ကိုယံ ညဂျူတီသွားရတဲ့ တစ်ပါတ်တာမှာ
ကျနော်လည်း ညဖက်တွေ ပန်းချီဆွဲဖြစ်တယ်။
ကိုယံကတော့ ကျနော် အဲ့လိုနေတာကို မကြိုက်ပေမယ့် အတင်းအကြပ်တော့ မပြောရှာပါဘူး။
အရမ်း ညနက်တဲ့အထိ မဆွဲဖို့၊ကျန်းမာရေးထိခိုက်အောင် မလုပ်ဖို့ပဲ ပြောတတ်တယ်။
ကျနော်ကလည်း ကိုယံပြန်လာမှ ကိုယံ့ရင်ခွင်ထဲဝင်ပြီး အိပ်ရေးဝအောင် ပြန်အိပ်တာ အကျင့်ဖြစ်နေပြီ။
နိုးလာရင် နှစ်ယောက်အတူ ချက်ပြုတ်စားပြီး
ကိုယံက စက်ဘီးနင်း၊ကျနော်က ရှေ့ဘားတန်းမှာ ထိုင်ရင်း အနီးနားက ပန်းခြံဖက်ဆီ သွားတာမျိုး
ကော်ဖီီဆိုင်ထိုင်တာမျိုး လုပ်ကြတယ်။
ဒီနေ့တော့ ကျနော့်ရဲ့ ပန်းချီကားတွေ ပြီးသွားသလို ကိုယံရဲ့ နားရက်လည်းဖြစ်တော့ နှစ်ယောက်သား ခြံထဲက သစ်ပင်အောက်မှာ အခင်းခင်းပြီး အနားယူဖို့ပြင်ကြတယ်။
အသီးပန်းကန်နဲ့ဝိုင်ခွက်တွေယူပြီး ကိုယံထွက်လာတော့ ဖုန်းပြောနေတဲ့ ကျနော့်ကိုမြင်ပြီး တိတ်တိတ်လေး ထိုင်ပေးရှာတယ်။ပန်းချီကားတွေ ပြီးသွားတဲ့အကြောင်း ရန်ကုန်က သူငယ်ချင်း 'မြတ်သူ'ဆီ ပြောရင်း၊ပြပွဲနေ့မှာ လူကိုယ်တိုင်လာဖို့ ပြောနေတာကြောင့် ကိုယံနဲ့တိုင်ပင်ဦးမယ်လို့ ပြောနေတာပါ။
ဖုန်းချပြီးမှ"သူငယ်ချင်းလား ငယ်"
"ဟုတ် ကိုယံ၊ဆွမ်းကျွေးတုန်းက လာတဲ့တစ်ယောက်လေ"
"သြော် ဟို ပန်းချီဆရာလေး၊သိပြီ သိပြီ
အခု ဘာအကြောင်းထူးလို့လဲ ငယ်""ကျနော်ဆွဲထားတဲ့ ပန်းချီတွေ ပြီးသွားတာ ပြောရင်း၊ပွဲနေ့မှာ ပြန်လာနိုင်ရင် ပြန်ခဲ့ဖို့ ပြောနေတာ
မဟုတ်ရင်တော့ Cargoနဲ့ဖြစ်ဖြစ် ပို့ရမှာပေါ့""သြော် ပြပွဲကဘယ်တော့လဲ"
"၁၀လပိုင်းမှပါ"
"အင်း၊ငယ်ပြန်ချင်လည်း ကိုယ်စီစဥ်ပေးပါ့မယ်
အိမ်ကလူကြီးတွေနဲ့လည်း တွေ့ရတာပေါ့
ကိုယ်ကတော့ လိုက်ဖို့အဆင်ပြေမှာ မဟုတ်ဘူး""ဟုတ်၊ကျနော်လည်း စဥ်းစားနေတုန်းပါ
သေချာမသိသေးပါဘူး ကိုယံ"
YOU ARE READING
Unexpected Love(Completed)
Romanceကျေးဇူးပြုပြီး အဆုံးထိစီးမျောပေးပါ လူသားဆန်မှု၊တစ်ဦးအပေါ်တစ်ဦး လေးစားမှု၊နားလည်မှု၊ချစ်ခြင်းတရားတွေနဲ့ ဝန်းရံထားတဲ့ မိသားစုဘဝကို သဘောကျနှစ်သက်မိပါလိမ့်မယ်။