ဒီနေ့ အလုပ်သွားဖို့အတွက် စိတ်ထဲမှာ တော်တော်လှုပ်ရှားနေတယ်။အကြောင်းကတော့ ကျနော့်ကို စူးစူးစိုက်စိုက်လိုက်ကြည့်တတ်တဲ့ ဟိုရွှေဝါရောင် ဂျင်ဂျာကြောင်လေးကို တွေ့မလားဆိုတဲ့ အတွေးကြောင့်ပါ။ကိုယံ့ဆီက ခွင့်ပြုချက်လည်း ရပြီဆိုတော့ သူသာလိုက်လာရင် အိမ်ခေါ်ပြီး မွေးစားထားလို့ရပြီ။
ဒီလိုနှင်းတွေကျပြီး အေးခဲနေတဲ့အချိန်မှာ သူ့ကို ဇိမ်ကျကျနွေးနွေးထွေးထွေးလေး နေစေချင်တယ်။ဘယ်လိုရေစက်လဲတော့မသိ၊အိမ်ပြေးကြောင်လေးတွေ ပေါလှတဲ့ ဒီမြို့မှာ ထိုကြောင်ကိုမှ ရွေးပြီး မြင်မြင်ချင်းသံယောဇဥ်ဖြစ်မိနေတယ်။ဒီနေ့ထပ်တွေ့ရင်တော့ ခေါ်ကြည့်ဖို့ အပီအပြင်ဆုံးဖြတ်ထားတယ်။
ကိုယံက ဒီတစ်ပါတ် ညဂျူတီဝင်ရမယ့် အလှည့်ဆိုတော့ မထသေးဘဲ အိပ်နေဆဲပဲ။
ကျနော်ကတော့ နှစ်ယောက်မနက်စာစားဖို့ ပေါင်မုန့်မီးကင်ခြင်းနဲ့ကော်ဖီနှပ်ခြင်းအမှုကို ပြုနေတာပါ။ပြီးတော့ ကိုယံ့အတွက် ကညွှတ်ကြော်နဲ့ ဆယ်လ်မွန်ငါးကို ဆီနည်းနည်း၊ရေနည်းနည်းနဲ့ အိုးပူတိုက်ပေးလိုက်တယ်။Saladကတော့ နှစ်ယောက်လုံးအကြိုက်မို့ ဖန်ဇလုံအကြီးကြီးထဲမှာ
ဆလပ်အစုံ၊cherry tomato,cucumber,avocado,carrotတွေကို dressingနဲ့ နယ်ပြီး တနေကုန်စားကြတာမို့ မပါမဖြစ်လုပ်ရတယ်။ကိုယံဆိုတာ တစ်ခါတစ်လေ နေ့လည်စာကို ထမင်းမစားဘဲ၊ Saladတစ်မျိုးတည်း စားတတ်တဲ့အထိ သူက ကြိုက်တာ။
အားလုံးပြင်ပြီးတော့ ၈နာရီ။အခန်းထဲပြန်ဝင်တော့ ကိုယံက အိပ်ပျော်နေတုန်း။ ပြုံးယောင်သမ်းနေတဲ့မျက်နှာ၊ယောက်ျားပီသတဲ့ နှုတ်ခမ်းထူထူရဲရဲနဲ့ နှာတံချွန်ချွန်တွေက အိပ်နေတာတောင် အချောမပျက်စေဖို့ သူ့ကို ပံ့ပိုးထားပုံရပါတယ်။
ချောနိုင်လွန်းသူကို နှာခေါင်းရှုံ့ကြည့်ရင်း ရေချိုးခန်းဝင်ရတယ်။
ခဲမတတ်အေးနေပေမယ့် ကလေးတွေနဲ့နေချိန်မှာရော၊အတန်းတက်တဲ့ အချိန်မှာရော ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့က ရေချိုးမှဖြစ်မယ်လေ။သွေးပူလေ့ကျင့်ခန်းလုပ်ပြီး ရေပူဖွင့်၊ဘုရားတရင်း ရေချိုးရတယ်။
ပြန်ထွက်လာတော့ အိပ်နေတဲ့ ကိုယံ့ကို နှိုးဖို့ပြင်ရတယ်။မဟုတ်ရင် ကျနော်သွားတောင် သူနိုးမှာ မဟုတ်တော့ဘူး။မနှိုးဘဲ တိတ်တိတ်လေးထွက်သွားတာမျိုးကို သူမကြိုက်ဘူး။ကျန်တာတွေမှာ စိတ်မဆိုးတတ်ပေမယ့် မနက်စာအတူမစားဘဲ သွားတာမျိုးကို စိတ်ဆိုးတတ်တဲ့သူမို့ နှိုးမှရမယ်။
ညစ်ကျယ်ကျယ်ပေါ်လာတဲ့ အတွေးကြောင့် လက်ကရေစက်လက်တွေကို မျက်နှာပေါ်အသာတို့လိုက်တယ်။အေးလွန်းလို့ထင်ပ၊ရှုံ့ခနဲမဲ့သွားတဲ့ မျက်နှာနဲ့ မျက်လုံးတွေ ဖွင့်လာတယ်။

YOU ARE READING
Unexpected Love(Completed)
Romanceကျေးဇူးပြုပြီး အဆုံးထိစီးမျောပေးပါ လူသားဆန်မှု၊တစ်ဦးအပေါ်တစ်ဦး လေးစားမှု၊နားလည်မှု၊ချစ်ခြင်းတရားတွေနဲ့ ဝန်းရံထားတဲ့ မိသားစုဘဝကို သဘောကျနှစ်သက်မိပါလိမ့်မယ်။