Extra(Happy Nay Zayan's Day)

6.6K 431 22
                                    

"ငယ်... ကိုကိုး နောက်ထပ်တွန်းလှည်းတစ်စီးသွားယူလိုက်ရမလား"

"ကိုကိုးနော် လူကိုမရွဲ့နဲ့၊လိုတာတွေ ဝယ်နေတာလေ၊အပိုဝယ်နေတာမှမဟုတ်တာ"

အပိုမဝယ်ဘူးဆိုသူက အိမ်မှာထားလို့တောင့်မဆံ့တော့မဲ့ ပန်းကန်တွေ၊ကော်ဖီခွက်တွေကို တစ်ခုပြီးတစ်ခု ခြင်းထဲကောက်ထည့်နေတာ ဆိုင်ပြန်ဖွင့်လို့ရတော့မည်။
သူ့ကိုရွဲ့ပြောတော့လည်း နည်းနည်းလေးမှမကြိုက်၊နှုတ်ခမ်းကမသိမသာစူချင်ပြီး မကျေမနပ်အကြည့်တို့ကလည်း တစ်ခါတည်းပါလာပြီးသား

"ဖေ့ Appleဗိုက်ဆာ"

"အေး ဖေဖေလည်းဆာနေပြီ၊ခဏသည်းခံထားဦး သား"

"ပါပါးက ဘာလို့အဲ့လောက်အကြာကြီးဝယ်နေရတာလဲ"

"သိချင် ကိုယ်တိုင်မေးကြည့်လိုက်လေ"

"ဟွန့် မေးပါဘူး၊ပါပါး ကောက်ကောက်ဖြစ်သွားမှာ"

၄နှစ်အရွယ်သားက အသိတွေပိုကြွယ်၊စကားတွေပိုတတ်လာပြီဖြစ်သလို လူကြီးတွေရဲ့အထာကိုလည်း နပ်နေပါပြီ။အထူးသဖြင့် ကျန်တဲ့အချိန်မှာ တည်ငြိမ်အေးဆေးလှတဲ့ သူ့ပါပါးက ဒီလိုစျေးဝယ်ချိန်မှာ သူ့အလိုမလိုက်ရင် ကလေးပေါက်စကိုပါ စိတ်ကောက်တတ်မှန်း သားပေါက်စကကောင်းကောင်းသိနေပြီ။

"အံမယ် သူ့ကိုကျကောက်မှာကြောက်တယ်၊ဖေဖေ့ကိုကျ ကောက်ပါစေ မေးလိုက်ပေါ့ ဟုတ်လား"

"ဟီးဟီး ဖေဖေကချော့နေကျပဲကို၊ခုလည်းချော့ပေါ့"

"ဟိုသားအဖနှစ်ယောက် တိုးတိုး တိုးတိုးနဲ့ သူများအတင်းပြောနေကြတာမလား"

ကလေးထမင်းဘူးတွေကို လက်ထဲကိုင်ပြီး သားအဖနှစ်ယောက်ကို တရားခံစစ်သလိုမျက်လုံးနဲ့ ကြည့်လာတာမို့ ပြိုင်တူပခုံးတွန့်ရင်း အကြည့်ချင်းဆုံလိုက်မိတာ မတိုင်ပင်ထားပါဘဲ။

"လူကို လာပြောင်မနေကြနဲ့၊ဒီမှာ ထမင်းဘူးလာကူရွေးပေးကြဦး
သား ဘယ်ဟာကြိုက်လဲ ကြည့်ဦး"

တနေကုန်မူကြိုသွားနေပြီဖြစ်တဲ့သားကို ထမင်းဘူးတွေမျိုးစုံဝယ်ပေးပြီး မျိုးစုံစီစဉ်ပေးတဲ့ငယ်၊
မူကြိုက နေ့လည်စာကျွေးတာကိုပင် အဆာပြေမုန့်၊သစ်သီးတွေကို အမျိုးမျိုးအလှဆင်ပြီး ထည့်ပေးချင်တာလည်း သားအပေါ်မှာထားသည့် ငယ့်ရဲ့မေတ္တာစိတ်ပဲမို့ ကျွန်တော်မတားဆီးနိုင်။

Unexpected Love(Completed)Tempat cerita menjadi hidup. Temukan sekarang