ကျနော့်ရဲ့ စိတ်တိုမှု၊မျက်နှာတည်မှု၊စကားစပ်မိတိုင်း အဲ့လိုအတွေးတွေဝင်ရလားဆိုပြီး ဆူပူမှုတွေဟာ တနင်္ဂနွေမှာ ငယ့်ကို Asia martကို စျေးဝယ်ဖို့လိုက်ပို့ရင် ကျနော်ပြန်အရစ်ခံရမယ့် အလှည့်ဆိုတာသိရင် အပြင်သွားရအောင်လို့ လျှာမရှည်ဘဲ အိမ်မှာတင်နေမိမှာပါ။
နေကောင်းခါစ စိတ်ပြေလက်ပျောက်ဖြစ်အောင် အပြင်ခေါ်ထုတ်လာမှ စိတ်မပြေဘဲ ကောက်စိန်ငယ်လေးဖြစ်အောင် ဖန်တီးပေးသွားတဲ့ ကံကြမ္မာကိုပဲ အပြစ်တင်ရတော့မှာပဲ။ပြန်လာတည်းက စကားတစ်ခွန်းမှမပြောတော့ဘဲ
တစ်ဖက်အလုပ်ခန်းထဲဝင်သွားတာ ခု ညစာစားချိန်ရောက်တဲ့ထိထွက်မလာတော့တာပဲ။
စိတ်ကောက်နေလားမေးရင်လည်း မဟုတ်ပါဘူးလို့ မျက်နှာသေနဲ့ဖြေတာ တစ်လမ်းလုံးပါပဲ။
ရှင်းပြဖို့ပြင်ရင်လည်း နားမထောင်ချင်ပါဘူး၊စိတ်ထဲမယ် ဘာမှမရှိပါဘူးလို့ ဖြေသေးတာ။
တစ်ကယ်ပါ၊မျက်လွှာချ၊နှုတ်ခမ်းစူပြီး တစ်လမ်းလုံး တရားမှတ်နေသလို မလှုပ်မယှက်လိုက်လာတာ၊အရင်က snackတွေဝယ်ပြီး တဂျွတ်ဂျွတ်တဂျွမ်းဂျွမ်းနဲ့ စားတတ်တဲ့ကောင်လေးက သူမဟုတ်သလိုပါပဲ။ငယ်ကြိုက်တဲ့ whipped creamနဲ့ဘယ်ရီသီးကို ပန်းကန်လုံးထဲထည့်၊အစေ့အဆံမျိုးစုံကို အပေါ်ကထပ်ဖြူးပြီး မျက်နှာချိုသွေးရင်း ချော့ဖို့ အပေါ်ထပ်ကိုတက်ပြီး တံခါးခေါက်တော့
"ဘယ်သူလဲ"
ခွီး၊လူနှစ်ယောက်၊ကြောင်တစ်ကောင်သာရှိတဲ့အိမ်မှာ တံခါးခေါက်တဲ့လူကို ဘယ်သူလဲမေးတာတော့ တော်တော်စားနေပြီမဟုတ်လား
ရယ်မိရင်လည်း ပိုကောက်ကွေးသွားဦးမှာမို့
ချော့ဖို့ပဲပြင်ရတယ်"ကိုမြတ်သော်ကအမျိုးသားပါခင်ဗျာ"
"အမျိုးသားကမရှိတော့ဘူး၊သူ့ exနောက်ပါသွားလား၊ဘားက ကောင်မလေးနောက် ပါသွားလားမသိဘူး"
ဟိုက်၊ဒါကြီးက တော်တော်ကို စိတ်ဆိုးနေမှန်း ဗေဒင်ပြေးမေးစရာမလိုဘဲ သိသာနေပြီ
YOU ARE READING
Unexpected Love(Completed)
Romanceကျေးဇူးပြုပြီး အဆုံးထိစီးမျောပေးပါ လူသားဆန်မှု၊တစ်ဦးအပေါ်တစ်ဦး လေးစားမှု၊နားလည်မှု၊ချစ်ခြင်းတရားတွေနဲ့ ဝန်းရံထားတဲ့ မိသားစုဘဝကို သဘောကျနှစ်သက်မိပါလိမ့်မယ်။