တောင်ကြီးရောက်တာ ၄ရက်မြောက်မှာ
မေနန်းချက်ကျွေးတဲ့ ရှမ်းအစားအစာတွေ စားလိုက်၊ငယ်တို့ ခြံတွေ၊စိုက်ခင်းတွေဆီသွားလိုက်၊ဘုရားအစုံဖူးလိုက်နဲ့ တော်တော်နှံ့စပ်နေပါပြီ။
တောင်ကြီးညစျေးကိုလည်ရင်း နှစ်ယောက်သား မုန့်တွေလျှောက်စားကြသလို၊အခန်းထဲမှာတင် ငယ် ပီယာနိုတီးပြတာကို နားထောင်ရင်းလည်း အချိန်ကုန်ဖြစ်ကြတယ်။
မနက်ဖြန်မနက်တော့ အစောထပြီး အင်းလေးရေပေါ်စျေးဖက်ကို အလည်သွားဖို့စီစဥ်ထားတယ်။
အွန်လိုင်းပေါ်မှာတွေ့ရတဲ့ ရေပေါ်စျေးက နာမည်ကြီး အစားအစာတွေကိုလည်း မြည်းစမ်းချင်သေးတယ်။Plastic freeကို ဦးတည်တဲ့ရည်ရွယ်ချက်ရှိတဲ့ ထိုစျေးကို ကျနော်သဘောကျစိတ်ဝင်စားတာ ဟိုမှာတည်းကပဲ။ဘိုးဘွားအမွေအနှစ်တွေကို မတိမ်ကောမပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ချင်ကြတဲ့ သူတို့စိတ်ဓါတ်တွေကိုလည်း သဘောကျတယ်။
ဝရံတာမှာ မတ်တပ်ရပ်ရင်း ခြံထဲမှာ ဘကြီးထွန်းတို့နဲ့ စကားပြောနေတဲ့ ငယ့်ကိုကြည့်မိတယ်။
ဘာတွေပြောလို့ရယ်နေမှန်းမသိပေမယ့် ငယ်က ရယ်လိုက်ရင် သိပ်လှတာတော့ ကျနော်သိတယ်။
ဆွယ်တာလက်ရှည်အနီရဲရဲနဲ့ ရယ်မောနေတဲ့ငယ့်ကြောင့် နှင်းဆီရဲရဲတွေတောင် အရောင်မှိန်ကုန်ပြီထင်ပ။
ခဏကြာတော့ မေနန်းကထွက်ခေါ်လို့ ငယ် တိုက်ထဲပြန်ဝင်လာတယ်။ငါးထမင်းနယ်၊အာလူးထမင်းနယ်တွေ လုပ်ပြီးလို့ ငယ့်ကို ထွက်ခေါ်တာနေမယ်။သိပ်မကြာပါဘူး တံခါးဖွင့်သံနဲ့အတူ လင်ဗန်းကိုင်ထားတဲ့ ငယ်တစ်ယောက်ဝင်လာတယ်။
"ကိုး မုန့်ရပြီ၊ဝရံထာမှာပဲစားမလား၊ဒီလာမလား""ဒီယူခဲ့လေ ငယ်၊ဒီနားမှာ နေလို့ကောင်းတယ်"
"ဝေါင်း အနံ့ကရှယ်ပဲကွာ..ဗိုက်တွေတောင်ဆာလာပြီ"
"မေနန်းလက်ရာကို မြည်းကြည့်ပြီးရင် ပိုပြီးကြွေသွားမယ်၊ကျနော်ဆို ဆိုင်တွေမှာစားလေ့မရှိဘူး၊မေနန်းလုပ်ကျွေးတာပဲ စားတာ"
ငယ် ပြောသလိုပါပဲ၊အချိုမှုန့်မပါတဲ့ ငါးအချိုသပ်သပ်နဲ့ ငါးထမင်းနယ်ရော၊မွှေးနေတဲ့ အာလူးထမင်းနယ်ရောက တစ်ကယ်ကို ကောင်းတာပါ။
YOU ARE READING
Unexpected Love(Completed)
Romanceကျေးဇူးပြုပြီး အဆုံးထိစီးမျောပေးပါ လူသားဆန်မှု၊တစ်ဦးအပေါ်တစ်ဦး လေးစားမှု၊နားလည်မှု၊ချစ်ခြင်းတရားတွေနဲ့ ဝန်းရံထားတဲ့ မိသားစုဘဝကို သဘောကျနှစ်သက်မိပါလိမ့်မယ်။