အပြင်မှာ နှင်တွေဖွေးဖွေးလှုပ်အောင် ကျဆင်းနေတာကို မမှိန်မသုန်ထိုင်ကြည့်နေတဲ့ အထူးပုဂ္ဂိုလ်၃ဦး
အပြင်ထွက်ခွင့်ပိတ်ခံထားရလို့ နှင်းတွေကို မကျေမနပ်နဲ့ မေတ္တာထိုင်ပို့နေခြင်းပေပဲလားကိုကိုးအတွက် ချောကလက်ကိတ်မုန့် ဖုတ်ပြီးလို့ အပေါ်တက်လာတော့ မြင်ရတဲ့မြင်ကွင်းက အသဲယားစရာအတိ
၃နှစ်သားပန်းသီးလုံးသည် ခရစ္စမတ်သစ်ပင်ပုံတွေပါသည့် အနီရောင်အင်္ကျီနဲ့ အစိမ်းရောင်ဘောင်းဘီကို ဝတ်ထားပြီး မှန်နံရံရှေ့မှာ ထိုင်ပြီး အပြင်ကိုငေးနေကာ၊လက်ထဲမှာကလည်း နှင်းလူသားရုပ်ကို ကိုင်ထားသေးသည်။
ဘေးမှာတော့ မာဖလာကိုယ်စီပတ်ပြီး သခင်လို ဆောင့်ကြောင့်ထိုင်နေတဲ့ လီယိုနဲ့မိုလီ
၃ယောက်ပေါင်းပြီး အပြင်ကိုငေးနေကြတာ အခန်းတံခါးဖွင့်သံကြားတာတောင် လှည့်မကြည့်တာက သူတို့ကို အပြင်ထွက်ခွင့်မပြုလို့ စိတ်ကောက်နေတဲ့သဘော။"ပါပါးပန်းသီးလုံးလေးရေ..."
ခေါ်လိုက်တော့ ခေါင်းလေးကိုအသာငဲ့လို့ နှုတ်ခမ်းစူရင်း လူကိုငဲ့ကြည့်လာတဲ့ ပေါက်စလေး
နှုတ်ခမ်းစူထားတာမို့ နဂိုဖောင်းနေတဲ့ပါးတွေက ပေါက်စီလုံးလို မို့ဖောင်းပြီး အအေးဓါတ်ကြောင့် နီရဲကာနေပြီ။"ပါပါးအသက်ကလေးရေ...ပါပါးခေါ်တာကို မထူးတော့ဘူးလားဗျာ" လို့ ကုတင်ပေါ်ထိုင်ရင်း မေးလိုက်တော့
"ဟင့်"ဆိုပြီး နှုတ်ခမ်းစူလို့ မှန်ပြင်ဆီ ခေါင်းပြန်လှည့်သွားလေတယ်။ဘေးက ရဲဘော်ရဲဖက်နှစ်ယောက်ကလည်း တစ်ချက်ကလေးတောင် လှည့်မကြည့်။လိုက်လည်းလိုက်ကြပါပေတယ်။
စိတ်ကောက်နေသူတွေကို ထိုင်ကြည့်ရင်း msgဝင်လာတာမို့ ကြည့်လိုက်တော့ ကြောင်တွေဝတ်တဲ့ အနွေးဖိနပ်ပေါက်စလေးတွေကို ပုံရိုက်ပို့တဲ့ ကိုကိုးရဲ့msg
'စိတ်ကောက်နေကြတုန်းလား ငယ် ..ကိုကိုး ဒီမယ် ဝယ်လာပြီ'ဆိုတဲ့ စာကြောင့် 'ကောက်နေတုန်းပဲ'လို့ ပြန်ပို့ရင်း ရယ်မိတယ်။
မှန်နံရံမှာ တွယ်ကပ်နေကြတဲ့ ရဲဘော်ရဲဖက်၃ယောက်ပုံကို ပုံရိုက်ပြီး ကိုကိုးဆီပို့တော့
ရယ်နေတဲ့အရုပ်လေးပြန်ပို့ပြီး..'ကိုယ် ပြန်လာနေပြီ'လို့ ပြောလေတယ်။
![](https://img.wattpad.com/cover/276248822-288-k450913.jpg)
YOU ARE READING
Unexpected Love(Completed)
Romanceကျေးဇူးပြုပြီး အဆုံးထိစီးမျောပေးပါ လူသားဆန်မှု၊တစ်ဦးအပေါ်တစ်ဦး လေးစားမှု၊နားလည်မှု၊ချစ်ခြင်းတရားတွေနဲ့ ဝန်းရံထားတဲ့ မိသားစုဘဝကို သဘောကျနှစ်သက်မိပါလိမ့်မယ်။