"မင်း... ငါ့ကို ဘယ်လိုပြန်ချော့မှာလဲ..."
" ဘယ်လိုလေးပြန်ချော့စေချင်လဲ... "
" Companyမှာ တစ်ပတ်တိတိအလုပ်လာဆင်းပြီး အဲ့ဒီပိုက်ဆံတွေကိုပြန်ရှာပေး"
" အဲ့လောက်ပိုက်ဆံလေးနဲ့ ဘာဖြစ်သွားမှာလဲ တခြားဟာတောင်းဆိုလေ Hyungရာ... ရင်ခုန်စရာလေးတခုခုပေါ့"
" Companyကို တစ်ပတ်လောက် မrunပဲ ပိတ်ပစ်လိုက်တာနဲ့တင် ရင်တွေပါတုန်နေပြီသား"
" ကဲ... ဒီနားကိုလာ အရင်ဆုံး ကျွန်တော်ကဖတ်ထားပေးမယ်"
" သွား... လာမဖတ်နဲ့"
စိတ်ကောက်ချင်နေယောင် ဆက်ဆောင်ချင်သူသည် သူ့ကိုဖတ်ဖို့လှမ်းလာတဲ့ Tae Hyungလက်ကို ပုတ်ထုတ်လိုက်ပေမယ့် နှုတ်ခမ်းမှာပေါ်မှာတော့ အပြုံးလှလှတွေ အစီအရီ...။
" ဘယ်ကိုသွားရမှာလဲ Hyungရင်ခွင်ကလွဲရင် ကျွန်တော့မှာသွားစရာမှမရှိတာ..."
ကုတင်ပေါ်မှာ နှစ်ယောက်သားယှဥ်လှဲနေရင်းမှ မဆိုသလောက်လေးချွဲကြည့်ကာ Seok Jinခန္ဓာကိုယ်ကိုအတင်းဆွဲပြီးလက်မောင်းပေါ်ခေါင်းအုံးစေကာ လက်နှစ်ဖတ်လုံးနဲ့ခန္ဓာကိုယ်ကို ကျစ်နေအောင်ဖျစ်ညှစ်ဖတ်ထားပစ်လိုက်သည်။
ခြေထောက်တွေကပါခွဖိထားပြီး မျက်နှာကိုပါ ရင်ခွင်ထဲထည့်ဖွက်လိုက်တော့ Tae Hyungမျက်နှာအောက်ထဲ တိုးဝင်သွားတဲ့ Seok Jinခေါင်းပေါ်က ဆံပင်စလေးတွေကို မြတ်မြတ်နိုးနိုးငုံနမ်းသည်။
" Hyungလည်း ဘယ်မှသွားဖို့မကြိုးစားနဲ့..."
" မွန်းတယ်လို့..."
" ဖတ်ထားမှာပဲ"
" ငါ အသက်ရှုကျပ်နေပြီ~~ "
ဖျစ်ညှစ်ဆွဲဖတ်ထားတဲ့ ခန္ဓာကိုယ်သည် ရင်ခွင်ထဲမြှုပ်ဝင်လုမတတ်အထိဖြစ်နေလည်း ဖတ်ထားရုံနဲ့အားမရနိုင်ပဲ Seok Jinကိုသိပ်ချစ်လွန်းလို့ အကောင်လိုက်တောင် မျိုချထားပစ်လိုက်ချင်နေသည်။
"ထပ်ပြီး စိတ်ဆိုးရဲဆိုးကြည့် တစ်ခါတည်း ဝါးစားပစ်လိုက်မယ်"
" အာ.... အာ အရိုးတွေကျိုးတော့မယ် နာတယ် "
" ချစ်လိုက်တာ Hyungရယ်..."
YOU ARE READING
သံယောဇဉ်အကျဥ်းသား (Taejin)
Fanfictionနမ်းလိုက်တိုင်း အဲ့နှုတ်ခမ်းတွေက ချိုနေတာသိပေမယ့်လည်း.... သူ့ရင်ဘတ်ထဲမှာ လာခါးသည်။ အရိုင်းဆန်တဲ့အထိအတွေ့တွေပါ ဆိုတာတောင်မှ နွံထဲမှာရုံးတဲ့နွားလို နစ်ပြီးရင်းနစ်နေတာ.... သွေးရူးသွေးတန်းထွက်ပြေးလိုက်တိုင်း ဒီရင်ခွင်ရှိရာ အရပ်ကိုပဲမျက်စိလည်ပြီး ပြန...