အပိုင်း (19)

1.3K 154 14
                                    

တစ်ညလုံးမအိပ်ပဲ အရိပ်တကြည့်ကြည့် ထိုင်ကြည့်နေရင်း အဖျားတွေထပ်တတ်လာတဲ့အခါ Tae Hyung က ရေချိုးခန်းထဲအမြန်ပြေးကာ ဇလုံလေးတစ်ခုထဲရေထည့်ပြီး အဖျားကျစေရန်ရေပတ်တိုက်ဖို့ စောင်ကို ဆွဲဖယ်လိုက်တော့လည်း ချမ်းတယ်ဆိုပြီး ပြန်ဆွဲထားခဲ့တာမို့ ပေါ်ရုံသာပေါ်နေသော နဖူးလေးတွေကိုပဲ ချော့ပြီး ရေပတ်တိုက်ပေးရသည်။ သူသာအနားမှာ ရှိမနေရင် တစ်ယောက်တည်း ဘယ်လိုများနေလိမ့်မလဲ...။

ရေပတ်တိုက်ပေးနေရင်း လူးလွန့်ကာ တစ်ချက် တစ်ချက် ရင်ခွင်ထဲကို ပိုတိုးတိုးဝင်လာသောသူကြောင့် သိပ်အလုပ်မတွင်ပေမယ့် တစ်ခါတိုးဝင်လာတိုင်း တစ်ခါ တိုးကပ်ပြီးဖတ်ထားပေးရတာ ရင်ဘတ်ထဲထိအောင်ရောက်တော့မယ်..။ ဖြစ်နိုင်ရင်တောင် ရင်ဘတ်ထဲထည့်ပြီး နှလုံးသားနေရာလေးမှာ Kim Seok Jin ကို အစားထိုးထည့်ဖွက်ထားပစ်ချင်တဲ့ သူ...။ Kim Seok Jin ကမှ Tae Hyung ရဲ့တကယ့်နှလုံးသားစစ်စစ်လေး...။

" Hyung...."
'' အင်း....."
" အဆင်ပြေလား Hyung.. အရမ်းချမ်းနေလား ဟင်"
" အင်း..."

ပါးလေးကိုဖွဖွလေး ပုတ်ပြီးလည်း ခေါ် ခေါ်ကြည့်ရတာ သူ့ ရင်ခွင်ထဲက Hyung တစ်ခုခုဖြစ်သွားမှာကြောက်လို့.. ။
ရေပတ်တိုက်ပေးထားတာတောင် အပူချိန်ကတော်တော်နဲ့ ကျမသွားသေးတာမို့ စိတ်တွေလည်းပူနေကာ မျက်ရည်ကဝဲနေပြီ...။
အနားမှာ ဘယ်သူမှမရှိတဲ့ဘဝနဲ့ ရှင်သန်လာရသူကို မချစ်ချင်ယောင်ဆောင် ဒဏ်ခတ်ပစ်လိုက်မိပြီးမှ ရလာတဲ့နောင်တတွေ...။

" ပစ်ထားလိုက်မိလို့ တောင်းပန်ပါတယ် Hyung ရယ်..."

ပြန်ထူးပေမယ့် မျက်လုံးတွေဟာ နည်းနည်းလေးတောင် ဖွင့်မကြည့်ပဲ Tae Hyung လက်မောင်းကိုခေါင်းအုံးဖို့ အတင်းထပ်တိုးလာတာမို့ လက်တစ်ဖတ်က အလိုက်သင့်လေး Seok Jin ခေါင်းကို ပြန်ဖတ်ထားရင်း တိုက်လက်စရေပတ်အဝတ်နဲ့ ရေဇလုံကို မှောက်ကျသွားမှာစိုးလို့ တခြားလက်တစ်ဖတ်နဲ့ပဲ ကုတင်ပေါ်ကနေ ခက်ခက်ခဲခဲဖယ်ရသည်။ ပြီးတော့မှ တစ်ကိုယ်လုံးကို သိမ်းကြုံးဆွဲဖတ်လိုက်ကာ နွေးထွေးနေအောင် ရင်ခွင်ထဲ​ပြန်ထည့်ထားလိုက်ရသည်။

" နောက်ဆို ထွက်မသွားခိုင်းတော့ပါဘူး Hyung ကိုနာကျင်အောင်လည်း မလုပ်တော့ပါဘူး "

သံယောဇဉ်အကျဥ်းသား (Taejin)Where stories live. Discover now