ဧည့်ခန်းထဲမှာ ထိုင်နေကြတဲ့လူ ၃ယောက်ကို တစ်ချက်ဝေ့ကြည့်ပြီး အသံထွက်တယ်ဆိုရုံလေး ဟတ်ခနဲ ရယ်ကာ ခုံအလွတ်တစ်လုံးတွင် ခပ်ဆောင့်ဆောင့် ဝင်ထိုင်လိုက်သည်
မျက်ခုံးတွေကို တွန့်ချိုးထားပြီး မျက်နှာကြောကိုရနိုင်သလောက် တည်တင်းထားလိုက်သည်'' ပျော်နေနိုင်သေးတာလား Appa ''
အေးစက်စက်နဲ့ ခပ်တင်းတင်းလေးထွက်လာတဲ့စကားသံကြောင့် သူနဲ့မျက်နှာချင်းဆိုင်က လူတစ်ယောက်ကသူ့ကို ဖျက်ခနဲစိုက်ကြည့်လာတာကို သိလိုက်ပေမယ့် မမြင်ချင်ယောင်ဆောင်ကာ Appa မျက်နှာကိုပဲ ကြည့်နေလိုက်သည် သူ့စကားကြောင့်
ဘာလှုပ်ခပ်မှုတစ်စုံတရာမှ မရှိသွားသော Appa သည် သူ့လက်ကိုတော့ ခပ်နွေးနွေးဆုပ်ကိုင်လာခဲ့ပါသည်'' သားလေး Appa ဆီရောက်လာတာ မပျော်ပဲနေပါ့မလား ဒီမှာ Jinလေးနဲ့လည်း အဖော်ရှိတယ် ဟိုကွန်ဒိုကြီးမှာ သားလေးတစ်ယောက်တည်းလေ ''
Jin လေး... Jin လေး တဲ့လား
နောက်မိန်းမရဲ့ မယားပါသားလေးကို ခေါ်နေပုံက...စပ်ဖျင်းဖျင်းလေးဖြစ်သွားသော စိတ်ခံစားချက်နဲ့အတူ ရှေ့က မယားပါသားဆီ မျက်လုံးရောက်သွားတော့ သူ့ကိုအခုထိကြည့်နေဆဲဖြစ်သောလူနဲ့ မျက်လုံးချင်းတည့်တည့်ဆုံသွားတယ်
မျက်နှာမလွှဲပဲတည်တည်ငြိမ်ငြိမ်နဲ့ သူ့ကိုသေချာစိုက်ကြည့်နေတဲ့ မယားပါသားဆီက အရှိန်အဝါတစ်ခုက ဘာမှန်းမသိပဲ သေးသိမ်သွားစေသလိုပဲမို့ မျက်မှောင်ကိုပိုတွန့်ပြီး ပြန်စိုက်ကြည့်လိုက်သည်
လက်ရှိစိတ်အခြေအနေတွေ ခံစားနေရတာတွေကြောင့် အပြင်ရုပ်ပိုင်းဆိုင်ရာမှာ အတတ်နိုင်ဆုံးမျက်နှာကျောကိုတည်ပြီး အကျောတင်းထားပေယ့် ရင်ထဲမှာပြိုလဲပြီး အလိုလိုဝမ်းနည်းအားငယ်နေတာတော့ ဘယ်သူမှမသိ
''Kim Seokjin ပါ ''
အပြုံးအရယ်လည်းမရှိ ဘာခံစားချက်မှမရှိ သူ့လိုဒေါသထွက်ရင်းဝမ်းလည်းနည်းနေတဲ့ အရောင်ပြေးမျက်ဝန်းတွေလည်းမရှိ ..
အေးဆေးသက်သာစွာနဲ့ပဲ သူ့ကိုယ့်သူ စတင်မိတ်ဆက်လာသည့် မယာပါသား....
YOU ARE READING
သံယောဇဉ်အကျဥ်းသား (Taejin)
Fanfictionနမ်းလိုက်တိုင်း အဲ့နှုတ်ခမ်းတွေက ချိုနေတာသိပေမယ့်လည်း.... သူ့ရင်ဘတ်ထဲမှာ လာခါးသည်။ အရိုင်းဆန်တဲ့အထိအတွေ့တွေပါ ဆိုတာတောင်မှ နွံထဲမှာရုံးတဲ့နွားလို နစ်ပြီးရင်းနစ်နေတာ.... သွေးရူးသွေးတန်းထွက်ပြေးလိုက်တိုင်း ဒီရင်ခွင်ရှိရာ အရပ်ကိုပဲမျက်စိလည်ပြီး ပြန...