"Morning ငယ်"
'ရွှတ်'ကိတ်မုန့်အတွက် လိုအပ်တာတွေပြင်ဆင်နေတုန်း ခါးဆီရောက်လာတဲ့ လက်တွေနဲ့အတူ၊ပါးပြင်ပေါ်ရောက်လာတဲ့ အနမ်းနွေးနွေးတွေ
ဖက်ထားသူကို လည်ပြန်ကြည့်ကာ မေးဖျားကိုခက်ဖွဖွပြနမ်းရင်းပဲ"Morning ကိုကိုး
မွေးနေ့မှာ ပျော်ရွှင်ပါစေဗျာ""အဟွန်း ကျေးဇူးပါဗျာ
ငယ်နဲ့သားနဲ့ရှိနေတဲ့ မွေးနေ့က ဆုတောင်းစရာမလိုဘဲကို ပျော်ရွှင်ရပြီးသား
ငယ်လုပ်ပေးတဲ့ကိတ်လေးနဲ့တင် ကိုကိုးမွေးနေ့က အားလုံးပြည့်စုံနေပြီ""အဟင်း ပြီးတော့လည်း ကိတ်က ကိုကိုး မြင်ပဲမြင်လိုက်ရမှာ၊ကိုကိုးရဲ့ပန်းသီးလုံးကပဲ စားသွားမှာ"
"ဟား အေးကွာ၊နောက်ဆုံးတော့ ကိုကိုးက နာမည်ခံဖြစ်ဦးမှာပဲ
ကိုကိုး ဘာကူလုပ်ပေးရမလဲ၊ပြော""ဘာမှမလုပ်ပေးပါနဲ့၊မနက်စာလည်း ပြင်ပြီးသား
ကိုကိုးသား နိုးရင်သာ အနွေးထည်ထူထူကို သေချာလေးဝတ်ပေးလိုက်
အဲ့ကောင်လေးဟာ ဒီလောက်အေးနေတာကို အနွေးထည်ဝတ်ရမှာကြောက်နေတာ စဉ်းစားလို့ကိုမရဘူး""အဟွန်း ငယ့်သားက သူအအေးခံရင် snowmanဖြစ်သွားမယ်ပဲ ထင်နေတာလေ၊စပိုက်ဒါမန်းကြည့်ပြီးကတည်းက ရောဂါတက်နေတာ"
ကိုကိုးအပြောကြောင့် သူသဘောတကျရယ်မိရသည်။ပင့်ကူအကိုက်ခံရရင် စပိုက်ဒါမန်းဖြစ်တာ၊သူလည်း အအေးခံလိုက်ရင် စနိုးမန်းဖြစ်မှာပဲလို့ ဆက်စပ်တွေးခေါ်လိုက်တဲ့သားဟာ ကျွန်တော်တို့အလစ်မှာ အနွေးထည်ခဏ၊ခဏချွတ်ပစ်လို့ ဆူရတာလည်း ခဏခဏ။
အရွယ်အားဖြင့်လည်း ၄နှစ်ဖြစ်နေပြီမို့ အရာရာ သူသိသူတတ်၊သူလုပ်တာမှအမှန်ဆိုတဲ့ ပြောမကောင်းဆိုမကောင်း အရွယ်လေးလည်း ဖြစ်လို့နေပါပြီ။ပဲကလည်းများ၊အသန့်ကလည်းကြိုက်သည့်သားဟာ မူကြိုမှာလည်း ကောင်မလေးတွေ ဝိုင်းဝိုင်းလည်နေတာပဲလို့ သူ့ဆရာမတွေက ပြောတာခဏခဏပါပဲ။"လီယိုနဲ့မိုလီလည်း ထမလာသေးဘူးနော်၊အိပ်နေကြတုန်းလား"
![](https://img.wattpad.com/cover/276248822-288-k450913.jpg)
YOU ARE READING
Unexpected Love(Completed)
Romanceကျေးဇူးပြုပြီး အဆုံးထိစီးမျောပေးပါ လူသားဆန်မှု၊တစ်ဦးအပေါ်တစ်ဦး လေးစားမှု၊နားလည်မှု၊ချစ်ခြင်းတရားတွေနဲ့ ဝန်းရံထားတဲ့ မိသားစုဘဝကို သဘောကျနှစ်သက်မိပါလိမ့်မယ်။