နှင်းရာဇာ တဖြည်းဖြည်းဆုတ်ခွာတဲ့ နွေဦးပေါက်စ မတ်လဟာ အအေးမကြောက်တဲ့သူအတွက်ဆို ဂျာကင်ဂျက်ကပ်တစ်ထည်နဲ့ မြို့အနှံ့ခြေဆန့်ဖို့ သက်သောင့်သက်သာရှိလှပါတယ်။နေ့တံပြန်ရှည်လာပြီဖြစ်တဲ့ ဒီလိုအချိန်က ပွင့်လင်းရာသီရဲ့အစဖြစ်သလို ခရီးသွားတွေ တဖွဲဖွဲ လာကြတဲ့ အချိန်လည်းဖြစ်တယ်။
တစ်ချို့နေရာတွေမှာ နှင်းတွေထူထပ်နေတုန်းပေမယ့် လန်ဒန်ကတော့ အရင်နှစ်တွေကထက် နှင်းသိမ်းတာပိုမြန်သွားတယ်လို့ ကိုယံကပြောပြတယ်။ဘယ်လောက်ပဲ နှင်းတောထဲနေရတာ ကြိုက်ကြိုက်၊နေ့တဓူဝ နှင်းတောထဲရုန်းကန်နေရတော့လည်း လူက ညည်းငွေ့တာပါပဲ။ဒီနေ့တော့ နှင်းကျတာနည်းသွာပြီမို့ စက်ဘီးစီးလို့ကောင်းတဲ့ အခြေအနေမှာ ဖြစ်နေပြီ။
လီယိုတစ်ကောင်လည်း နှင်းတွေမရှိတော့လို့ ခြံထဲဆင်းပြီး ပတ်ဝန်းကျင်ကို လေ့လာနေပြီ။
ဒင်းကလေးက နွေဦးရောက်လို့ ပြန်ထွက်လာကြတဲ့ ငှက်လေးတွေ၊ရှဥ့်လေးတွေ အစာလာစားတာကို နှောင့်ယှက်လို့ ကျနော့်မှာ ဆူရသေးတယ်။ခဏခဏချောင်းပြီး အကောင်လေးတွေကို လိုက်ခုတ်နေလို့ ကျနော့်မှာ အပင်တွေပြန်ပြုပြင်ရင်း သူ့ကိုအော်ငေါက်နေရတယ်
"ဟေး လီယို၊သူတို့ကိုနှောင့်ယှက်နေရင် ခဏနေအပြင်သွားရင် မင်းကိုမခေါ်ဘူးနော်"
လေသံမာမာနဲ့ လှမ်းအော်လိုက်တော့ ခုတ်ဖို့ဟန်ပြင်နေတဲ့ ခြေလှမ်းတွေတုံ့လို့ လူကိုကြည့်ပြီး တညှောင်ညှောင်အော်နေသေးတယ်
"ပြန်ပြောမနေနဲ့ ငါ့ကောင်၊သူတို့ လွတ်လွတ်လပ်လပ်စားပါစေ...သွား အိမ်ထဲဝင်နေတော့
မဟုတ်ရင် အပြင်မခေါ်ဘူးနော်"ထပ်ဆူလိုက်တော့ လူဆီပြေးလာပြီး ခြေထောက်ကို ခေါင်းနဲ့ပွတ်ရင်း လာချွဲနေတယ်
"ဟေး လီယိုကို မနိုင်ပြန်ဘူးလား သားလေးရေ"
ဟိုဖက်ခြံကနေ လှမ်းအော်တဲ့အဘိုးကြောင့် သူ့ကိုမနိုင်ကြောင်းတွေ ဖောက်သည်ချတော့ ကျနော့်ကို မကျေနပ်သလိုကြည့်ပြီး အိမ်ထဲဝင်သွားတယ်။ဒီကောင်လေးက ငလည်ပါဆို၊မသိတာ၊နားမလည်တာ ဘာမှမရှိ။
အဘိုးနဲ့အချိန်အတော်ကြာ စကားပြောပြီးတော့ နှုတ်ဆက်ပြီး အိမ်ထဲပြန်ဝင်လို့ အပြင်သွားဖို့ပြင်ရတယ်။
အပြင်ဆိုတာလည်း တစ်ခြားမဟုတ်၊ဟိုဖက်လမ်းက petshopမှာ လီယို့ဖို့ လိုတာတွေသွားဝယ်ပေးဖို့ရယ်၊သစ်ပင်မျိုးစေ့တစ်ချို့ဝယ်ဖို့ရယ်ပါပဲ။

YOU ARE READING
Unexpected Love(Completed)
Romanceကျေးဇူးပြုပြီး အဆုံးထိစီးမျောပေးပါ လူသားဆန်မှု၊တစ်ဦးအပေါ်တစ်ဦး လေးစားမှု၊နားလည်မှု၊ချစ်ခြင်းတရားတွေနဲ့ ဝန်းရံထားတဲ့ မိသားစုဘဝကို သဘောကျနှစ်သက်မိပါလိမ့်မယ်။