တအီအီအော်ရင်း မူးနေတဲ့အမူးသမားလေးက အိမ်ရောက်တော့ မျက်လုံးတွေပြူးပြဲပြီး ဖွင့်ကြည့်လာတယ်။
"နိုးပြီလား အရက်သမား ဟမ်"
သူ့ခေါင်းကိုပုတ်ရင်း ပြောတော့ မကျေနပ်သလို နှုတ်ခမ်းစူထော်ပြီး မဖွင့်နိုင်တဲ့မျက်လုံးတွေကို ပေစောင်းစောင်းလုပ်ရင်း လူကိုကြည့်လာတာ အသဲယားစဖွယ်အတိ။
ခြုံပေးထားတဲ့ အနွေးထည်ကို သေချာပြန်ပြင်ပေးပြီး ကျောပိုးတော့လည်း အလိုက်သင့်ပါလာတယ်။
တံခါးဖွင့်လို့ အထဲဝင်တော့ ဆိုဖာပေါ်မှာခွေနေတဲ့ လီယိုက အော်ရင်း ပြေးလာတယ်။
ကြည့်ရတာ သူ့ကိုထားပြီး ဒီအချိန်ထိ ဘယ်သွားနေကြတာလဲလို့ ဆူချင်နေပုံပဲ"မျှော်နေတာလား လီယိုရေ၊ဒီမယ် မင်းပါပါး သကြားဖေဖေကြီး မူးပြီးရှယ်အမ်းနေလို့...အား လား လား"
စကားတောင်ဆုံးအောင် မပြောလိုက်ရဘူး၊ပုခုံးကိုကုန်းကိုက်လိုက်တာ ကုန်းပိုးခေါ်လာတဲ့ မျက်နှာမှမထောက်
"ခွေးပေါက် ဘာလို့ကိုက်တာလဲ၊အမူးပြေနေပြီပေါ့ ဟုတ်လား"
"မမူးဘူး၊ကျနော်က ဘယ်တုန်းကမူးနေလို့လဲ
လူကိုများ သကြားဖေဖေတွေဘာတွေ လာပြောနေသေးတယ် ဟွန်း"ဘယ်တုန်းကမှမမူးလို့သာဘဲ၊မူးများမူးရင် အင်္ကျီတွေ၊ဘောင်းဘီတွေတောင် ပြန်ပါမှာမဟုတ်ဘူးဆိုတဲ့ စကားကိုတော့ စိတ်ကူးထဲကပဲ ပြောလိုက်ပါတယ်
တော်ကြာ သူ့အစွယ်ချွန်ချွန်တွေနဲ့ အကိုက်ခံနေရဦးမယ်
အနွေးထည်ကလည်း သူ့ပေးထားတာမို့ လူက ဆွယ်တာအပါးပဲရှိတာ၊သူ့ အကိုက်စကေးလ်တွေထပ်ပြရင် နာရချည်ရဲ့"ကိုး ကျနော်အန်ချင်တယ် မရတော့ဘူး
ဝေါ့ ဝေါ့""Wth ငယ်ရေး..."
တစ်လမ်းလုံးကားစီးလာတဲ့အချိန်ရယ်၊လှေကားပေါ်တက်တော့ သူ့ကို လှုပ်ချသလိုဖြစ်တာရယ်ကြောင့် ငမူးအချွဲက အခန်းထဲမရောက်ခင် ရှယ်ပလန်နဲ့အန်ချပါတယ်။
ဝမ်းသာစရာက ထီပေါက်သွားတာ ကျနော်တစ်ယောက်ထဲမဟုတ်ဘဲ ဘေးကနေတကောက်ကောက်လိုက်နေတဲ့ လီယိုလည်း ပါတယ်ဆိုတာပါပဲ။
သူ့ပေါ်အရည်တွေကျလို့ လန့်ဖျပ်အော်ပြီး အမွှေးတွေကို ခါပါတော့တယ်
YOU ARE READING
Unexpected Love(Completed)
Romanceကျေးဇူးပြုပြီး အဆုံးထိစီးမျောပေးပါ လူသားဆန်မှု၊တစ်ဦးအပေါ်တစ်ဦး လေးစားမှု၊နားလည်မှု၊ချစ်ခြင်းတရားတွေနဲ့ ဝန်းရံထားတဲ့ မိသားစုဘဝကို သဘောကျနှစ်သက်မိပါလိမ့်မယ်။