မနက်ဖြန်က ရန်ကုန်ကိုပြန်ရမယ့်နေ့
မီးငယ်ဖို့ အရုပ်မျိုးစုံရော၊လူကြီးတွေဖို့လက်ဆောင်တွေရော ဝယ်ထားပြီး၊ထုပ်ထားပြီးပြီ။
ခဏနေ ကိုယံ ဆေးရုံကပြန်လာရင် မိုလီနဲ့လီယို့ကို စားစရာအပြည့်အစုံနဲ့ အိုဒင့်အိမ်ကို သွားပို့ရမယ်။ဟိုမှာက ကြောင်အဖော်လည်းရှိသလို၊Elsaကလည်း အမြဲလိုလိုလာနေတတ်တာမို့ စိတ်ပူစရာမရှိဘူး။
Luggageတွေကို အခန်းထောင့်မှာစီချနေတုန်း
ကိုယံပြန်ရောက်လာတယ်။"အားလုံးထည့်ပြီးပြီပေါ့ ငယ်"
"ဟုတ် ကိုး၊အားလုံးရယ်ဒီပဲ
လီယိုနဲ့မိုလီကို သွားပို့ဖို့ပဲကျန်တော့တယ်""အဟွန်း..အိုခေဗျာ၊သွားကြစို့ မိုလီရေ၊ဒီ၁လအတွင်း ကောင်းကောင်းနေရမယ်နော်"
ခြေထောက်နားရပ်နေတဲ့ မိုလီ့ကိုပွေ့ချီရင်း စကားပြောတော့ နားလည်သလိုကြည့်နေရှာတယ်။
ဒီလောက်အကြာကြီး မထားခဲ့ဘူးတော့ ခွဲရမှာလည်း စိတ်မကောင်းဖြစ်မိတယ်။ဖြစ်နိုင်ရင်ခေါ်သွားချင်ပေမယ့် ဆေးစစ်ချက်တွေရော၊တစ်ခြားက်စ္စတွေရောနဲ့ အလုပ်ရှုပ်မှာမို့ ခေါ်သွားဖို့က အဆင်မပြေလို့ အိုဒင့်ဆီပဲပို့ခဲ့ရတာပါ။ညရောက်တော့ ရင်ခွင်ထဲကကောင်လေးက တလှုပ်လှုပ်နဲ့၊စိတ်လှုပ်ရှားပြီး အိပ်မပျော်ဖြစ်နေပုံရတယ်။
"စိတ်တွေလှုပ်ရှားနေတာလား ငယ်""ဟီး၊ဟုတ်တယ်..ပြန်ရဖို့နီးလေ လူက ဂဏာမငြိမ်ဖြစ်လာလေပဲ"
"အဟွန်း..မြန်မာပြည်ပြန်ရောက်ရင် ဘာလုပ်ချင်လဲ၊ဘာစားချင်လဲ ငယ်"
"အွန်း...ရွှေတိဂုံဘုရားကိုသွားဖူးမယ်၊မမချက်ကျွေးတဲ့ မုန့်ဟင်းခါး၊အုန်းနို့ခေါက်ဆွဲ၊အသုပ်စုံတွေ စားမယ်၊ပြီးတော့ ကြေးအိုးဆီချက်စားမယ် ဟီး"
"ဟားဟား..ငယ့်အစီအစဥ်တွေက စားမယ့်ဟာတွေချည်းပဲကွာ"
"အံမယ်..ဒါက ရန်ကုန်အတွက် ပလန်ပဲရှိသေးတယ်နော်၊တောင်ကြီးရောက်ရင်လည်း ထပ်စားဦးမှာ"
YOU ARE READING
Unexpected Love(Completed)
Romanceကျေးဇူးပြုပြီး အဆုံးထိစီးမျောပေးပါ လူသားဆန်မှု၊တစ်ဦးအပေါ်တစ်ဦး လေးစားမှု၊နားလည်မှု၊ချစ်ခြင်းတရားတွေနဲ့ ဝန်းရံထားတဲ့ မိသားစုဘဝကို သဘောကျနှစ်သက်မိပါလိမ့်မယ်။