အော်ပရေးရှင်းပြီးတော့ နေ့လည်၁နာရီခွဲ
ကလေးကအရွယ်ငယ်သေးတာကတစ်ကြောင်း၊ထင်ထားတာထက် ပိုကြာသွားတဲ့ ခွဲစိတ်ချိန်ရယ်ကြောင့် မိဘတွေကလည်း စိုးရိမ်တကြီးနဲ့
ကျနော်ဘာလို့ ဆရာဝန်ဖြစ်ချင်ခဲ့တာလဲဆို မျှော်လင့်တကြီးနဲ့ စောင့်မျှော်နေတဲ့ လူနာရှင်တွေကို တတ်နိုင်သလောက် ကောင်းတဲ့စကားတွေ သယ်ဆောင်လာပေးချင်လို့
ငယ်ငယ်က အဖွား အရေးပေါ်ဦးနှောက်ခွဲစိတ်မှု လုပ်ရတော့ တစ်ဦးတည်းသောသမီးဖြစ်တဲ့ မေမေ့မျက်နှာက ပူပန်သောကတွေအပြည့်နဲ့။ဘေးမှာထိုင်နေတဲ့ ကျနော့်လက်သေးသေးလေးတွေကို ဆုပ်ကိုင်ရင်း မေမေက ဖွားဖွားသူ့ဆီပြန်မလာမှာကို စိုးရိမ်နေခဲ့တာ။ဆရာဝန်ကြီးဆီက ခွဲစိတ်မှုအောင်မြင်ပါတယ်ဆိုတဲ့ စကားကြားရမှ မေမေက ဆရာဝန်ကြီးကို လက်အုပ်ချီပြီး ကျေဇူးတင်စကားပြော၊ကျနော့်ကိုဖက်ရင်း ငိုနေခဲ့တာ။အဲ့တုန်းက ဆရာဝန်ကြီးရဲ့ ပီတိဖြစ်တဲ့အပြုံးကို အရမ်းအားကျခဲ့တာ။
ကြီးလာရင် အဲ့လိုဖြစ်အောင် လုပ်မယ်လို့ ဆုံးဖြတ်ခဲ့တာက ကျနော်ဘယ်လောက် သူငယ်ချင်းတွေနဲ့ လည်ပတ်နေပါစေ၊သောက်စားနေပါစေ ရည်ရွယ်ရာလမ်းကြောင်း မပြောင်းခဲ့တာပေါ့။
လန်ဒန်ထိ ပါရဂူဘွဲ့ယူဖို့ ကြိုးစားခဲ့တာကပဲ အပေါင်းအသင်းတစ်ချို့ရဲ့ မနာလိုမှုကို ရဖို့ဖြစ်ခဲ့တာမျိုးပေါ့။အဲ့ဒီ့ရဲ့အကျိုးဆက်ကပဲ ကျနော့်ကိုနာမည်ဖျက်ချင်၊သိက္ခာကျစေချင်တာတွေနဲ့ ချောက်ချဖို့ကြံစည်ခဲ့ကြလို့ ငယ်နဲ့အကြောင်းပါခဲ့ရတာလို့ တွေးမိတော့လည်း သူတို့ကိုကျေးဇူးတင်ရမလိုပါပဲ။
ဒါကလည်း ကျနော့်ရဲ့ မပြောင်းလဲတဲ့ သူငယ်ချင်းတွေအပေါ်ထားတဲ့ အကောင်းမြင်စိတ်ကြောင့်ပဲနေမယ်။ငယ်တစ်ယောက် ဘာလုပ်နေမလဲမသိ၊ဖုန်းဆက်ချင်ပေမယ့် လူနာကြည့်ရမှာတွေရှိသေးတယ်၊
ဘယ်လောက်ပဲ အကဲပိုချင်ပိုချင် အလုပ်ချိန်က အလုပ်ချိန်ပဲမို့ လုပ်စရာရှိတာတွေပဲ ဆက်လုပ်ရဦးမှာပေါ့။ပြင်ပလူနာစမ်းသပ်ခန်းဖက်လျှောက်လာတော့ ဘွတ်ကင်စာအုပ်ကိုင်ထားတဲ့ ဆရာမကြီးကို နှုတ်ဆက်ရင်း လူနာစာရင်းကို တောင်းကြည့်ရတယ်။လူနာတွေထဲမှာ ကလေးတွေမပါရင် ကျနော်နည်းနည်းစိတ်သက်သာရာရတတ်လို့လေ။
ကလေးတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ ဝေဒနာခံစားနေရမှာမျိုးတွေ၊ICUထဲမှာ ပိုက်ပေါင်းများစွာနဲ့ ရက်ပေါင်းများစွာနေရတာတွေကို နှစ်တွေကြာလာတာတောင် ကျနော် ခံနိုင်ရည်မရှိသေးဘူးလေ။

YOU ARE READING
Unexpected Love(Completed)
Romanceကျေးဇူးပြုပြီး အဆုံးထိစီးမျောပေးပါ လူသားဆန်မှု၊တစ်ဦးအပေါ်တစ်ဦး လေးစားမှု၊နားလည်မှု၊ချစ်ခြင်းတရားတွေနဲ့ ဝန်းရံထားတဲ့ မိသားစုဘဝကို သဘောကျနှစ်သက်မိပါလိမ့်မယ်။