Episode20

29.1K 1.9K 87
                                    

မနက်ဖြန် ​ဂေဟာက အဘိုးအဘွား​တွေနဲ့က​လေး​တွေဖို့ မုန့်​​လေး​တွေကို ဘူး​တွေနဲ့ခွဲထည့်​နေတုန်း
deliveryကုမ္ပဏီက အိမ်​ရှေ့​ရောက်​တော့မယ်ဖြစ်​ကြောင်း ဖုန်းလာလို့ အဆင်သင့်ထုတ်ထားတဲ့ ပုံးကိုမပြီး အိမ်အပြင်ထွက်​စောင့်​နေလိုက်တယ်။
​ကျောင်းက သူငယ်ချင်း​တွေဆီ အမှတ်တရပို့​ပေးမှာမို့ delivery​​ခေါ်ထားတာပါ။အားလုံးစီကို လိုက်ပို့ဖို့ ကိုယ်တိုင်လည်း အချိန်မ​​​ပေးနိုင်တာ​​ကြောင့် ကိုယံ​ပေးတဲ့အကြံအတိုင်း deliveryနဲ့ ပို့ခိုင်းဖို့ ဖြစ်လာတာပါ။
မ​နေ့ကတ​နေ့လုံး လုပ်ထားတဲ့မုန့်​တွေကို ဘူး​လေး​တွေနဲ့​သေချာထည့်ပြီး စာ​လေး​တွေ​ရေး​ပေးနဲ့ အလုပ်ရှုပ်​နေခဲ့တာ။ခရစ္စမတ်သစ်ပင်​တောင် ကိုယံအလုပ်မသွားခင် နှစ်​ယောက်အတူ ပြီး​အောင်ဆင်လို့ လှလှ​လေး ပြီးသွားခဲ့တာ။

အ​ရေး​ပေါ်ခွဲစိတ်စရာ​ပေါ်လာလို့ အိမ်ပြန်လမ်းတစ်ဝက်​က​နေ ​ဆေးရုံကို ပြန်​လှည့်​ပြေးရတဲ့ ကိုယံက​တော့ ​ဒီ​နေ့​​နောက်ကျမှပြန်​ရောက်​တော့မယ် ထင်တယ်။ညလည်း ဂျူတီပြန်​ပြေးရဦးမှာမို့ ကိုယံ​တော့ ပင်ပန်း​နေ​တော့မှာပဲလို့ ​တွေးရင်း စိတ်မ​ကောင်းဖြစ်ရတယ်။
​ကားကို ပစ္စည်းအပ်ပြီး​ ခြံထဲပြန်ဝင်​​တော့ ​ဘေးခြံက အဖိုးထွက်လာတာ​တွေ့လို့ အဖွား​နေ​ကောင်းလား​မေးရင်း မုန့်လာပို့မယ်ဖြစ်​ကြောင်း စကားပါးဖြစ်​တော့ ကြက်ဆင်တစ်​ကောင် ပိုကင်ထား​မှာမို့ ကိုယ်တိုင်မလုပ်​တော့ဖို့ အဖိုးက ​ပြောတယ်။တစ်ကယ်က လုပ်ဖို့ကို​မေ့​နေတာ ကျ​​နော်ပါ။တစ်​ယောက်တည်း မုန့်လုပ်ချင်၊ကိတ်ဖုတ်ချင်၊ပြီး​တော့ ကိုယံမသိ​အောင် လက်​ဆောင်ပစ္စည်း​တွေ တိတ်တိတ်မှာပြီး မသိ​အောက်ဖွက်ဖို့ပဲ အာရုံ​တွေများ​နေခဲ့တာမို့ ကြက်ဆင်ဝယ်ဖို့ကို​တောင် သတိမရ။ကိုယံက​တော့ ကျ​​နော် ဒီလို​တွေ တကုပ်ကုပ်လုပ်​နေတာ​တောင် မကြိုက်တဲ့သူမို့ သတိမရတာပို​ကောင်းတယ်ဆိုပြီး သတိ​ပေးမှာမဟုတ်ဘူး။သိပ်ဆိုးတဲ့ ကိုယံပါ။

အဖိုးကို နှုတ်ဆက်ပြီး အိမ်ထဲပြန်ဝင်လာ​​တော့ ​လှေကား​ခြေရင်းက ခရစ္စမတ်ပင်နားမှာ ပတ်​ပေးထားတဲ့ မာဖလာလှလှနဲ့ မိန့်မိန့်ကြီးထိုင်​နေတဲ့ လီယို။ကြည့်ရတာ ဒီ​ကောင်​လေးက အရင်တည်းက ခရစ္စမတ်ပွဲ​တွေနဲ့ တရင်းတနှီးရှိပုံ​ပေါ်သလို သူလည်း ကြိုက်ပုံရတယ်။
မနက်ဖြန်အတွက် မုန့်ဖုတ်ဖို့ ပြင်​ရမှာမို့ မီးဖိုဆီ သွား​တော့ ​နောက်က ထလိုက်လာတယ်။
ကိုယံသာသိရင် မနက်၉နာရီ​ကျော်တဲ့ထိ ဘာမှမစားရ​သေးတဲဲ့ ကျ​နော့်ကို ​ဆူပူ​​နေဦးမယ်။

Unexpected Love(Completed)Where stories live. Discover now