရတယ်။
Augustအိမ်ပြန်ဦးမှာမို့ ပြန်လာမှ အလုပ်ဝင်ဖို့ စီစဥ်ထားတော့ ကျနော်က အချိန်ပြည့်အားနေတာပေါ့။ကိုယံပြောသလိုပဲ၊ကျနော့်ရဲ့ လုပ်နိုင်စွမ်းတွေကို ထပ်သိချင်သေးလို့ ပြခန်းမှာ တစ်နှစ်လောက် အလုပ်လုပ်ရင်း ပန်းချီဆွဲဖို့ ဆုံးဖြတ်ထားတယ်။ကျနော်လည်း ကိုယံနဲ့ အနေနီးသွားလို့ထင်ပါတယ်၊ဘာမဆို စမ်းသပ်လုပ်ကြည့်ချင်စိတ်တွေနဲ့ ပြည့်နေတော့တာပဲ။လောလောဆယ်တော့ တစ်ပါတ်မှာ ၄ရက်လောက် ဂေဟာကိုသွားပြီး အဘိုးအဘွားတွေကို စာဖတ်ပြတာမျိုး၊သူတို့ကြိုက်တဲ့ သီချင်းသံစဥ်တစ်ချို့ကို တယောထိုးပြတာမျိုး၊ကလေးတွေကို ပုံပြင်တွေဖတ်ပြ၊ပန်းချီဆွဲသင်ပေးလုပ်ရင်း အချိန်ကုန်ဖြစ်ပါတယ်။
ဒီနေ့တော့ ဒီ၁လကျော်အတွင်း ကိုယံပထမဆုံး နားရတဲ့ရက်ပေါ့။မျက်တွင်းတွေကျလို့ အနည်းငယ် ပိန်သွားပုံရှိတာတောင် အပြုံးလည်း မပျက်သလို၊အလုပ်နဲ့ပက်သက်ပြီးလည်း ညည်းညူခြင်း မပြုတဲ့အထိ ကိုယံက ဆရာဝန်အလုပ်ကို မြတ်နိုးပါတယ်။
မနေ့ည ၁၀နာရီမှ ပြန်ရောက်ပြီး အိပ်နေတာ ခုမနက်၉နာရီထိ မနိုးသေးဘူး။နိုးရင်စားဖို့ ပေါင်မုန့်မီးကင်၊proached eggနဲ့cherry tomato တစ်ချို့ကို ပြင်ဆင်ပြီး အုပ်ဆောင်းအုပ်ထားပေးလိုက်တယ်။ကျနော်ကတော့ မျောက်ရှုံး၂ကောင်ကို ကြည့်ရင်း အပင်တွေထဲက ပေါင်းပင်တစ်ချို့ကို နှုတ်ပြီး မြေဆွဖို့ရှိတယ်။ရေမြေကောင်းလွန်းတော့လည်း ဘာပင်စိုက်စိုက်ဖြစ်တာပါပဲ။ခြံစည်းရိုးကပ်လျက်မှာ စိုက်ထားတဲ့ ပန်းသီးပင်နဲ့ လိမ္မော်ပင်ဆို တော်တော် အကြီးမြန်ကြတယ်။ခုမှ အသစ်စိုက်ထားတဲ့ ဘယ်ရီပင်တွေရယ်၊သလဲသီးပင်တွေကလည်း မရှင်စရာအကြောင်းမရှိ။နောက်၂နှစ်လောက်ဆို ဒီခြံစည်းရိုးတစ်လျှောက်မှာ အပင်တွေနဲ့စိမ်းစိုနေတော့မယ်။
မြေတွေကိုဆွရင်း ဘေးမှာတလှုပ်လှုပ်မို့ ကြည့်လိုက်တော့ ရေလောင်းထားတဲ့ မြေအစိုတွေပေါ်မှာ ရှယ်ပလန်နဲ့လှိမ့်နေတဲ့ မိုလီ
YOU ARE READING
Unexpected Love(Completed)
Romanceကျေးဇူးပြုပြီး အဆုံးထိစီးမျောပေးပါ လူသားဆန်မှု၊တစ်ဦးအပေါ်တစ်ဦး လေးစားမှု၊နားလည်မှု၊ချစ်ခြင်းတရားတွေနဲ့ ဝန်းရံထားတဲ့ မိသားစုဘဝကို သဘောကျနှစ်သက်မိပါလိမ့်မယ်။