မနက်၆နာရီပဲရှိသေးပေမယ့် မုန့်ဟင်းခါးချက်မယ့် ဆရာကြီးက တက်တက်ကြွကြွကို ပြင်ဆင်နေပါတော့တယ်။
သူတစ်ယောက်ထဲတော့မဟုတ်ဘူး၊ကျနော့်ကိုပါ
သူ့ကို ကြည့်ကူပါဆိုပြီး အိပ်ရာထဲကထခိုင်းပြီး
မီးဖိုးခန်းထဲဆွဲခေါ်လာတာကြက်သွန်နီတန်ခိုးနဲ့ မျက်ရည်ကျနေတဲ့ ကောင်လေးလက်ထဲက ဓါးကိုဆွဲယူပြီး အခွံသင်ပေးဖို့ ပြင်ရတယ်
မွှန်ထူပြီး မျက်လုံးမဖွင့်နိုင်ဘဲ လက်ဓါးရှမိမှ ကျနော် ရင်ကျိုးရဦးမယ်
ကျနော်ပြောပါတယ်၊လူနာတွေရဲ့ ရင်ဘတ်ကို ဓါးနဲ့ခွဲဖို့ လက်မတွန့်ပေမယ့်၊ငယ့်လက်ချောင်းလေးကိုတော့ ဓါးရှရာတောင် အထင်မခံစေချင်ပါဘူးဗျာ။
ပိုတယ်ထင်လည်း ပိုတယ်ပေါ့ဗျာ
ဒါမျိုးက ကြုံဖူးမှ နားလည်တာမျိုးပဲလေဗျနှစ်ယောက်သား လက်တည့်စမ်းပြီး ဟိုမွှေဒီထည့်လုပ်ပြီး နောက်မှာတော့ ပွက်ပွက်ဆူနေတဲ့ ဟင်းရည်အိုးက မုန့်ဟင်းခါးရည်ရုပ်တော့ ပေါက်လာပါတယ်။
ကြိုပြုတ်ထားတဲ့ ကြက်ဥတွေကို တစ်ကျော့ပြန်ထည့်ပြီး အိုးကြက်ဥလုပ်ရတယ်။
ဘဲဥရှားတဲ့အရပ်မှာ ကြက်ဥကိုပဲ ဘဲဥအသွင်ပြောင်းရင်း စားရတော့မှာပဲ၊မတတ်နိုင်ဘူး။မုန့်ဖတ်တွေကို ဇကာနဲ့စစ်နေတုန်း ဟင်းရည်ဇွန်းကို တဖူးဖူးမှုတ်ပြီး ပါးစပ်နားတေ့ပေး၊မြည်းကြည့်ခိုင်းတဲ့ ကောင်လေး
စပါးလင်နံ့မွှေးမွှေးနဲ့ ငါးအရသာအပြည့် မုန့်ဟင်းခါးက ငယ့်ရဲ့ကြိုးစားမှုတွေ အရာထင်တယ်ပဲပြောရမယ်"Woow sound good ငယ်
တစ်ကယ်ကြီးမိုက်"တထင့်ထင့်ဖြစ်နေတဲ့စိတ်က မျက်လုံးပြူး၊လက်မထောင်ပြီး ချီးကျူးနေတဲ့ ကိုယံ့ကြောင့်
Master chefမှာ အေပရွန်ရလိုက်တဲ့ ပြိုင်ပွဲဝင်လို ခံစားလိုက်ရတယ်"ဟီး တစ်ကယ်နော် ကိုယံ
သူတို့ရောကြိုက်လောက်ပါ့မလား""တစ်ကယ်ပါကွာ၊သူတို့လည်း ကြိုက်မှာ မပူနဲ့
တစ်ချိန်လုံး ကိုယ့်ကို နားပူနေခဲ့ကြတာ၊ကိုယ်က လုပ်မကျွေးလို့ သူတို့မစားရတာ
အခုမှ သူတို့ဂွင်တွေ့တာ"
YOU ARE READING
Unexpected Love(Completed)
Romanceကျေးဇူးပြုပြီး အဆုံးထိစီးမျောပေးပါ လူသားဆန်မှု၊တစ်ဦးအပေါ်တစ်ဦး လေးစားမှု၊နားလည်မှု၊ချစ်ခြင်းတရားတွေနဲ့ ဝန်းရံထားတဲ့ မိသားစုဘဝကို သဘောကျနှစ်သက်မိပါလိမ့်မယ်။