၁၅မိနစ်လောက် ကားမောင်းပြီးတော့ မားကတ်တစ်ခုကို ရောက်တယ်
တရုတ်ဆိုင်တစ်ဆိုင်ဝင်ပြီး တရုတ်စာအချို့ မှာစားရင်း နေရာသစ်ကို စူစမ်းနေရတယ်"ညီ..စားလို့အဆင်ပြေလား
နေရာသစ်ဆိုတော့ နည်းနည်းတော့ အခက်အခဲရှိမှာပဲ၊သည်းခံပေးနော်
တဖြည်းဖြည်းအဆင်ပြေလာမှာပါ""ပြေပါတယ်ဗျ
ကိုယံရော ဘယ်လိုမျိူးတွေ ကြိုက်တတ်တာလဲ
ပြောပြထားဦးနော်၊အဲ့ဒါမှ ကျနော် ဘာဝယ်ရမလဲ စဥ်းစားနိုင်မှာ""ကိုယ်က ဘာဖြစ်ဖြစ် အဆင်ပြေတယ် ညီရ
ဘယ်ဟာမဆို စားလို့ အဆင်ပြေရင် စားလိုက်တာမျိုး
ဒီမှာ အနေကြာတော့လည်း ဒီကအစားအသောက်တွေနဲ့ နေသားကျလာတာပဲ
တစ်ခါတစ်လေတော့ မြန်မာအစားအစာတွေကို သတိရတဲ့အချိန်မျိုးလည်း ရှိတာပေါ့""အဲ့လို စားချင်လာရင်ရော ကိုယံဘယ်လိုဖြေရှင်းလဲဗျ"
"အဟွန်း သူငယ်ချင်းတွေနဲ့ ဘားသွားပြီး သောက်လိုက်တယ်လေ"
ကျနော့်အဖြေကို အလိုမကျသလို မျက်မှောင်ကုပ်သွားတဲ့ ကောင်လေးကြောင့်၊တလွဲတွေးမှာစိုးလို့ ဆက်ရှင်းပြရတယ်
"ဒီလိုလေ ညီရ
ကိုယ်က တစ်ယောက်တည်းသမား၊များသောအားဖြင့်က ဆေးရုံကန်တင်းမ်မှာပဲ စားဖြစ်တာ
နားရက်တွေမှာလည်း ဖြစ်သလိုပဲစားဖြစ်တာကများတယ်
တစ်ခါတစ်လေ မုန့်ဟင်းခါးစားချင်တာ၊တို့ဟူးနွေးစားချင်တာမျိုး ရှိပေမယ့်၊လုပ်ရမှာတွေများတော့ တကူးတက လုပ်မစားဖြစ်တော့ဘူးလေ
အဲ့စိတ်တွေလည်းပျောက်၊အပန်းဖြေပြီးသားလည်း ရအောင် Liamတို့၊Jamesတို့နဲ့ ဘားသွားပြီး သောက်လိုက်ကြတာပဲ
မူးပြီးမှောက်သွားတော့ ဘာမှမသိတော့ဘူးလေ
အိမ်ပြန်ရောက်တော့လည်း၊နောက်ရက်တစ်ရက်လုံးက အရက်နာကျလို့ အိပ်ရင်း ပြီးသွားတာ
နောက်ရက် အလုပ်ပြန်ဆင်းတော့ အလုပ်ရှုပ်ရင်းပဲ ဘာစားချင်မှန်းကို မသိတော့တာ
အဲ့လို၊အဲ့လို"စားချင်တာမေ့ဖို့ ဘားသွားအရက်သောက်တဲ့ လူကို အံ့သြတကြီးကြည့်နေမိရင်း အတွေးဝင်လာမိတယ်၊တတ်နိုင်သလောက် ချက်ပြုတ်ကျွေးဖို့
YOU ARE READING
Unexpected Love(Completed)
Romanceကျေးဇူးပြုပြီး အဆုံးထိစီးမျောပေးပါ လူသားဆန်မှု၊တစ်ဦးအပေါ်တစ်ဦး လေးစားမှု၊နားလည်မှု၊ချစ်ခြင်းတရားတွေနဲ့ ဝန်းရံထားတဲ့ မိသားစုဘဝကို သဘောကျနှစ်သက်မိပါလိမ့်မယ်။